စောလွန်းတာ ၊ နောက်ကျလွန်းတာက အိမ်ထောင်ရေးအတွက် မကောင်းပါဘူး။
 

လူရယ်လို့ ဖြစ်လာမှတော့ တစ်ယောက်တည်းနေလို့ မရဘူးပေါ့။ ဖြတ်သန်းရမယ့် ဘဝခရီးမှာ ကောင်းတာဆိုးတာမှန်သမျှ ဝေငှဖို့အတွက် လက်တွဲဖော်တော့ လိုပါတယ်။ ဘယ်လိုအရွယ်မှာ လက်ထပ်မလဲဆိုတာကတော့ ကိုယ့်ရဲ့ရပ်တည်မှု စိတ်ဆန္ဒနဲ့ပဲ သက်ဆိုင်တဲ့အရာပါ။ Psychology Today ဂျာနယ်ကတော့ အိမ်ထောင်ရေးခိုင်မြဲဖို့အတွက် လက်ထပ်သင့်တဲ့အရွယ်ကို ဖော်ပြခဲ့ပါတယ်။

အမေရိကန်နိုင်ငံက လူမှုရေးဗေဒ သုတေသီ နစ်ကိုးလတ်စ် ဝုလ်ဖင်းဂါးကတော့ လက်ထပ်ဖို့အတွက် အသင့်လျော်ဆုံး အသက်အရွယ်ဟာ အသက် ၂၀ နှောင်းပိုင်းသာဖြစ်တယ်လို့ စစ်တမ်းရလဒ်နဲ့တကွ ရေးသားခဲ့ပါတယ်။

 

နစ်ကိုးလတ်စ်ရဲ့ အကြံပေးချက်အရဆိုရင်တော့ အသက် ၂၈ နှစ်မှ ၃၂ နှစ်ကြား အရွယ်ဟာ အိမ်ထောင်ပြုဖို့ အကောင်းဆုံး ဖြစ်ပါသတဲ့။ ဒီအသက်အပိုင်းအခြားမှာ လက်ထပ်ခဲ့ကြတဲ့ စုံတွဲတွေမှာ အိမ်ထောင်ရေးပြိုကွဲနိုင်ခြေ နည်းပါးတယ်လို့သူက ဆိုပါတယ်။ ခြောက်နှစ်ကြာ အချိန်ယူလေ့လာပြီး ရရှိလာတဲ့ အချက်အလက်နဲ့ ရလဒ်တွေအရ အသက် ၂၀ မတိုင်မီ လက်ထပ်သူတွေနဲ့ အသက် ၃၀ နှောင်းပိုင်းမှ လက်ထပ်သူတွေဟာ အိမ်ထောင်ပြိုကွဲနိုင်ခြေ ပိုများတယ်လို့ နစ်ကိုးလတ်စ်က ပြောပါတယ်။

Source : Maire Claire

Share

Loading Next Article...
က္က