မိန်းကလေးတစ်ယောက်က မချစ်တော့ဘူး၊ စိတ်မဝင်စားတော့ဘူးဆိုရင် ဒီလိုအပြုအမူလေးတွေ လုပ်လေ့ရှိကြပါတယ်။

သင့်ချစ်သူကောင်မလေးက သင့်ကိုစိတ်ပျက်နေပြီဆိုရင်တော့ ခုပြောပြပေးမယ့်အချက်တွေအတိုုင်းပြုမူနေမှာဖြစ်ပြီး တစ်ခုကောင်းတာက သူမကို လက်မလွှတ်ချင်ဘူးဆိုရင် သူမကို ပြန်ဆွဲထားနိုင်တယ် ဆိုတာပါပဲ။

သူမက မကြိုက်ဘူးပြောထားဖူးတာတွေကို သင်ဆက်ပြီး ပြုလုပ်မိနေမိသေးလား ဆင်ခြင်ကြည့်ပါ။  ညှိုနှိုင်းသင့်တာတွေ ညှိုနှိုင်းပါ။ သူမ စိတ်ထဲရှိနေတာတွေကိုနားထောင်ပေးပါ။ သင့်ကောင်မလေးက သင်တို့နှစ်ယောက်အချစ်ရေးအပေါ်မှာ စိတ်ဝင်တစားရှိ၊ မရှိ ဒီအချက်တွေကြည့်ပြီး သိနိုင်ပါတယ်။

(၁)

စိတ်သိပ်မကောက်တော့ဘူး

 

သူမ မကြိုက်တာတာတွေ သင်လုပ်နေလည်း အရင်ကလို စိတ်ကောက်တာမျိုး၊ မကျေမနပ်ဖြစ်တာမျိုးတွေ မရှိတော့ပါဘူး။ တစ်ချိန်လုံးလိုလို စကားများနေတတ်တဲ့သူမဟာ အခုဆို နားအေးပါးအေး နေချင်သူ ဖြစ်နေလိမ့်မယ်။ ဆူညံပူညံတွေ သိပ်မလုပ်တော့ဘဲ ခါတိုင်းလို အပြစ်တင်နေမှာ မဟုတ်တော့ပါဘူး။

(၂)

 

အမြဲတမ်းအလုပ်တွေရှုပ်နေတတ်တယ်။

သူမဟာ အရင်ကထက်ပိုပြီး အလုပ်တွေပိုလုပ်လာတယ်။ သင်နဲ့တွေ့ဖို့အချိန်တွေမှာတောင် အလုပ်မအားတာကြောင့် အချိန်မပေးနိုင်တာ၊ မတွေ့ဖြစ်တာမျိုးတွေ ရှိလာတယ်။

(၃)

မတိုင်ပင်တော့ဘူး။

 

အရင်ကဆို ဆံပင်ဘာအရောင်လေးဆိုးရင် ကောင်းမလဲ၊ အလုပ်က အကြောင်းတွေ ရင်ဖွင့်တိုင်ပင်တတ်တဲ့ သင့်ချစ်သူက သင့်ကို ဘာဆိုဘာမှကို မတိုင်ပင်တော့ဘူး။ သင်ဘယ်လိုပဲထင်ထင် ဂရုမစိုက်တော့ဘူး။ ဒါကလည်း သူမခံစားချက်တွေကို လျစ်လျူရှုခံရတာများတဲ့အခါမျိုး၊ ဂရုတစိုက်လုပ်ပေးတဲ့အရာတွေအတွက် အသိအမှတ်အပြုမခံရတာမျိုးတွေ များလာတဲ့အခါမှာ မိန်းကလေးတော်တော်များများက စိတ်မကောင်းဖြစ်တတ်ကြပြီး စိတ်ကုန်သွားလေ့ရှိတာမို့ပါ။

(၄)

သင့်ကို ဂရုမစိုက်တော့ဘူး။

ဂရုမစိုက်ဘူးဆိုတာထက် သင့်အမြင်က ဘာဆိုတာ သူမ အလေးမထားတော့ပါဘူး။ ကိစ္စတစ်ခုအပေါ်သင်မကြိုက်ကြောင်းပြောလာရင်လည်း သူမက သူမဆုံးဖြတ်ချက်နဲ့ သူမ ကျေနပ်နေတတ်ပါတယ်။ သင်ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ စိတ်ကိုမဝင်စားတော့ပါဘူး။

(၅)

စိတ်မရှည်တော့ဘူး။

 

အသေးအဖွဲလေးတောင်မှ သူမစိတ်နဲ့ မကိုက်ရင် ထစ်ခနဲ ဒေါသထွက်တယ်။ အရင်က စိတ်သိပ်မတိုတတ်တဲ့သူမက ခုတော့ တစ်ခုခုဆိုတာနဲ့ ဒေါသထောင်းခနဲ ထွက်လာမယ်။ သင်တစ်ခုခုပြောလိုက်တာနဲ့ စိတ်မရှည်တဲ့အပြင် ညှိနှိုင်းမယ်ဆိုတာမျိုးလည်း လုံးဝမရှိတော့ပါဘူး။ သေချာရှင်းပြတာ၊ သည်းခံတာတွေ မရှိတော့ပဲ လုပ်ချင်တာလုပ်ဆိုပြီး သင့်အနားက အမြန်ဆုံးထွက်သွားတယ် ဆိုရင်တော့ စိုးရိမ်ရမယ့် အခြေအနေမှာ ရှိတာ အသေအချာပါပဲ။

ှSource : Life

Share

Loading Next Article...
က္က