ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ။
 

အချစ်ဆိုတာ ဘဝတစ်လျှောက်လုံးမှာ တစ်ကြိမ်သာဖြစ်ပေါ်ခဲ့သူတွေရှိသလို တစ်ကြိမ်ထက်မ ကြုံဖူးကြသူတွေလည်း အများကြီးပါပဲ။ အကြောင်းမတိုက်ဆိုင်လို့ အချစ်ဦးနဲ့လွဲပြီးတဲ့နောက်မှာ ကာလတစ်ခုစာလောက်တော့ ပူဆွေးဝမ်းနည်းကြရပါတယ်။ အချိန်ကာလတစ်ခု လွန်မြောက်သွားပြီဆိုရင်တော့ အချစ်ကြောင့်ပူဆွေးမှုတွေက ပျောက်ကင်းသွားမှာပါပဲ။ အဲ့ဒီနောက် ကိုယ့်ဘဝအတွက် အရေးပါတဲ့အချစ်ဟာ နောက်တစ်ကြိမ်ထပ်မံပေါ်ပေါက်လာတတ်ပါတယ်။ အချစ်ကြောင့်  နာကျင်ခဲ့ဖူးသူအနေနဲ့ နောက်တစ်ကြိမ် ထပ်ချစ်ဖို့ သေချာပြီလားဆိုတာ ခေါင်းမငြိမ့်ခင်မှာ ကိုယ့်ကိုယ်ကိုယ်မေးခွန်းထုတ်ဖို့ လိုလာပါပြီ။

 

၁။ တစ်ကိုယ်တည်းနေခဲ့တာလား

အသည်းကွဲပြီးနောက်မှာ တကယ်ပဲ တစ်ကိုယ်တည်းနေခဲ့တာ သေချာပါရဲ့လား။ တစ်ကိုယ်တည်းနေတယ်ဆိုတာ လွမ်းဆွတ်ပူဆွေးခြင်းတွေမရှိဘဲ အလုပ်၊ အပေါင်းအသင်း၊ ဝါသနာပါရာတွေမှာ ပျော်ရွှင်အောင်နေတတ်တယ်ဆိုရင် နောက်ထပ်လူတစ်ယောက်ကိုချစ်ဖို့ မလိုသေးပါဘူး။ ဒီလိုမှမဟုတ်ဘဲ အသည်းကွဲပြီးနောက်ပိုင်း ကိုယ့်ဘေးမှာ တစ်စုံတစ်ယောက်ကို ခဏတဖြုတ်လောက် ထားခဲ့ဖူးတယ်ဆိုရင်တော့ ကိုယ်က အဖော်တစ်ယောက်လိုအပ်နေတာပါ။

၂။ လိုချင်တာဘာလဲ

ကိုယ်လိုချင်တာက ဘာလဲဆိုတာ သေသေချာချာစဉ်းစားပါ။ ချစ်သူလား၊ အိမ်ထောင်ပြုဖို့လား။ ဒါမှမဟုတ် စိတ်တူကိုယ်တူလူမျိုးလားဆိုတာ စဉ်းစားပါ။ နောက်တစ်ကြိမ် ပေါ်လာတဲ့အချစ်က ကိုယ့်ကိုတကယ်ပျော်ရွှင်စေတယ်ဆိုရင်တော့ ရှေ့ဆက်သင့်ပါတယ်။

Romance-Couple-in-Love-Drinking-Images.jpg 

၃။ ခံစားချက်တွေထုတ်ပြလို့ရတဲ့လူလား

ကိုယ်က တစ်ကြိမ် (ဒါမှမဟုတ် ဒီ့ထက်ပိုပြီး) အသည်းကွဲဖူးသူဆိုတော့ နောက်ပိုင်းမှာ အပြုအမူတွေက ပြောင်းလဲသွားပါတယ်။ ငြိမ်သက်သွားတာ၊ ပေါက်ကွဲလွယ်တာတွေ ဖြစ်သွားတတ်ပါတယ်။ သူကရော ကိုယ့်ရဲ့ခံစားချက်တွေ အားနည်းချက်တွေ ထွက်ပေါ်လာရင် လက်ခံနိုင်ရဲ့လားဆိုတာ စောင့်ကြည့်ပါဦး။ ကိုယ့်ရဲ့ ပင်ကိုယ်ခံစားချက်တွေကရော သူနဲ့အတူရှိချိန်မှာ ထွက်ပေါ်လာပါသလား။ ဥပမာ သီချင်းအော်ဆိုတာမျိုး၊ စိတ်ညစ်ရင် ငိုလိုက်ရတာမျိုးလိုပေါ့။ ဒီလိုဆိုရင် ကိုယ့်ဘက်ကလည်း သူနဲ့အဆင်ပြေနေတယ်ဆိုတဲ့ လက္ခဏာပါပဲ။

