သင့်ရဲ့အချစ်ကရော ဘယ်လိုဓာတ်သဘောတရားနဲ့တူသလဲဆိုတာ ဖတ်ကြည့်ပါဦး။
 

ကမ္ဘာကြီးကို ဓာတ်သဘောတရားတွေနဲ့ ဖွဲ့စည်းထားတယ်လို့ ယုံကြည်တယ်ဆိုရင် အချစ်ဆိုတာကလည်း ဓာတ်သဘောတရားတစ်ခုနဲ့ တူညီတယ်လို့ ယူဆကြည့်ရအောင်ပါ။ မြေ၊ ရေ၊ လေ၊ မီး၊ သတ္တုဆိုတဲ့ ဓာတ်တွေဟာ ကမ္ဘာကြီးရဲ့ အဓိကဓာတ်တွေဖြစ်ပါတယ်။ ဓာတ်သဘောတရားတစ်ခုစီတိုင်းမှာ ကောင်းကျိုး၊ ဆိုးကျိုးတွေ ရှိနေကြသလိုပဲ အဲ့ဒီဓာတ်တွေနဲ့တူတဲ့ အချစ်တွေကလည်း ပုံသဏ္ဍန်အမျိုးမျိုးကို ဖော်ဆောင်ပါတယ်။ သင့်ရဲ့အချစ်ကရော ဘယ်လိုဓာတ်သဘောတရားနဲ့တူသလဲဆိုတာ ဖတ်ကြည့်ပါဦး။


၁။ မြေဓာတ်

မြေကြီးလိုပဲ ခိုင်မာတဲ့ယုံကြည်ချက်ရှိတဲ့အချစ်ပါ။ ကိစ္စသေးသေးမွှားမွှားလောက်နဲ့ ရင်မခုန်၊ မတုန်လှုပ်တတ်ဘူး။ သံသယတွေ၊ သဝန်တိုတာတွေလည်း နည်းပါတယ်။ ချစ်သူကိုလည်း ကာကွယ်စောင့်ရှောက်ပေးချင်သူတွေပါ။ ဒီလိုအချစ်မျိုးက ၁၅၀၀ အချစ်ထက် ၅၂၈ ဆန်တဲ့ မေတ္တာအချစ်မျိုးမှာ တွေ့ရတတ်ပါတယ်။

၂။ ရေဓာတ်

ရေလိုပဲ အပေါက်ရှိရင် စီးဆင်းတယ်၊ လှိုင်းဂယက်တွေရှိတယ်။ ခံစားမှုအားကောင်းတဲ့ အချစ်မျိုးပေါ့။ အချစ်ကြီးချစ်တတ်သလို မချစ်တော့ဘူးဆိုရင်လည်း တစ်စက်မှကိုဂရုမစိုက် လှည့်မကြည့်တတ်သူတွေပါ။ ကြည်လင်အေးမြတဲ့အချစ်တွေကိုပေးပေမဲ့ သစ္စာမရှိတဲ့လူအတွက်တော့ ရက်စက်မှုတွေကို လှလှပပကြီးပေးတတ်ပါတယ်။

Fall-in-Love-at-First-Si.jpg 

၃။ လေဓာတ်

ရိုမန်တစ်ဆန်တတ်သူတွေပေါ့။ ကိုယ့်ချစ်သူကို ပျော်စေချင်တယ်။ ကြင်နာယုယပေးတာတွေ သဘောကျတယ်။ စိတ်ယိမ်းယိုင်လွယ်တယ်။ ဒါပေမဲ့ လေဓာတ်နဲ့တူတဲ့အချစ်မျိုးက ပေးဆပ်ခြင်းနဲ့ချစ်တတ်တာမျိုးတွေပါ။

၄။ မီးဓာတ်

ပူလောင်တဲ့အချစ်မျိုးပေါ့။ အချစ်ကြီးသလောက် အမျက်ကြီးတယ်။ သဝန်တိုတတ်တယ်။ ချစ်သူကို မျက်စိအောက်ကတောင် အပျောက်မခံချင်ဘူး။ ဒါပေမဲ့ မီးဓာတ်နဲ့တူတဲ့အချစ်က အစစ်မှန်ဆုံးချစ်တတ်သူတွေ။ ချစ်ရင်ချစ်တယ်၊ မချစ်ရင်မချစ်ဘူး ပွင့်ပွင့်လင်းလင်းပဲ။ ဟန်ဆောင်ဖုံးကွယ်တာတွေလည်း မရှိပါဘူး။ တကယ်တော့ အချစ်ဆိုတာ မီးတောက်လို့တောင် တင်စားကြတယ်မဟုတ်ပါလား။

AAEAAQAAAAAAAALYAAAAJDQxZTA5MmI3LTE0OTQtNDQzYS1hZTQ0LTAxNjljYjJjNTU2Mw.jpg 

၅။ သတ္တုဓာတ်

အသည်းမာသူကြီးတွေရဲ့အချစ်ကို သတ္တုဓာတ်နဲ့တူတဲ့အချစ်လို့ တင်စားရပါမယ်။ တော်ရုံနဲ့မချစ်တတ်သူတွေ။ ချစ်မိပြီဆိုလည်း နောက်တစ်ယောက်မရှိတော့ဘူး။ အကြောင်းမတိုက်ဆိုင်လို့ ချစ်သူနဲ့မပေါင်းလိုက်ရရင် တစ်ကိုယ်တည်းပဲနေတော့သူတွေ။ အချစ်ကြောင့် ဘဝကိုလည်းအထိခိုက်မခံတတ်သူမျိုးပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က