ကုမ္ပဏီလုပ်ငန်းခွင်ထဲ လူသစ်တစ်ယောက်ရောက်လာတဲ့အခါ သင့်ကို စကားမပြောရဲပါဘူး။
 

မျက်နှာထားတင်းတယ်လို့ ထင်ခံရတဲ့ ရုပ်ရည်မျိုးရှိတာဟာ ဘယ်လောက်ခက်ခဲတယ်ဆိုတာ လူတွေနားလည်ဖို့ မလွယ်ပါဘူး။ စမြင်မြင်ခြင်းမှာပဲ တစ်ဖက်လူကို မသိစိတ်က ကြိုက်တယ်၊မကြိုက်ဘူးဆိုတာ ရာခိုင်နှုန်းတော်တော်များများ ဆုံးဖြတ်ပြီး ဖြစ်တယ်လိုဆိုကြတာရှိပါတယ်။  ဒီလိုမျက်နှာထားမျိုးရှိနေတာက နားလည်မှုလွဲတာမျိုး ဖြစ်တတ်ပါတယ်။ လူတွေကို ခင်တတ်သူ မဟုတ်ဘူးလို့ ထင်သွားတတ်ကြပါတယ်။ မျက်နှာထားတင်းတယ်လို့ ထင်ခံရသူတွေသာသိတဲ့ အတွေ့အကြုံလေးတွေလည်း ရှိပါတယ်။

၁ - သဘောမကျဘူးလို့ထင်

ကုမ္ပဏီလုပ်ငန်းခွင်ထဲ လူသစ်တစ်ယောက်ရောက်လာတဲ့အခါ သင့်ကို စကားမပြောရဲပါဘူး။ တခြားလူတွေနဲ့သာခင်သွားမယ် သင်နဲ့ တော်တော်နဲ့ မသိပါဘူး။ အကြောင်းအရင်းကတော့ သင်ဟာ မျက်နှာထားတင်းပြီး သူ့ကို စကားမပြောချင်ဘူးလို့ ထင်တာကြောင့်ပါ။ နေရာသစ်တစ်ခု သင်ရောက်သွားရင်လည်း ဒီလိုမျိုးထင်ခံရတာကြောင့် လူတွေနဲ့ ရုတ်တရက်ခင်ဖို့ ခက်ပါတယ်။

(သင်ကြိုက်နိုင်မယ့် ဆောင်းပါး - ကိုယ်ကအရမ်းခင်တတ်ပေမဲ့ ကိုယ့်ကိုပြန်မခင်ကြတဲ့ အကြောင်းရင်း (၅) ခု)

 

၂ - နောက်မှပြောတယ်

တစ်လနှစ်လလောက်ကြာမှ ခင်သွားတယ်လူက သင့်ကို ပြောပါတယ်။"ပထမ နင့်ကို ငါ အပေါက်ဆိုးမယ်ထင်တာ" ဆိုတဲ့စကားပါ။  စစတွေ့ခြင်းမှာပဲ တစ်ဖက်လူက  သဘောကျသွားဖို့ဆိုတာ  သင့်အတွက် မဖြစ်နိုင်တဲ့ အရာတစ်ခုလိုပါပဲ။

၃ - ဖော်ရွေသူ

သင်က တကယ်တော့ သူငယ်ချင်းများတာ၊ သူငယ်ချင်းတွေက သင့်ကို အရမ်းခင်တာမျိုးကို သဘောကျသူပါ။ ဒီလိုခင်အောင်ပေါင်းဖို့လည်း ဝန်မလေးပါဘူး။ ဒါပေမဲ့ လူတွေကတော့ သင့်ပုံစံက အလွယ်တကူချည်းကပ်လို့ မရဘူးလို့ ထင်တတ်ပါတယ်။ ဒါပေမဲ့  တကယ်ခင်စရာကောင်မှန်းသိတဲ့အခါ  သင့်ကို သူတို့က ပိုခင်တတ်ပါတယ်။

(သင်ကြိုက်နိုင်မယ့်ဆောင်းပါး - စကားတွေကို အကျိုးရှိရှိနားထောင်တတ်စေဖို့ )

 

၄ - အမေးခံရ

စိတ်ဆိုးနေတာလား၊ ဘာဖြစ်နေတာလဲ စတဲ့ မေးခွန်းမျိုးတွေ ခဏခဏ မေးခံရပါတယ်။ သူတို့က ဒီလိုမျိုး အမြဲတမ်းမေးနေတာကြောင့် သာမန်စိတ်ခုရုံလောက်နဲ့လည်း သင့်မျက်နှာက တကယ်တင်းနေတတ်ပါတယ်။ အမေးခံရပါများတာကြောင့် မျက်နှာထားတင်းသူအဖြစ် ကိုယ့်ကိုယ်ကိုယ် လက်ခံလိုက်တာမျိုး ဖြစ်ပါတယ်။

၅ - ပျော်ပျော်နေစမ်းပါ

လူတွေက သင့်ကို ပျော်ပျော်နေစမ်းပါလို့ ပြောပါတယ်။ သင့်မျက်နှာက အမြဲတမ်းသုန်မှုန်နေတယ်လို့ ထင်တတ်ကြပါတယ်။ ပြုံးတော့ပြုံးတာပါပဲ၊ သူတို့သတိထားမိအောင် ဒီ့ထက်ပြုံးရဦးမှာလားလို့ စဉ်းစားစရာတောင် ဖြစ်ရပါတယ်။

(သင်ကြိုက်နိုင်မယ့် ဆောင်းပါး - ကြိတ်ကြွေနေတဲ့လူနား ရောက်သွားရင် ဖြစ်တတ်တဲ့ အပြုအမူ (၅) မျိုး )

 

၆ - အပြုံးတု

သင်က စိတ်မဝင်စားဘူးလို့ ထင်သွားတာမျိုး မဖြစ်ရအောင် တစ်ခါတစ်လေ တမင်တကာ ပြုံးထားရပါတယ်။ အစည်းအဝေးမျိုးတွေမှာဆို ပိုဆိုးပါတယ်။ ဒီလို ပြုံးရတာဟာ ဘယ်လောက်တောင် ပင်ပန်းတယ်ဆိုတာ လူတွေ မသိပါဘူး။

၇ - သင့်ကို မခွဲခြားတတ်

သင်က ပုံမှန်ပဲလား၊ စိတ်ဆိုးနေတာလား ဆိုတာကို လူတွေ မခွဲတတ်ပါဘူး။ သင်စိတ်မကြည်တဲ့အချိန်မျိုးမှာ ပျော်ရွှင်စရာတွေ လာလုပ်နေတာကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတာမျိုး ရှိပါတယ်။

(သင်ကြိုက်နိုင်မယ့် ဆောင်းပါး - ဒီအချက် (၅) ချက်ကို သည်းခံနေရရင် သင်က အလွန်အမင်းဉာဏ်ရည်ထက်မြက်သူ ဖြစ်နေနိုင်)

 

၈ - ရှိန်တယ်

လူတွေက သင့်ကို လျှော့မတွက်ရဲပါဘူး။ ရှိန်ပါတယ်။ တခြားလူတွေနဲ့ယှဉ်ရင် ခပ်ရင့်ရင့်ပုံစံတွေကို ခွင့်လွှတ်တတ်ပါတယ်။ ဒါပေမဲ့ သင်ပျော်စရာတွေ ပြောပြီးဆိုရင်လည်း တခြားလူတွေထက် သူတို့က ပိုသဘောကျတတ်ပါတယ်။

Photos & Source: Candy

Share

Loading Next Article...
က္က