၄။ အရင်လူကို တကယ်မေ့ပြီလား

အရင်လူနဲ့ပတ်သက်ပြီး တိုက်ဆိုင်သည်ဖြစ်စေ ၊ မတိုက်ဆိုင်သည်ဖြစ်စေ သတိရနေတာမျိုး၊ လွမ်းဆွတ်တာ၊ ချစ်တာနဲ့ မုန်းတီးနာကျည်းတာအပါအဝင် ခံစားချက်တွေ တကယ်ကုန်ပြီလားဆိုတာ ကိုယ်တိုင်ပဲသိမှာပါ။ ခံစားချက်တွေ ရှိနေသေးသမျှတော့ နောက်တစ်ကြိမ်ချစ်လို့မရပါဘူး။

Couples.jpg 

၅။ ယုံကြည်နိုင်ပြီလား

ခဲမှန်ဖူးတဲ့ စာသူငယ်လိုပါပဲ။ တစ်ကြိမ်နာကျင်ဖူးတော့ နောက်တစ်ကြိမ်ချစ်ရမှာ မဝံ့ရဲတော့ဘူးလေ။ နောက်တစ်ကြိမ် ယုံကြည်နိုင်ပါ့မလားဆိုတာလည်း ကိုယ့်ကိုယ်ကိုယ် အထပ်ထပ်အခါခါ ပြန်မေးဖို့လိုပါတယ်။

၆။ ကိုယ့်ရဲ့ပင်ကိုယ်သဏ္ဍန် ပြန်ရပြီလား

အချစ်ဟောင်းနဲ့ပတ်သက်တဲ့ ပူဆွေးမှု ခံစားချက်တွေ တစ်စွန်းတစ်စမှ ကျန်နေလို့မဖြစ်ပါဘူး။ ကိုယ့်ရဲ့မူလပုံစံလေးအတိုင်း ပြန်ရပြီဆိုမှ အချစ်သစ်ကိုစဉ်းစားပါ။ နောက်ပြီး အချစ်သစ်တစ်ခု ပေါ်လာလို့ ကိုယ့်ကိုယ်ကိုယ် နောက်ထပ်တစ်ကြိမ် အပြောင်းအလဲတွေ၊ ဖုံးကွယ်မှုတွေ လုပ်ရဦးမယ်ဆိုရင်တော့ မချစ်တာပဲကောင်းပါတယ်လေ။

0_intro_love-100642565-orig.jpg 

၇။ ကိုယ့်ကိုယ်ကိုယ် တကယ်ချစ်ရဲ့လား

လူတိုင်းတော့ ကိုယ့်ကိုယ်ကိုယ် ချစ်တာပါပဲ။ ဒါပေမဲ့ အချစ်က အရာရာကိုပြောင်းလဲပစ်လိုက်တယ်လေ။ အချစ်ကြောင့်ပဲ ကိုယ်ဟာ ကိုယ်မဟုတ်တော့သလို ပြောင်းလဲသွားရပါတယ်။ ဒါကြောင့်မို့လို့ အချစ်ကို နောက်တစ်ကြိမ်တွေ့နေပြီလို့ ထင်ရင်တော့ ဒီအချစ်ဟာ ကိုယ့်ကိုပျော်ရွှင်စေတဲ့အချစ်လား၊ ကိုယ့်ရဲ့အရည်အချင်းတွေကို လက်ခံနိုင်တဲ့လူလားဆိုတာ စောင့်ကြည့်လေ့လာပါ။ ကိုယ်ဘာပဲဖြစ်နေနေ ၊ သူ ဘာပဲဖြစ်နေနေ ဒီအတိုင်းချစ်နေရရင်နဲ့ကို ပျော်ရတယ်ဆိုရင်တော့ အခြေအနေသိပ်ကောင်းသွားပါပြီ။ ဒီလိုမှမဟုတ်ဘဲ တစ်ကိုယ်တည်း လုပ်ချင်တာလေးတွေလုပ်နေရတာကိုပဲ ကျေနပ်နေပြီဆိုရင်တော့ သင့်နှလုံးသားကို လွယ်လွယ်ကူကူ တံခါးဖွင့်မပေးတာပဲကောင်းပါတယ်။

ဒီမေးခွန်းတွေအားလုံး ဖြေပြီးရင်တော့ ကိုယ့်ကိုယ်ကိုယ် သိလောက်ပါပြီ။ နောက်တစ်ကြိမ် ထပ်ချစ်ဖို့ အသင့်ဖြစ်ပြီလား၊ မဖြစ်သေးဘူးလားဆိုတာ မေးခွန်းအားလုံး ပိုင်ပိုင်နိုင်နိုင်ဖြေနိုင်မှ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။

Source : Elephant Journal

Share

Loading Next Article...
က္က