သားသမီးတွေကို ဂရုစိုက်ဖို့ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့လည်း လိုပါတယ်။
 

၁ - တအား အော်ခြင်း

စိတ်ဆိုးဒေါသထွက်တဲ့အခါမျိုး၊ ပြောချင်တဲ့ အဓိကအချက်ကို အာရုံစိုက်စေချင်လွန်းတာမျိုး ရှိတဲ့အခါ အဖေတွေက သားသမီးတွေကို အော်တတ်ပါတယ်။ ဒါပေမဲ့ အော်ဟစ်ခြင်းဟာ စိတ်ဆိုးဒေါသထွက်တာကို မပြေပျောက်စေပါဘူး။ ကိုယ်ပြောမယ့် အဓိကအချက်ကို ကလေးက ပိုအာရုံစိုက်သွားမယ်လို့ ထင်မြင်တာကလည်း မှားပါတယ်။ သင်အော်ဟစ်နေတဲ့အချိန်မှာ ကလေးရဲ့စိတ်ထဲ ကြောက်စိတ်တစ်ခုပဲ ရှိပါတယ်။ ဘာအတွေးမှ သူ့ခေါင်းထဲမှာ အလုပ်မလုပ်နိုင်ပါဘူး။သားသမီးတွေကိုမှ မဟုတ်ဘဲ မိသားစုဝင်တွေနဲ့ပတ်သက်တဲ့အခါ အော်ဟစ်ခြင်းဟာ ပြဿနာကို ဘယ်လိုမှ မဖြေရှင်းနိုင်တဲ့နည်း ဖြစ်ပါတယ်။ အခြေအနေကို ပိုတောင် ဆိုးသွားစေပါတယ်။

(သင်ကြိုက်နိုင်မယ့် ဆောင်းပါး -ပရော်ဖက်ရှင်နယ်ဆန်သူတစ်ယောက်ဖြစ်ဖို့ ပြုမူနေထိုင်သင့်ပုံ (၃) မျိုး )

 

၂ - အခြေခံလိုအပ်ချက် မဖြည့်ဆည်းနိုင်ခြင်း

သားသမီးတွေရဲ့ အခြေခံလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ လိုပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ငွေကြေးလိုပါတယ်။ ပြည့်ပြည့်ဝဝ မဖြည့်ဆည်းပေးနိုင်တဲ့အခါ မိသားစုတွင်း သင့်ရဲ့တာဝန်ဟာ မကျေပွန်သလို ဖြစ်နေပါတယ်။ သင့်ပေါ်အကြောက်တရားသာ ရှိနေပြီး လေးစားမှုလျော့ကျနိုင်ပါတယ်။

၃ - ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်

သားသမီးတွေကို ဂရုစိုက်ဖို့ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့လည်း လိုပါတယ်။ ကိုယ်ကျန်းမာမှ မိသားစုကို ရေရှည် စောင့်ရှောက်နိုင်မှာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်တိုးတက်ဖို့၊ ယုံကြည်မှုရှိနေဖို့ကလည်း အမြဲကြိုးစားနေရမှာ ဖြစ်ပါတယ်။ သားသမီးတွေကို အော်ဟစ်ရိုက်နှက်ဆုံးမတာထက် သူတို့ လေးစားအောင် စံပြနေပြတာက ပိုထိရောက်တဲ့ အုပ်ချုပ်ပုံဖြစ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်မယ့် ဆောင်းပါး - လုပ်ငန်းခွင်မှာ အမှားလုပ်မိရင် ဘယ်လိုဖြေရှင်းမလဲ )

 

၄ - ကတိမတည်ခြင်း

အဖေဟာ သူတို့အားကိုးထိုက်တဲ့လူလို့ ကလေးရဲ့စိတ်မှာ မပြောဘဲ သိမြင်နေရမှာ ဖြစ်ပါတယ်။ ဒီ့အတွက် သင်ဟာ ကတိတည်ရပါမယ်။ သူတို့နဲ့ပတ်သက်ရင် ခုတစ်မျိုး၊ တော်ကြာတစ်မျိုး ပြောလို့မရပါဘူး။ သူတို့အတွက် သင်ဟာ မှန်းဆမရတဲ့သူ၊ တသတ်မတ်တည်း မရှိတဲ့လူမျိုးအဖြစ် ထင်မြင်နေမှာမျိုးဟာ လုံးဝမဖြစ်သင့်ပါဘူး။

၅ - ဇနီးကိုဆန့်ကျင်ခြင်း

အပျော်သဘောမျိုးဆိုရင် ကိစ္စမရှိပါဘူး။ ဒါပေမဲ့ ကလေးတွေရဲ့ ရှေ့မှာ ကိုယ့်ဇနီးကို၊ ရိုက်တာ၊ အော်တာအပြင် ထင်ထင်ရှားရှား ဆန့်ကျင့်တာမျိုးတောင် မလုပ်သင့်ပါဘူူး။ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ မှီခိုမှုဟာ မိခင်တွေပေါ်မှာ ရှိပါတယ်။ သူတို့ မှီခိုရသူ တစ်ယောက် စော်ကားခံရတာဟာ ကလေးတွေကို စိတ်ဒဏ်ရာ အကြီးအကျယ်ဖြစ်စေပါတယ်။

(သင်စိတ်ဝင်စားနိုင်မယ့် ဆောင်းပါး - မိမိကိုယ်ကိုယ်ယုံကြည်စိတ်ရှိတဲ့ ကလေးတွေ ဖြစ်လာစေဖို့ )

 

၆ - အလိုလိုက်ခြင်း

လိုချင်တယ်လို့ တစ်ချက်ပြောလိုက်တာနဲ့ ချက်ချင်း ဖြည့်ဆည်းပေးတာမျိုး ဖြစ်ပါတယ်။ အသစ်အဆန်းတွေကို နှစ်သက်တဲ့ ကလေးဟာ အသစ်အဆန်းမြင်တိုင်းလိုချင်နေပါတယ်။ ပူဆာပါတယ်။ ဒါပေမဲ့ သူတကယ်လိုချင်တာလား၊ တကယ်နှစ်သက်တာလားဆိုတာကို သင့်ဘက်က သိဖို့လိုပါတယ်။ ဝယ်ပေးသင့်တဲ့အချိန်မှာ ဝယ်ပေးသင့်တဲ့ အရာကိုပဲ ဖြည့်ဆည်းပေးသင့်တာပါ။

(သင်စိတ်ဝင်စားနိုင်မယ့် ဆောင်းပါး - ဒီအချက် (၅) ချက်ကို သည်းခံနေရရင် သင်က အလွန်အမင်းဉာဏ်ရည်ထက်မြက်သူ ဖြစ်နေနိုင်)

 

၇ - နှိမ့်ချခြင်း

ကလေးရဲ့ စိတ်ဟာ ပျော့ပြောင်းပါတယ်။ သူတို့ကို နှိမ့်ချတာ၊ သူတို့ကို မကောင်းပြောတာမျိုး မလုပ်သင့်ပါဘူး။ ကလေးတစ်ယောက်အတွက် ကိုယ့်ကိုယ်ကိုယ်လေးစားမှု လျော့ကျသွားပါတယ်။ ငါဟာ သူတို့ပြောသလိုလူပဲ ဆိုတဲ့ စိတ်မျိုး ဖြစ်သွားတတ်ပါတယ်။ ဘာကိုပဲတွေးတွေး ငါက ဒီလိုလူဆိုတဲ့ အယူအဆပေါ် အခြေခံပြီးတွေးတောပါတော့တယ်။

Photos & Source: about parenting


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က