ယောက်ျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် အလွန်အကျွံ crush ခံနေရပါသလား။ ဒီနည်းတွေနဲ့ ဖယ်ထုတ်လိုက်ပါ။
 

ယောက်ျားလေးတစ်ကယောက်က ကိုယ့်ကို အတင်းကာရော လိုက်ကပ်နေတာ၊ ရည်းစားစကား အတင်းလိုက်ပြောနေတာက အတော်စိတ်ရှုပ်ရတဲ့အရာပါ။ ကိုယ်က ပြန်ချစ်နိုင်လောက်မယ့်လူမို့ စောင့်ကြည့်စဉ်းစားတာက အခြေအနေတစ်ရပ်ဖြစ်ပါတယ်။ ကိုယ်မချစ်နိုင်ဘူးပြောနေတဲ့ကြားက အတင်းကာရော လိုက်ကြိုက်နေပြီဆို ဒီနည်းတွေနဲ့ ခွာထုတ်လိုက်ပါမယ်။

၁။ စာမပြန်နဲ့

သူက မက်ဆေ့တွေပို့လာခဲ့ရင် ကိုယ်က ပြန်မပြောဘဲနေပါ။ ဖွင့်မကြည့်ရင် ပိုကောင်းပါတယ်။ ကိုယ်က သူဘာပြောပြော ပြန်မပြောဘဲနေရင် တော်ရုံနဲ့ ရှေ့မတိုးကြတော့ပါဘူး။

၂။ ကိုယ်ကြိုက်မယ့်ပုံစံကိုပြော

ကိုယ်လိုချင်တဲ့ချစ်သူက ဘယ်လိုပုံစံမျိုးလဲဆိုတာ သူသိအောင် ပြောပြလိုက်ပါ။ သူ့ပုံစံမျိုးဟာ ကိုယ့်အကြိုက်မဟုတ်တာကြောင့် ဘယ်တော့မှ စိတ်မကူးဘူးဆိုတာပါ သိသွားပါစေ။

 

၃။ ဘော်ဒါဖွဲ့

သူငယ်ချင်းဖြစ်အောင် လုပ်လိုက်တာလည်း ကောင်းပါတယ်။ ယောက်ျားလေးတွေဟာ မိန်းကလေးသူငယ်ချင်းကိုဆိုရင် ချစ်သူဖွဲ့ဖို့ထက် စောင့်ရှောက်ဖေးမဖို့ကိုပဲ ပိုအားသန်ပါတယ်။ မိန်းကလေးတွေကျတော့လည်း ယောက်ျားလေးသူငယ်ချင်းကိုဆို ဘယ်လောက်ကြိုက်ကြိုက် အထာမပေးရဲတော့ဘူးလေ။

၄။ နှစ်ယောက်တည်းမတွေ့နဲ့

နှစ်ယောက်တည်းတွေ့ခြင်းဟာ သူ့ကို အခွင့်အရေးပေးသလို ဖြစ်သွားပါတယ်။ ဘယ်လိုအခြေအနေမျိုးမှာမဆို သူနဲ့ကိုယ် နှစ်ယောက်တည်းရှိနေတာမျိုး မဖြစ်အောင် ရှောင်ပါ။ တွေ့ရမယ်ဆိုလည်း သူငယ်ချင်းတွေဆုံပြီး တွေ့တာမျိုးပဲ ဖြစ်သင့်ပါတယ်။

၅။ အရောတဝင်မနေနဲ့

သူ့ကို အဖက်လုပ်ပြီး စကားပြောတာ၊ တရင်းတနှီး နေပြတာမျိုးကလည်း ကိုယ်ကသူ့ကို လိုလားသလို ထင်သွားစေပါတယ်။ ခပ်တည်တည်နေပါ။

 

၆။ ကိုယ့်ရဲ့ချို့ယွင်းချက်တွေကိုပြ

သူကတော့ အရမ်းကိုကြွေနေသူပီပီ ကိုယ်ဘာလုပ်လုပ် အကောင်းပဲမြင်နေမှာပဲ။ ကိုယ့်အားနည်းချက်တွေကိုလည်း မမြင်ဘဲရှိနေဦးမှာပေါ့။ အဲ့ဒီတော့ ကိုယ့်ရဲ့ပြစ်ချက်တွေကို သူသိအောင်ပြလိုက်တာလည်း ကောင်းပါတယ်။ အရမ်းအကောင်းကြီး ထင်နေပြီးမှ ထင်သလိုမဟုတ်မှန်းသိလိုက်ရင် နောက်ပြန်ဆုတ်သွားပါလိမ့်မယ်။

၇။ ပွင့်ပွင့်လင်းလင်းသာပြောလိုက်

အပေါ်ကနည်းလမ်းတွေနဲ့မှ မရပ်တန့်သေးဘူးဆိုရင် ကိုယ့်အနေနဲ့ သူ့ကို ဘယ်နည်းနဲ့မှ ပြန်မချစ်နိုင်ဘူးဆိုတာ ဒဲ့သာပြောလိုက်ပါတော့။ အရိပ်ပြလို့အကောင်မမြင်ဘဲ အတင်းကာရော ရှေ့တိုးလာတဲ့လူကို ဒီနည်းနဲ့ပဲ ရင်ဆိုင်မှ ဖြစ်တော့မှာပါ။ အားနာနေရမယ့်အချိန် မဟုတ်ပါဘူး။ သူ့လုပ်ရပ်တွေက ကိုယ့်ကို စိတ်ဒုက္ခဖြစ်စေကြောင်း ပြောလိုက်ပါ။ သူသာကိုယ့်ကို တကယ်တန်ဖိုးထားတယ်ဆို ရပ်တန့်ပေးပါလိမ့်မယ်။

ဆက်စပ်ဖတ်ရှုချင်စရာ ---> အမျိုးသမီးတိုင်း တတ်ထားသင့်တဲ့ အထိရောက်ဆုံး ကိုယ်ခံပညာနှစ်ကွက်

Share

Loading Next Article...
က္က