သူစိတ်ဝင်စားပြီး သင်လည်း သိတဲ့ နယ်ပယ်မျိုးကိုပြောရင်း ရင်းနှီးမှု ယူလို့ရပါတယ်။
 

တစ်ယောက်ယောက်က ဖိတ်တာကြောင့် ပွဲတစ်ခုကို ရောက်သွားပါတယ်။ ဒါပေမဲ့ အဆိုပါ ပွဲမှာ သင့်ကို ဖိတ်တဲ့လူတစ်ယောက်ကိုပဲ သင်က သိနေတယ်ဆိုရင် ကြောင်တောင်တောင် နိုင်ပါတယ်။ ဒီအခါမှာ ခင်မင်တဲ့ သူငယ်ချင်းသစ်တွေ လွယ်လွယ်ကူကူ ရလာစေမယ့် နည်းလေး တွေရှိပါတယ်။

၁ - အရမ်းခင်ချင်သူ

အရင်ဆုံး လုံးဝမလုပ်သင့်တဲ့ အရာကိုသိထားဖို့လိုပါတယ်။  ပါတီပွဲကြီးတွေမှ မဟုတ်ဘဲ သာမန်လေးငါးယောက်လောက်ဆုံတွေ့တဲ့ ပွဲတွေမှာလည်း မလုပ်သင့်ပါဘူး။ ဒါကတော့ အရမ်းခင်ချင်သူ ပုံစံမျိုး လုပ်တာ ဖြစ်ပါတယ်။ သင့်ရဲ့ ခင်မင်လိုတဲ့ အမူအရာတွေက သာမန်ထက်ကိုပိုပြီး လူကြားထဲမှာ ထင်းနေတာမျိုးပါ။ ဒီလိုသင်လုပ်နေတာကြောင့် သင့်ကိုဖိတ်ခဲ့တဲ့ သင့်သူငယ်ချင်းလည်း နေရခက်သလို အခြားသူစိမ်းတွေမှာလည်း ဘယ်လို့တုံ့ပြန်ရမှန်း မသိဘဲ ဖြစ်နေတတ်ပါတယ်။ စတွေ့ချိန်မှာ အရမ်းကြီးခင်လိုကြောင်း ပြဖို့ မလိုပါဘူး။

 

၂ - စကားအစ

ပွဲမှာ ဘယ်သူနဲ့မှ သိမနေတာက သင့်ရဲ့ အခွင့်အရေးပဲ ဖြစ်ပါတယ်။ လူတိုင်းနဲ့ သင်မိတ်ဆက်ခွင့်ရှိနေပါတယ်။ မိတ်ဆက်တဲ့အခါ သင့်ကိုဖိတ်ခဲ့တဲ့လူကို အကြောင်းပြုပြီး စလို့ရပါတယ်။ သင့်ကို ဖိတ်တဲ့လူက "အောင်" ဆိုရင် "ကျွန်တော် ကိုအောင် သူငယ်ချင်းပါ၊ အလုပ်မှာ ခင်တာပါ၊ ခင်ဗျားရော သူနဲ့ ဘယ်လိုသိတာလဲ " ဆိုတာမျိုးနဲ့ စလို့ရပါတယ်။ ကိုအောင်နဲ့ သိတာကြာပြီလား၊ ကိုအောင့်သူငယ်ချင်းတွေ ဒီညတော်တော်များတယ်နော် စတဲ့ စကားတွေနဲ့ ပြောသွားလို့ရပါတယ်။

၃ - စကား

နောက်ပိုင်းမှာတော့ သူစိတ်ဝင်စားပြီး သင်လည်း သိတဲ့ နယ်ပယ်မျိုးကိုပြောရင်း ရင်းနှီးမှု ယူလို့ရပါတယ်။ နှစ်ယောက်စလုံး စိတ်ဝင်စားတဲ့ နယ်ပယ်ကိုရောက်လာပြီဆိုရင်တော့ သူ့ကို များများ ပြောခိုင်းပါ။ သူ့အကြောင်းများများပြောခွင့်ပြုလေ ကောင်းလေပါပဲ။ လူတိုင်းက ကိုယ့်အကြောင်းကိုယ် ပြောချင်ပါတယ်။ ဟုတ်တယ်၊ မဟုတ်ဘူးပဲ ဖြေလို့ရတဲ့ မေးခွန်းတွေအစား ကျယ်ကျယ်ပြန့်ပြန့် သူ့ဘက်က ဖြေလို့ရမယ့် မေးခွန်းတွေ မေးရမှာလည်း ဖြစ်ပါတယ်။

 

၄ - ဟန်အမူအရာ

သင့်ကို စကားပြောချင်ရင် လာပြောလို့ရမယ့် ဟန်ပန်အနေအထားမျိုး ရှိဖို့လည်း လိုပါတယ်။ ကြည့်လိုက်တာနဲ့ မှုန်ကုတ်ပြီး စကားပြောလို့ အဆင်ပြေမယ့်ပုံစံမဟုတ်ဘူးလို့ တစ်ဖက်က ထင်နေလို့ မရပါဘူး။ အကောင်းဆုံးကတော့ သင့်မျက်နှာမှာ အပြုံး မကြာခဏရှိနေဖို့ ဖြစ်ပါတယ်။

၅ - ကိုယ်နေဟန်ထား

ကိုယ်စကားပြောမယ့်လူနဲ့ မျက်နှာချင်းဆိုင်မှာ မရပ်ပါနဲ့။ ၄၅ ဒီဂရီလောက်မှာ ရပ်ပါ။ လက်ပိုက်တာ၊ လက်နှစ်ဖက်ကို ဆုပ်ကိုင်တာမျိုးတွေ မလုပ်ပါနဲ့။ ထိုင်နေတဲ့အခါ ခြေချိတ်ထိုင်တာမျိုး အတတ်နိုင်ဆုံး မလုပ်ပါနဲ့။စကားပြောတဲ့အခါ မျက်လုံးချင်းလည်း ကြည့်ပေးပါ။ ပွဲထဲမှာ ဖုန်းပဲ ပွတ်နေတာမျိုးလည်း မလုပ်ပါနဲ့။

 

၆ - မှန်

တစ်ဖက်လူက သက်သောင့်သက်သာနဲ့ ခုံကိုမှီပြီး ပြောနေတယ်ဆိုရင် သင်လည်း ခုံကိုမှီလို့ရပါတယ်။ သင်လည်း သက်သောင့်သက်သာ အနေအထားရှိနေတယ်လို့ တစ်ဖက်က ခံစားရအောင်ပါ။ တစ်ဖက်က စိတ်လှုပ်ရှားတဲ့ အသံနဲ့ ပြောတယ်ဆိုရင် သင်လည်း အဆိုပါနှုန်းအတိုင်း လိုက်ပြောပေးပါ။ ဒီလို တစ်ဖက်လူရဲ့ ပုံစံအတိုင်း လိုက်လျောညီထွေလိုက်နေတာဟာ သင့်ကို သူတို့ရဲ့ မသိစိတ်မှာ ချစ်ခင်လာစေပါတယ်။

Photos & Source: Primer

Share

Loading Next Article...
က္က