ကောင်လေးမိဘတွေက သူတို့သားနဲ့ ရင်းရင်းနှီးနှီး ပတ်သက်နေတဲ့ သင့်ကို မနာလိုတာ၊ သူတို့ဆီက သင်ခိုးယူနေတယ်လို့ ခံစားနေရတာတွေ ရှိနေတတ်ပါတယ်။
 

၁ - အကြီးဆုံး အမှား

ကောင်လေး မိဘတွေနဲ့ အဆင်မပြေဘူးဆိုသူတွေ အများဆုံးကျူးလွန်တတ်တဲ့ အမှားတစ်ခုရှိပါတယ်။ ဒါကတော့ သူတို့ဟာ ကောင်လေးမိဘတွေရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်ချင်တာပါ။ ဒီလိုဖြစ်လို့  ဘယ်လိုမှ မရနိုင်ပါဘူး။ ကောင်လေးမိဘတွေရဲ့ သဘောကျမှုကို အရမ်းလိုချင်တာ၊ ကောင်လေးမိဘတွေ သဘောကျလာဖို့ အသည်းအသန်အားထုတ်တာတွေကို လုံးဝမလုပ်သင့်ပါဘူး။ ဒီလို အားထုတ်တဲ့ အပြုအမူတွေဟာ ဟန်ဆောင်နေတာ၊ မရိုးသားတာလို့ တစ်ဖက်က တွက်တတ်ပါတယ်။

တကယ်လုပ်ရမှာက သူတို့ကို အမှန်တကယ်လေးစားပါ၊ ယဉ်ကျေးပါ။ ဒီလို လေးစားယဉ်းကျေးမှုနဲ့ပဲ ချည်းကပ်သင့်ပါတယ်။

၂ - တကယ်ဂရုစိုက်ရမယ့် လူ

2016-12-20---Not-interested-Guy_main.jpg 

သင်တကယ်ဂရုစိုက်ရမှာက သင့်ကောင်လေး ဖြစ်ပါတယ်။ သင့်ကောင်လေးနဲ့ ပတ်သက်ပြီး သင့်ဘက်က ဘယ်လိုမျှော်လင့်တယ်၊ ဘယ်လိုတန်ဖိုးထားတယ်၊ ဘယ်လိုဂရုစိုက်တယ်ဆိုတာတွေကို ကောင်လေးမိဘတွေ သိထားရမှာ ဖြစ်ပါတယ်။

အကောင်းဆုံးနည်းလမ်းကတော့ သင့်ကောင်လေးမှာ ရည်မှန်းချက်ရှိရင် ဒီရည်မှန်းချက်ကို အကူအညီအထောက်အပံ့ပေးတာ ဖြစ်ပါတယ်။

၃ - တကယ့်ပြဿနာ

4.jpg 

ကောင်လေးမိဘတွေက သူတို့သားနဲ့ ရင်းရင်းနှီးနှီး ပတ်သက်နေတဲ့ သင့်ကို မနာလိုတာ၊ သူတို့ဆီက သင်ခိုးယူနေတယ်လို့ ခံစားနေရတာတွေ ရှိနေတတ်ပါတယ်။ ဒါပေမဲ့ သူတို့က ဖွင့်ပြောမှာ မဟုတ်ပါဘူး။ တခြား မဆိုင်တဲ့ သင့်အပြစ်အနာဆာတွေကို ကြည့်ပြီးပဲ ရန်ရှာနေပါလိမ့်မယ်။

ဒီအခါမှာ သင့်ဘက်က သူတို့လာတဲ့ နောက်ခံလူမှုအခြေအနေတွေကို နားလည်ပေးပါ။ သင့်ဘက်က လေ့လာနိုင်သူ ဖြစ်ကြောင်း ပြသပါ။ သူတိုု့ယုံကြည်မှု၊ သူတို့အစဉ်အလာတွေကို လေးစားပါ။ သင့်ကောင်လေးကို သိမ်မွေ့စွာ ဆက်ဆံပါ။ သူ့မိသားစုနဲ့ ပတ်သက်ရင်လည်း သင့်ဘက်က လိုက်လျောလို့ရမှာမျိုးဆို လိုက်လျောပေးလိုက်ပါ။ ဥပမာ- တွေ့ဖို့ချိန်းထားပြီး ဖျက်တဲ့ ကိစ္စမျိုးဟာ နောက်ပြန်တွေ့လို့ရတဲ့ ကိစ္စမျိုး ဖြစ်တာကြောင့် သင့်ဘက်ကနားလည်ပေးဖို့ လိုပါတယ်။

Photos & Source: Candy

Share

Loading Next Article...
က္က