Relationships: အချစ်ဆုံး သူငယ်ချင်းနဲ့ ရည်းစားပြန်ဖြစ်ရင် ကြုံရမယ့် အချက် (၇) ချက်

, updated

ကိုယ့်ပုံစံနဲ့ ကိုယ်နေလို့ရပါတယ်။

play

 

၁ - သက်သောင့်သက်သာရှိလွန်း

တစ်ယောက်နဲ့ တစ်ယောက်ရှိန်နေတာမျိုး မရှိဘဲ နှစ်ယောက်သားတွေ့တဲ့အခါ သက်သောင့်သက်သာပါပဲ။ တစ်ယောက်အကျင့် တစ်ယောက်သိပြီးသားဖြစ်နေတာကြောင့် တစ်ခါတလေ သက်သောင့်သက်သာ ရှိလွန်းနေတာတောင် ဖြစ်နိုင်ပါတယ်။

play

 

၂ - ကိုယ့်ပုံစံနဲ့ကိုယ်

နှစ်ယောက်သားအတူရှိတဲ့အခါ သူ့ကိုကြည့်ပြီး လိုက်နေပေးနေစရာ မလိုပါဘူး။ ကိုယ့်ပုံစံနဲ့ ကိုယ်နေလို့ရပါတယ်။ သင့်အကောင်းအဆိုးတွေကို သိနေတာကြောင့် သင့်ဘာသင် လွတ်လွတ်လပ်လပ်နေလို့လည်း ဘာမှ ပြောမှာ မဟုတ်ပါဘူး။

၃ - ပုံသေနည်း

နှစ်ယောက်သားရန်ဖြစ်ရင် ပုံသေနည်းရှိတတ်ပါတယ်။ အလျှော့ပေးတဲ့သူက အမြဲအလျှော့ပေးတတ်ပြီး ဘယ်လိုချော့ရင် စိတ်ပြန်ပြေမယ်ဆိုတာကို နှစ်ယောက်စလုံးနားလည်ပါတယ်။

play

 

၎ - အကြိုက်တူ

ဘယ်လိုသီချင်းမျိုးကြိုက်တယ်၊ ဘယ်လိုအစားအစာမျိုး ဘယ်အချိန်မှာ ကြိုက်တတ်တယ်ဆိုတာ သိနေတတ်ကြပြီး အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ခဲ့တာကြောင့် အကြိုက်ကလည်း တူတတ်ပါတယ်။ ဒီ့အတွက် သဘောထားကွဲလွဲစရာ သိပ်မရှိတော့ပါဘူး။

play

 

၅ - သိတယ်

တစ်ဖက်က ဘယ်လိုပုံစံဆိုရင် ဘာဖြစ်နေတယ်ဆိုတာကို သိပါတယ်။ ဘာတွေခံစားပြီး ဘာတွေ မျှော်လင့်နေတယ်ဆိုတာကို သိပါတယ်။ ခန့်မှန်းမှုတွေလုပ်ပြီး စိတ်ဆင်းရဲနေစရာ သိပ်မလိုပါဘူး။ ပျော်အောင်ဘယ်လိုလုပ်ပေးရမယ်ဆိုတာ သိပါတယ်။

play

 

၆ - ရင်ဖွင့်နိုင်တယ်

သင့်အကြောင်းတွေ အကုန်ပြောပြနိုင်ပါတယ်။ အချစ်ဆုံးသူငယ်ချင်းလည်း ဖြစ်တာကြောင့်ပါ။

၇ - ရိုးစင်းလွန်းတယ်

အချစ်ဆုံးသူငယ်ချင်းကနေ ရည်းစားဖြစ်လာတာကြောင့် နှစ်ဦးသားဆက်ဆံရေးဟာ ကွယ်ဝှက်ထားတာမျိုးတွေမရှိဘဲ ရိုးစင်းလွန်းနေတတ်ပါတယ်။

Photos & Source: Candy

အချစ်ဆုံးသူငယ်ချင်းနဲ့ ရည်းစားဖြစ်တာကို ဘယ်လိုထင်လဲ»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