အပေါ်ယံကောင်းပြပြီး နောက်ကျောကိုဓားနဲ့ထိုးမယ့်လူတွေထက် ပွင့်ပွင့်လင်းလင်းသမားတွေက ပိုကောင်းပါတယ်။
 

တစ်ယောက်ကိုတစ်ယောက် ပြောဆိုဆက်ဆံရာမှာ ချိုချိုသာသာ ယဉ်ယဉ်ကျေးကျေးလေးနဲ့ ပြောဆိုမယ်ဆိုရင် အကောင်းဆုံးပဲမဟုတ်လား။ ဒါကို လူတိုင်းကလည်း နှစ်သက်ကြပါတယ်။ ဒါပေမဲ့လည်း စိတ်ရှုပ်စရာတွေ များပြားလှတဲ့ လောကကြီးမှာ အမြဲတမ်း သိမ်သိမ်မွေ့မွေ့လေး နေထိုင်ဖို့က ခက်လှပါတယ်။ ပွင့်ပွင့်လင်းလင်းနဲ့ အရှိကိုအရှိအတိုင်း ပြောဆိုဆက်ဆံတတ်သူတွေနဲ့ ခင်မင်ရတဲ့အခါ ဒီလိုအားသာချက်တွေတော့ ရှိပါတယ်။

၁။ တည့်တည့်ပြောရရင် လူယဉ်ကျေးတွေနဲ့ ပြောဆိုနေရသလိုမျိုး ပြောဖို့မလိုပါဘူး။ ကိုယ့်စိတ်ရှိတဲ့အတိုင်း ပြောချလိုက်လို့ ရတယ်လေ။ စိတ်ကို ချုပ်ထိန်းထားဖို့ မလိုဘူး။

၂။ ခပ်တန်းတန်းနဲ့ အသည်းမာအောင် နေဖို့အတွက်လည်း နားလည်ကျင့်သုံးမိလာပါလိမ့်မယ်။ တချို့လူတွေက လိုက်လျောဖို့ မကောင်းဘူးလေ။ ကိုယ်က အလျော့ပေးနေတော့ အနိုင်ကျင့်ချင်ကြတယ်။ ခပ်တန်းတန်းပဲ နေလိုက်တော့။

၃။ ပုံမှန်ထက်ပိုပြီး ချစ်ခင်တွယ်တာစိတ်လေးထားက ပြဿနာမဟုတ်ဘူးမို့လား။ ဒါဆိုရင် မုန်းချင်လို့ မုန်းလိုက်ရတာလည်း ပြဿနာမဟုတ်ဘူးလေ။ ဘာဖြစ်လဲ ကိုယ့်စိတ်နဲ့ကိုယ် နေရတာပဲကောင်းပါတယ်။

 

၄။ မကြိုက်တာကို မကြိုက်ကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ပြောတတ်သူတွေနဲ့ ခင်မင်ရတာ ကောင်းပါတယ်။ ဟန်ဆောင်တာတွေလည်းမရှိတော့ ကိုယ့်စိတ်ထဲရှိတာကိုလည်း ဘွင်းဘွင်းကြီး ပြောလိုက်ရုံပဲပေါ့။

၅။  အတင်းအုပ်တာလေ...။ သူများအကြောင်း ပြောရတာက စိတ်ပြေလက်ပျောက်တော့ ရှိသားနော်။ မကောင်းတဲ့အကျင့်ဆိုးလေး ဆိုပေမဲ့ ကိုယ်လိုမျိုး အကျင့်ဆိုးလေးတွေ ရှိသူနဲ့ရင်းနှီးရတော့ ပေါင်းလို့ရတာပေါ့။ သူများအကြောင်းပြောရတာဟာ စိတ်ဖိစီးမှုကို သက်သာလျော့ပါးစေနိုင်ပြီး ခန္ဓာကိုယ်အတွက် ကောင်းတဲ့ဟော်မုန်းတွေ ထွက်လာစေကြောင်း သုတေသနတစ်ခုကလည်း ကြေညာခဲ့ဖူးပါတယ်။

၆။ အမြဲတမ်းလိုလို သဘောတွေကောင်းပြ၊ ယဉ်ကျေးပြနေတဲ့ လူတွေကို မြင်ရတာ ပျင်းဖို့ကောင်းပါတယ်။ သူတို့က အတင်းကာရော စွတ်ကောင်းပြနေတော့ ကိုယ်က အမှားလေးတစ်ခုခု လုပ်မိတာနဲ့ လူဆိုးဘဝရောက်သွားရောလေ။ ကိုယ့်လိုလူတွေနဲ့ပဲပေါင်းတော့ အချင်းချင်းက နားလည်ပြီးသား။

 

၇။ တချို့လူတွေကျတော့လည်း အပြင်မှာသာ သဘောကောင်းပြနေတာ တကယ်တမ်းမှာ အလိမ်အညာတွေချည်းပဲ။ နောက်ကွယ်ကျရင် ကိုယ့်ကို မကောင်းကြံသွားကြတာလည်း အဲ့ဒီ သဘောကောင်းတဲ့လူတွေပါပဲ။

၈။ ကိုယ်က စိတ်ခံစားလွယ်သူ၊ ဟန်မဆောင်တတ်သူဆိုရင် ဘွင်းဘွင်းရှင်းရှင်းသမားတွေနဲ့ပဲ ပေါင်းသင့်တာပေါ့။ ကိုယ့်စိတ်က သူများတွေလိုမှ ဟန်မဆောင်နိုင်တာ။

၉။ ရန်ဖြစ်စရာရှိ ဖြစ်လိုက်မှာပဲ၊ စကားများစရာရှိရင် များမှာပဲ။ ပြီးရင်တော့ ပြန်ပြေလည်လိုက်တဲ့လူမျိုး။ အပေါ်ယံမှာ သည်းခံပြပြီး ကြိတ်ပုန်းအကောက်ကြံတာမျိုး မဟုတ်တာ ပွင့်ပွင့်လင်းလင်းသမားတွေပါ။

Source : Buzzfeed

Share

Loading Next Article...
က္က