ချစ်သူအတွက် အချိုပွဲ ဆန်းဆန်းလေး လုပ်ပေးချင်ရင်တော့ ဒီအာလူပူတင်းသာ လုပ်ကျွေးလိုက်ပါ။
 

ချိုချိုအီအီအရသာနဲ့ အာလူးပူတင်းလေးက အမြင်ဆန်းပြီး  စားလို့လည်း သိပ်ကောင်းပါတယ်။ အာလူးရဲ့ ချိုဆိမ့်တဲ့အရသာက စားလိုက်တိုင်းမှာ နူ;ူးအိအိနဲ့ ချစ်စရာကောင်းတဲ့ ကိတ်မုန့်လေးလိုပါပဲ။ ပူတင်းဘယ်လိုလုပ်ရလဲ ကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

အာလူး ၄ လုံး (အဝိုင်း ပါးပါးလှီး)

နွားနို့ ၂၀၀ ml

ကြက်ဥ ၄ လုံး

ထောပတ် အနည်းငယ်

ချိစ် [mozarrella cheese] ၁ တုံး

ကြက်သွန်ဖြူ ၂ မွှာ

ကြက်သွန်နီ ၁ ဝက် (နုတ်နုတ်စဉ်း)

ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်

ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်

ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၃ ပုံ ၁ ပုံ

ဆော့အရည် ပြုလုပ်နည်း

ဒယ်အိုးထဲမှာ ဆီ(စားပွဲတင်ဇွန်း ၁ဇွန်း)ထည့်ပြီး ကြက်သွန်ဖြူ၊ ကြက်သွန်နီ ဆီသတ်ပေးပါ။ နွားနို့၊ ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့် ထည့်ကာ ရောမွှေလိုက်ပါ။ ခဏနေ မီးပိတ်ပြီး အအေးခံထားပါ။ ခလောက်ထားသော ကြက်ဥများကို ထည့်လိုက်ပြီး သမအောင် နာနာလေး မွှေပေးပါ။

အာလူးပူတင်း လုပ်နည်း

မုန့်ဖုတ်တဲ့သံခွက်ကို အလူမီနီယမ်ပြားကို ပတ်ချာလည်ပတ်ပေးပါ။ အောက်ဘက်ကိုလည်း ကပ်ထားရပါမယ်။  ပြီးရင် အပေါ်ကနေ ထောပတ် အနည်းငယ် သုတ်ပေးပါ

 ထို့နောက် လှီးထားတဲ့ အာလူးအဝိုင်းပြားတွေကို ပုံထဲကလို ညီညီညာညာ စီထည့်ပေးပါ။

ပြီးနောက် စောစောက ချက်ထားသော ဆော့ရည်များကို အပေါ်မှလောင်းချပေးပြီ ချိစ်များ ဖြူးပေးလိုက်ပါ။

ခွက်ကို Oven ထဲသို့ ထည့်၍ ၁၆၀ ဒီဂရီဖြင့် မိနစ်၅၀ခန့် အပေါ်မီး၊ အောက်မီးဖြင့် အာလူးပူတင်းကို ဖုတ်ပေးပါ။

ဒါဆိုရင် တစ်နာရီအတွင်း အာလူးပူတင်းပူပူလေးကို သုံးဆောင်နိုင်ပါပြီ။

Source : All Receipes

Share

Loading Next Article...
က္က