တစ်ခါတစ်လေမှာ စကားလေးတစ်ခွန်းကြောင့် ပြဿနာ ဖြစ်တတ်ပါတယ်။ ရုတ်တရက် ကိုယ့်ဘက်က ဘာရယ်မဟုတ်ဘဲ ပြောလိုက်တဲ့စကားတစ်ခွန်းက သူ့ဘက်က စိတ်မကြည်လင်တဲ့အချိန်နဲ့ ကြုံတဲ့အခါမျိုးတွေမှာ ပြဿနာ ဖြစ်ရပါတယ်။ ယောကျာ်းလေးပဲ ဖြစ်ဖြစ်၊ မိန်းကလေးပဲ ဖြစ်ဖြစ် လက်တွဲဖော်တွေဆီက မကြားချင်တဲ့ စကားမျိုး ရှိပါတယ်။ ဒီလိုစကားမျိုးတွေကို သိထားတဲ့အခါ နှစ်ယောက်ကြားမှာ ဆက်ဆံရေးအဖုအထစ်တွေကို ရှောင်ရှားနိုင်ပါတယ်။

၁ - သူ့သူငယ်ချင်းတွေ ရှေ့မှာ ဝေဖန်တာ

သာမန်ချိန်မှာဆို ကိစ္စမရှိပေမဲ့ သူ့သူငယ်ချင်းတွေရှေ့မှာ ကိုယ့်ကိုယ် ဝေဖန်ရင် မကြိုက်ပါဘူး။ ကိုယ့်မကောင်းကြောင်းပြောရင် မကြိုက်ပါဘူး။ သူငယ်ချင်းတွေရှေ့ နောက်ပြောင်တဲ့အနေနဲ့ ပြောတာမျိုး ဖြစ်နိုင်ပေမဲ့ သူ့သူငယ်ချင်းတွေ အတည်ထင်သွားမှာ ကြောက်တာပါ။ ကိုယ့်အခြေအနေက အနှိမ်ခံ၊ အပြောခံမျိုး အဖြစ် ထင်သွားမှာ စိုးတာပါ။ ဒီလိုထင်မြင်မှုကနေ မကျေနပ်ချက်က ထွက်ပေါ်လာတာပါ။

 

၂ - အလုပ်ကို မုန်းတဲ့စကား

မိန်းကလေးပဲ ဖြစ်ဖြစ်၊ ယောကျာ်လေးပဲ ဖြစ်ဖြစ် ကိုယ့်ရဲ့ အလုပ်နဲ့ ဝင်ငွေကို ဝေဖန်မှတ်ချက်စကားပြောတာမျိုးလည်း မကြိုက်ကြပါဘူး။ ဒီလိုဝေဖန်မှတ်ချက်စကားမျိုး ပြောခံရတဲ့အခါ အမျိုးသားတွေဟာ အလုပ်အကိုင်နဲ့ပတ်သက်ပြီး တစ်ဖက်က နှိမ်ချတဲ့ အမြင်မျိုး ရှိနေတယ်လို့ ထင်တတ်ကြပါတယ်။ အမျိုးသမီးတွေကတော့ သူတို့လက်ရှိအခြေအနေကို တစ်ဖက်က လက်မခံချင်ဘူးလို့ ထင်တတ်ကြပါတယ်။

၃ - ခံစားလွယ်တယ်

ကောင်းနေတုန်းအချိန်မှာ ဒီစကားက ဘာမှသိပ်မဖြစ်ပေမဲ့ စိတ်မကြည်တဲ့အချိန်မှာတော့ ခံပြင်းစရာကောင်းတဲ့ စကားပါ။ ကိုယ့်အပေါ် တစ်ဖက်က ခုချိန်ထိ နားမလည်သေးဘူးလို့ ခံစားရပါတယ်။ ကိုယ့်အပေါ် ပေါ့ပျက်ပျက်မြင်တယ်လို့ ခံစားမိပါတယ်။ စိတ်ဆိုးနေတယ်ဆိုရင်လည်း အခြားစကားတစ်ခုနဲ့ ဖြေဖျောက်ပေးသင့်ပါတယ်။

(သင်ကြိုက်နိုင်တဲ့ ဆောင်းပါး -ညီမလေးအတွက် ဘဝကြင်ဖော်ကောင်းကို ဘယ်လိုရွေးချယ်မှာလဲ )

 

၄ - မကြိုက်ဘူး

တကယ်တော့ ကိုယ်ကြိုက်တဲ့ အနံ့၊ ကိုယ်ကြိုက်တဲ့ အစားအစာတွေကို သူ့ဘက်က မကောင်းပြောနေတာမျိုးကို သဘောသိပ်မကျပါဘူး။ ကိုယ်သုံးတဲ့ ရေမွှေးနံ့က မကောင်းဘူးလို့ ပြောတာတွေကိုလည်း မကြိုက်ပါဘူး။ ဒါပေမဲ့ စုံတွဲတွေကြားမှာ ဒီလိုပြောဆိုမှုကို မကြိုက်ဘူးလို့ ထုတ်ဖော်ပြောလေ့ မရှိကြပါဘူး။

၅ - ခန္ဓာကိုယ်ကို ဝေဖန်တာ

အထူးသဖြင့် အမျိုးသမီးတွေဟာ သူတို့ခန္ဓာကိုယ်နဲ့ပတ်သက်လို့ လက်တွဲဖော်တွေက အပြုသဘောမဆောင်တဲ့ မှတ်ချက်မျိုး ပြုရင် မကြိုက်ပါဘူး။ အရိပ်အယောင်မျိုး ပြောတဲ့အခါမျိုးမှာ ပိုစိတ်ဆိုးတတ်ပါတယ်။ ခန္ဓာကိုယ်ပုံပန်းမကျမှုပေါ်ထောက်ပြပြီး ဘယ်လိုအဝတ်အစားဝတ်သင့်ကြောင်း အကြံပေးတာကိုလည်း မနှစ်သက်တတ်ကြပါဘူး။

(သင်ကြိုက်နိုင်တဲ့ ဆောင်းပါး - ကိုယ့်ကိုဒုက္ခပေးနေတဲ့ အဆိပ်လို သူငယ်ချင်း )

Photos & Source: Prevention

Share

Loading Next Article...
က္က