သမီးဖြစ်သူကလည်း ပျော်ပျော်ရွှင်ရွှင်ပါပဲ။

ပါတီပွဲမှာ ပျော်ပျော်ရွှင်ရွှင်ရှိနေကြတဲ့ အမ်မာနဲ့ သူမရဲ့မိဘနှစ်ပါး

 

စေ့စပ်ပွဲနဲ့ လက်ထပ်ပွဲအတွက်ပဲ လူတွေက ပါတီပေးကြပေမဲ့ ကွာရှင်းပြတ်စဲမှုအတွက် ပါတီပေးတယ်ဆိုတာ မရှိသလို လမ်းခွဲခြင်းတွေကလည်း နာကျည်းမှုတွေ၊ ဝမ်းနည်းမှုတွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။ ဒါပေမဲ့ အမ်မာဘာဆီရာရဲ့ မိဘနှစ်ပါးကတော့ ပျော်ပျော်ရွှင်ရွှင်ပဲ သူတို့ရဲ့အိမ်ထောင်ရေးကို အဆုံးသတ်ခဲ့ကြသူတွေပါ။

သူတို့နှစ်ဦး လမ်းခွဲတဲ့အထိမ်းအမှတ်အဖြစ် မိသားစုနဲ့ မိတ်ဆွေတွေကို ဖိတ်ကြားလို့ ပါတီကြီးတစ်ခု ပေးခဲ့ကြတာဖြစ်ပါတယ်။

 

သူတို့ရဲ့သမီး အမ်မာက မိဘနှစ်ပါးရဲ့ ကွာရှင်းပြတ်စဲမှုပါတီက ဓာတ်ပုံတွေကိုတောင် တွစ်တာကနေ မျှဝေခဲ့ပါသေးတယ်။ ပါတီပွဲအပြီးမှာ သူတို့ရဲ့ကွာရှင်းပြတ်စဲမှုကို ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့တယ်လို့ အမ်မာက ဆိုပါတယ်။

[No available link text] 

အမ်မာကိုယ်တိုင်က မိဘနှစ်ပါးရဲ့ ကွာရှင်းမှုအပေါ် ခံစားချက်တစ်စုံတရာမပြသဘဲ ပါတီက ဓာတ်ပုံတွေကို ဝေမျှခဲ့တဲ့ သူမရဲ့ တွစ်တာပို့စ်ကို Like လုပ်သူ ၁၆၃,၇၀၀ ကျော်ရှိခဲ့ကာ ပြန်လည်ဝေမျှသူ ငါးသောင်းကျော် ရှိခဲ့ပါတယ်။

 

 အမ်မာရဲ့ပို့စ်နဲ့ ပါတီပွဲရဲ့ဓာတ်ပုံတွေက ကြည့်ရှုသူတွေကို ကွာရှင်းပြတ်စဲခြင်းဆိုတာ ထင်သလောက် ဆိုးရွားလွန်းတဲ့ အရာမဟုတ်ဘူးဆိုတဲ့အတွေး ဖြစ်ပေါ်စေခဲ့ပါတယ်။

 

တချို့ကတော့ ဒီကိစ္စကို ရယ်စရာအဖြစ် မမြင်နိုင်ကြပေမဲ့ ရန်တွေဖြစ် ငိုယိုပြီး လမ်းခွဲတာထက်စာရင် အခုလို ပျော်ပျော်ရွှင်ရွှင်နဲ့ လမ်းခွဲကြဖို့ ဆုံးဖြတ်လိုက်ခြင်းဟာ လေးစားစရာကောင်းတယ်လို့ ယူဆမိပါတယ်။

Source & Photos : Metro

Share

Loading Next Article...
က္က