အစပိုင်းမှာ မသိသာပေမဲ့ နောက်ပိုင်းမှာတော့ ဒီအရာတွေ မရတာကြောင့် ပြဿနာ ဖြစ်လာနိုင်ပါတယ်။
 

နှစ်ဦးသားချစ်မိပြီဆိုရင် အမျိုးသားတွေ လက်တွဲဖော်ဆီက မျှော်လင့်တဲ့အရာမျိုးတွေ ရှိပါတယ်။ စစတွဲချင်းမှာ ဒီအရာတွေမရလို့ ဘာမှ မဖြစ်ပေမဲ့ အချိန်ကြာလာရင်တော့ ပြဿနာ ရှိလာနိုင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်မဝေးနိုင်တဲ့အခါ နှစ်ဦးသားပြဿနာက တအုံ့နွေးနွေး ဖြစ်နေတတ်ပါတယ်။ ဒီ့အတွက် ယေဘုယျအားဖြင့် ယောကျာ်းတစ်ယောက် မျှော်လင့်တတ်တာတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁ - လေးစားမှု

လေးစားမှုနဲ့ လူအထင်ကြီးခံချင်တာမျိုးမဟုတ်ပါဘူး။ အမျိုးသားတွေဟာ သူတို့လက်တွဲဖော်က လေးစားတဲ့အပြုအမူမျိုးပြတဲ့အခါ အဆိုပါ လေးစားမှုကို လေးနက်တဲ့အချစ်အဖြစ် မှတ်ယူလေ့ရှိကြတာ ဖြစ်ပါတယ်။ ဒီလိုလေးစားမှု မပြနိုင်ရင်တောင် သူတို့အလေးအနက်ထားတဲ့အရာတွေ၊ သူတို့နေ့စဉ်ပတ်သက်နေတဲ့ အရာတွေကို အထင်သေးတဲ့ အပြုအမူမျိုး မပြပါနဲ့။ ဒီအပြုအမူတွေဟာ စချစ်တဲ့အချိန်တွေမှာ မသိသာပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ဒုက္ခပေးလာပါလိမ့်မယ်။

 

၂ - ချီးကျူးမှု

ပါးစပ်ကနေ တော်တယ်၊ တတ်တယ်လို့ ထုတ်ဖော်ပြောဆိုတာမျိုး မဟုတ်ပါဘူး။ သူတို့လုပ်ရပ်ကြောင့် သင်ပျော်ရွှင်ရတယ်၊ သင်နှစ်သက်သဘောကျရတယ်ဆိုတာမျိုး သူ့ဘက်က သိရုံပါပဲ။ ရုပ်ပိုင်းဆိုင်ရာတွေထက် ညဏပိုင်းဆိုင်ရာကိစ္စတွေမှာ ပိုမို အလေးပေးဂရုပြုသင့်ပါတယ်။

 

၃ - စိတ်ပိုင်းဆိုင်ရာ ရင်းနှီးမှု

နှစ်တွေကြာလာတာနဲ့ စိတ်ပိုင်းဆိုင်ရာ ရင်းနှီးမှုကို လိုချင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ရင်းနှီးမှုဆိုတာ ထုတ်ဖော်ပြောပြဖို့ ခက်ပေမဲ့ တစ်ဦးကို တစ်ဦး နားလည်တာမျိုး ဖြစ်ပါတယ်။ ဘယ်သူမှ နားမလည်နိုင်တဲ့ ပုံစံမျိုးနဲ့ တစ်ဦးကိုတစ်ဦး နားလည်နေတာမျိုး ဖြစ်ပါတယ်။

 

၄ - ကိုယ်ပိုင်အချိန်

တစ်ဦးနဲ့ တစ်ဦး ဘယ်လောက်ပဲ ချစ်ပါစေ ကိုယ်ပိုင်အချိန်ကိုတော့ တောင့်တကြပါတယ်။ သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းချင်တာ၊ တစ်ယောက်တည်းနေချင်တာ၊ ကိုယ်နှစ်သက်တဲ့ ဝါသနာတစ်ခုလုပ်နေချင်တာ စတဲ့ပုဂ္ဂလိက အချိန်လေးတွေ ရှိပါတယ်။ ဒါမျိုးတွေ ပျောက်ဆုံးတာမျိုးကြောင့် နှစ်ဦးသားဆက်ဆံရေးကို စိတ်ညစ်လာနိုင်ပါတယ်။

၅ - ရုပ်ပိုင်းဆိုင်ရာ

လက်တွေ့ကျကျ ပြောရရင်တော့ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုကိုလည်း အမျိုးသားတွေ လိုချင်ပါတယ်။

 

၆ - လုံခြုံမှု

အချိန်ကြာလာတဲ့အခါ ဘယ်သူ့ကိုမှ မတိုင်ပင်တာတွေ တိုင်ပင်ပါမယ်၊ ဘယ်သူ့ကိုမှ မပြောတာတွေ ပြောပြပါမယ်။ ဒီလိုဖြစ်လာတာဟာ သူတို့တွဲနေတဲ့ မိန်းကလေးက သူတို့အတွက် အလုံခြုံဆုံးပုဂ္ဂိုလ်လို့ ခံစားရတာကြောင့် ဖြစ်ပါတယ်။ ဒီလိုလုံခြုံမှုမျိုး မရတဲ့အခါ အဆိုပါဆက်ဆံရေးဟာ အချိန်ကြာတဲ့အခါ နီးလျက်နဲ့ ဝေးသလို ဖြစ်လာပါတယ်။

Photos & Source: The Good Men Project

Share

Loading Next Article...
က္က