သင့်ဘက်က ဘာကြောင့်မှန်း မသိဘဲ သူငယ်ချင်းဆိုတဲ့ အကန့်ထဲပဲ အတင်းသွင်းနေတာပါ။
 

၁ - ဟိုးအတွင်းစိတ်က ဒီလူကို မရနိုင်ဘူးဆိုတာ သိနေပေမဲ့ နှစ်ပေါင်းများစွာကြာအောင် ဒီမရနိုင်တဲ့လူကိုပဲ မျှော်လင့်နေသူပါ။

 

၂ - ညတွေမှာ ဖုန်းခေါ်တတ်တယ်၊ မက်ဆေ့ဂျ်ပို့တတ်တယ်၊ ဒါပေမဲ့ သင်က သူ့ကို ရည်းစားကောင်လေးအဖြစ်ခေါ်ဖိုကိုတော့ ငြင်းဆန်ပါတယ်။

၃ - ကောင်လေးတစ်ယောက်နဲ့ ဟာသတွေပြောမယ်၊ နောက်ပြီးရင် အဆိုပါကောင်လေးကို သင့်အကြောင်းတွေ လိုတာထက် အများကြီး ပိုပြောပြမယ်။ နောက်ပြီးရင်တော့ ဘာမှ ဆက်မဖြစ်တော့ပါဘူး။

 

၄ - နှစ်ဦးသား နီးစပ်နိုင်ပေမဲ့ သင့်ဘက်က ဘာကြောင့်မှန်း မသိဘဲ သူငယ်ချင်းဆိုတဲ့ အကန့်ထဲပဲ အတင်းသွင်းနေတာပါ။

၅ - ယောကျာ်းလေးတွေကို ဂိမ်းလို သဘောထားသူပါ။ သင်နဲ့ ချစ်သူတွေ ဖြစ်ပါမယ်။ ဒါပေမဲ့ ခဏလောက်ပါပဲ။ နောက်ပြီး ဘာမှ မဟုတ်တော့ပါဘူး။

 

၆ - တစ်ယောက်ပြတ်တာနဲ့ နောက်တစ်ယောက်ထားဖို့ အသင့်ဖြစ်နေသူပါ။

၇ - ပြတ်သွားတဲ့ တစ်ယောက်အကြောင်းပဲ အမြဲပြောနေပါတယ်။ ဒါပေမဲ့ အဲ့တစ်ယောက်ကလည်း ခုမှ ပြတ်တာမဟုုတ်ဘဲ လွန်ခဲ့တဲ့ လေးငါးနှစ်ကတည်းကပါ။

 

၈ - ရည်းစားနဲ့ပြတ်ပြီဆိုတာနဲ့ ချက်ချင်းအသည်းကွဲတယ်ဆိုပြီး သောင်းကျန်းပြဖို့ အသင့်ရှိနေသူပါ။

၉ - မူးလာတိုင်း တစ်ကိုယ်တည်းနေရတဲ့ဘဝကို ငြီးငြူနေသူပါ။

 

၁၀ - သင့်မှာ စံနှုန်းရှိပါတယ်။ မြင့်မြင့်မားမားကိုပဲ လိုချင်ပါတယ်။ ဒါပေမဲ့ အဲ့လိုမြင့်မားတဲ့လူတွေနဲ့ သင် မနီးစပ်ဘူးဖြစ်နေပါတယ်။ နီးစပ်နိုင်တဲ့လူကလည်း အတည်မဟုတ်ဘူး ဖြစ်နေပါတယ်။

၁၁ -  ငါကတော့ တစ်ကိုယ်တည်းနဲ့ ဒီဘဝပြီးသွားမှာပါဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြက်လုံးပြန်ထုတ်ပြီး ဟာသပြောတတ်သူပါ။

Photos & Source: Elite Daily

Share

Loading Next Article...
က္က