အခြားရာသီဖွားတွေထက် ပိုပြီးတစ်ကိုယ်ကောင်းဆန်ကြပါတယ်။
 

တစ်ကိုယ်ကောင်းဆန်တယ်၊ ကိုယ့်ကိုယ်ကျိုးအတွက်ပဲ ကိုယ်ကြည့်တယ်လို့ အပြောခံလိုက်ရရင် ဘယ်သူမဆို စိတ်တိုသွားတတ်ကြပါတယ်။ ဒါပေမယ့် လူတိုင်းဟာ အနည်းနဲ့အများတော့ ကိုယ့်ကိုယ်ကျိုးအတွက် ကြည့်တတ်ကြတာချည်းပါပဲ။ နည်းတာနဲ့ များတာပဲ ကွာသွားတတ်တာပါ။ ခုပြောပြမယ့် ရာသီဖွား (၅) ဦးကတော့ အခြားရာသီဖွားတွေထက် ပိုတစ်ကိုယ်ကောင်းဆန်ကြပါတယ်။ အဲ့ဒီရာသီဖွား (၅) ဦးကတော့

Aries - မိဿရာသီဖွား (မတ်လ ၂၁ ရက် - ဧပြီလ ၁၉ ရက်)

မိဿရာသီဖွားတွေဟာ သူတို့လိုချင်တာကို ရအောင် ယူတတ်ကြပါတယ်။ ဒါဟာကောင်းတဲ့အချက်မှန်း သင်လက်ခံပြီးသားပါ။ ဒါပေမယ့် တစ်ခုရှိတာက ဒီရာသီဖွားတွေဟာ ငါ့ကိုအရင်ဆုံးဆိုတဲ့ စိတ်ဓာတ်ရှိပါတယ်။ ဥပမာ သင်ဟာ ဈေးဝယ်စင်တာမှာ ကုန်ပစ္စည်းတစ်ခုရှိလို့ ဒီပစ္စည်းကို လိုချင်တယ်ဆိုပါစို့။ သင်နဲ့အတူ မိဿ       ရာသီဖွားတစ်ဦးကလည်း ဒါကိုလိုချင်တယ်ဆိုရင် ဒီပစ္စည်းကို သင့်လက်ထဲရောက်မသွားအောင် နည်းမျိုးစုံနဲ့ကြိုစားပြီး ယူပါလိမ့်မယ်။

 

Taurus - ပြိဿရာသီဖွား ( ဧပြီလ ၂၀ ရက် - မေလ ၂၀ ရက် )

ဒီရာသီဖွားတွေကျတော့ သူတို့အေးဆေးနေနိုင်ဖို့၊ တစ်ခုခုကို အခြေကျပြီး တည်ငြိမ်စွာ နေထိုင်နိုင်ဖို့ တော်တော်လေးကြိုးစားတတ်ကြပါတယ်။ အဲ့ဒီမှာ လောဘက ကပ်ပါလာပြီး လိုချင်တာကို ရအောင်လုပ်ဆောင်ဖို့ဆိုတဲ့ အချက်ကလည်း ကပ်ပါလာပြန်တာပါပဲ။ အထူးသဖြင့် သူတို့ဟာ တစ်ခုခုဆို စိတ်ထိခိုက်လွယ်လွန်းတာကလည်း တစ်ကိုယ်ကောင်းဆန်တဲ့စိတ်ပိုများစေဖို့ တွန်းအားပေးတဲ့ အချက်ဖြစ်သွားပါတယ်။ ဒါ့အပြင် ပြိဿ     ရာသီဖွားတွေဟာ ကိုယ်လိုချင်တဲ့အရာတစ်ခုခုအတွက်ဆိုရင် တခြားလူကို ထပ်ခါထပ်ခါ တောင်းဆိုတတ်ပါသေးတယ်။

 

Gemini - မေထုန်ရာသီဖွား ( မေလ ၂၁ ရက် - ဇွန်လ ၂၀ ရက် )

ဟန်ဆောင်ကောင်းတယ်လို့ လူတွေပြောတတ်ကြတဲ့ မေထုန်ရာသီဖွားတွေကျတော့ အခြားလူတွေထက် အခြေအနေတစ်ခုခုကို လျင်မြန်စွာကိုင်တွယ်တဲ့ နေရာမှာ တော်ကြပါတယ်။ ဒါပေမယ့် လူတွေအထင်ကြီးအောင် ကိုယ့်မှာမရှိတဲ့ အရာတွေ လုပ်ပြတတ်တာကလည်း သူ့ရဲ့ကိုယ့်ကိုယ်ကျိုးအတွက်သာ ကြည့်တတ်တဲ့ စိတ်ကြောင့် ဖြစ်လာတာလို့ ပြောရပါလိမ့်မယ်။ သူကကျတော့ ငါလိုချင်တဲ့အရာ၊ ငါဖြစ်ချင်တဲ့အရာအတွက် လူတွေ အာရုံများသွားအောင် လုပ်ပြမယ်ဆိုတဲ့ လူမျိုးသာ ဖြစ်ပါတယ်။

 

Leo - သိဟ်ရာသီဖွား (ဇူလိုင်လ ၂၃ ရက် - သြဂုတ်လ ၂၂ ရက် )

သိဟ်ရာသီဖွားကျတော့ ခုငါမြင်နေတဲ့အရာကို ငါပိုင်ဆိုင်ရမယ်ဆိုတဲ့ လူမျိုးပါ။ သူက အကြောက်တရားသိပ်မထားပဲ သူလိုချင်တာကို ရအောင်ယူတတ်ပါတယ်။ အဲ့ဒီယူတဲ့အခါမှာလည်း သူလုပ်ဆောင်လိုက်တဲ့အရာက တစ်ကိုယ်ကောင်းဆန်သွားမယ်ဆိုရင်တောင် သူက ဆက်လုပ်တတ်တဲ့လူပါ။ ဒီရာသီဖွားတွေ သတိထားရမှာက တကယ်လို့ ကိုယ့်ဘေးမှာ အပေါင်းအသင်း အခြွေအရံတွေရှိချင်တယ် ဆိုရင် တော့ ကိုယ်ကျိုးစွန့်တဲ့ အလုပ်လေး နည်းနည်းလုပ်ပြဖို့ပါ။

 

Virgo - ကန်ရာသီဖွား ( သြဂုတ်လ ၂၃ ရက် - စက်တင်ဘာလ ၂၂ ရက် )

ကန်ရာသီဖွားကျတော့ သူ့အတွက် တိုးတက်မယ်၊ အဆင်ပြေမယ်လို့ ယုံကြည်ထားရင် မှားတဲ့လမ်းကိုလိုက်ဖို့ ဝန်မလေးတတ်ပါဘူး။ ဒါလုပ်လိုက်လို့ တစ်ကိုယ်ကောင်းဆန်သွားမယ်ဆိုရင်လည်း ဂရုမစိုက်ပါဘူး။ ဒါ့အပြင် တစ်ပါးသူကို ဝေဖန်တတ်တဲ့နေရာမှာလည်း ကန်ရာသီဖွားတွေက ပထမပါပဲ။ သူတို့ဟာ ကိုယ်မလုပ်နိုင်တဲ့အရာကို အခြားသူတွေလုပ်မယ်ဆိုတာနဲ့ အဲ့ဒီလူကို စတင်ဝေဖန်တော့တာပါပဲ။

Source : Cafe Astrology

Share

Loading Next Article...
က္က