ပထမဆုံးမို့ အမှတ်ရဆုံးဖြစ်ပေမဲ့ နောက်ဆုံးကတော့ သင့်အတွက် အရေးပါဆုံးပါ။

 



ဝတ္ထုတွေ ဇာတ်လမ်းတွေဟာ ပထမဆုံးအချစ်ကို ခမ်းခမ်းနားနားရေးလေ့ရှိပါတယ်။ ဘဝမှာ ပထမဆုံးအချစ်ဟာ စိတ်လှုပ်ရှားဖွယ်ကောင်းတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကွဲသွားတဲ့အခါမှာလည်း ဘဝမှာအဆိုးဆုံးကြုံဖူးတဲ့ အသည်းကွဲဖြစ်ရပ်တစ်ခုလို ခံစားရနိုင်ပါတယ်။ အချစ်ဦးနဲ့ပေါင်းဖက်ရသူတွေကို ကံကောင်းသူတွေအဖြစ် သတ်မှတ်လေ့ရှိပါတယ်။ ဒါပေမဲ့ နောက်ဆုံးအချစ်ကလည်း အရေးပါပါတယ်။ ပထမဆုံးမို့ အမှတ်ရဆုံးဖြစ်ပေမဲ့ နောက်ဆုံးကတော့ သင့်အတွက် အရေးပါဆုံးပါ။ နောက်ဆုံးအချစ်ဟာ အရေးပါရတဲ့ အကြောင်းအရင်းတွေ ရှိပါတယ်။

၁ - လက်ခံပေးသူ

ကိစ္စရပ်ပေါင်းများစွာကို သင်ကြုံခဲ့ရပြီးနောက်မှာ သင့်ကို လက်ခံပေးသူဖြစ်ပါတယ်။ သင့်မှာရှိတဲ့ ကောင်းကွက်တွေရော၊ ဆိုးကွက်တွေကိုပါ သိသိနဲ့လက်ခံပေးသူဖြစ်ပါတယ်။ အဆိုးဆုံးအခြေအနေမှာတောင် သင့်ကို လက်ခံနိုင်သူပါ။

 

၂ - ကုန်ဆုံးမယ်သူ

နောက်ဆုံးချစ်သူဟာ သင့်ဘဝနှောင်းပိုင်းကာလတွေကို အတူကုန်ဆုံးမယ့်သူဖြစ်ပါတယ်။ ဘဝနှောင်းပိုင်းမှာ တွေ့ကြုံရမယ့်အရာတွေကို အတူတကွ ရင်ဆိုင်ဖြတ်သန်းမယ့်သူ ဖြစ်ပါတယ်။ ဆိုးတူကောင်းဖက် အတူရှိမယ့်သူ ဖြစ်ပါတယ်။

၃ - လေးနက်သူ

ပထမဆုံးအချစ်က မလေးနက်ဘူးလို့ မဆိုလိုပါဘူး။ ဒါပေမဲ့ နောက်ဆုံးအချစ်ရဲ့ လေးနက်မှုကတော့ အစစအရာရာ ရင့်ကျက်မှု ပါဝင်ပါတယ်။ အမှားတွေကနေ လေ့လာခဲ့ပြီးဖြစ်တာကြောင့် ပြဿနာတွေပေါ်ပေါက်တဲ့အခါ သည်းခံဖြေရှင်းတတ်သူပါ။

(သင်စိတ်ဝင်စားနိုင်မယ့် ဆောင်းပါး - လူတစ်ယောက်ဆီက ယုံကြည်မှုမြန်မြန်လိုချင်ရင် ဒီ (၅) ချက်လုပ်ပါ)

 

၄ - အမှား

အမှားသေးသေးလေးတွေကို အကြီးကြီး ဖြစ်သွားအောင် မလုပ်ပါဘူး။ သင့်ဘေးနားမှာ အမြဲရှိမယ့်သူ ဖြစ်တာကြောင့် တော်ရုံပြဿနာလောက်လေးကိုတော့ ပုံကြီးချဲ့မနေတော့ပါဘူး။ ရန်ဖြစ်စကားများရတာမျိုး လုပ်မနေတော့ပါဘူး။ သင့်ကိုနားလည်သူ ဖြစ်ပါတယ်။

 

၅ - လက်တွေ့ကျသူ

တကယ်ချစ်လား၊ မချစ်လားဆိုတာတွေက သိပ်ဂရုစိုက်စရာ မဟုတ်တော့ပါဘူး။ နှစ်ဦးသားနားလည်မှုဟာ  နက်ရှိုင်းပါတယ်။ ဘယ်လိုလက်တွေ့ကျကျ ဖြတ်သန်းမလဲဆိုတာကိုပဲ တွေးပါတယ်။ တစ်သက်လုံးလက်တွဲသွားရမယ့်သူဆိုတာ သိနေတာကြောင့် ပြဿနာတွေကို လက်တွေ့ကျကျ ဖြေရှင်းဖို့ပဲ စဉ်းစားပါတယ်။

(သင်စိတ်ဝင်စားနိုင်မယ့် ဆောင်းပါး - လူတစ်ယောက်ဆီက ယုံကြည်မှုမြန်မြန်လိုချင်ရင် ဒီ (၅) ချက်လုပ်ပါ)

Photos & Source: Candy


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က