Relationships: အသက်ကြီးလာလေ အပေါင်းအသင်းနည်းလေ ဖြစ်ရတဲ့ အကြောင်းရင်း (၃) ခု

အပေါင်းအသင်းနည်းသွားပေမယ့် သူငယ်ချင်းအစစ်တွေက ရှိနေမှာပါ

အသက်တွေကြီးလာတာနဲ့ အမျှ သူငယ်ချင်းအပေါင်းအသင်းတွေက နည်းသထက်နည်းလာတာကို သင် သတိထားမိပါသလား။ ငယ်ငယ်တုန်းက တစ်ချိန်လုံး ထိတွေ့ပြောဆိုနေခဲ့တဲ့ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်ပြတ်တောက်နေမယ်။ အပြင်မှာ ဆုံဖို့ ချိန်းရတာလည်း ခက်ခဲလာမယ်။ ကိုယ့်ဘဝနဲ့ကိုယ် ဖြစ်လာကြပြီ။ အမှတ်တရတွေ တပြုံတမကြီးနဲ့ ဓာတ်ပုံတွေတော့ ကျန်နေသေးတယ်။ ဒါက လူတိုင်း တွေ့ကြုံရမယ့် သဘာဝတရားတစ်ခု ဖြစ်တာမို့ သိပ်တော့ မထူးဆန်းပါဘူး။

အချိန်တွေ နည်းလာလာတာကြောင့်

play

 

အလုပ်ကိုယ်စီနဲ့ အချိန်တွေ မလောက်မင ဖြစ်လာတယ်။ အလုပ်ကိုယ်စီနဲ့ ဖြစ်လာတဲ့အခါ အချိန်တွေ ပိုရှားပါးလာပါတယ်။ အိမ်ထောင်ကျတဲ့သူက ကျပြီး ကိုယ့်မိသားစုနဲ့ကိုယ်ဖြစ်သွားကြတယ်။ တစ်နှစ်ထက်တစ်နှစ် ပိုပြီး တာဝန်နဲ့ ဝတ္တရားတွေ ပိုများလာပါပြီ။ အသက်အရွယ်ကြီးလာတဲ့အမျှ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ပျော်ပါးဖို့ အချိန်ဆိုတာ အလွန်နည်းပါးလာတာကြောင့် ဖြစ်ပါတယ်။ လူသစ်၊ မိတ်ဆွေသစ်တွေနဲ့ တွေ့ဆုံဖို့ အခွင့်အရေးကလည်း နည်းသွားပါတယ်။ ဒါကြောင့် ကိုယ့်ဘေးက အကောင်းဆုံးသူငယ်ချင်းတွေကို တန်ဖိုးထားရပါမယ်။ ကိုယ်ပိုင်အချိန်လေး ရအောင် မနည်းရှာနေရတာမို့ တစ်ခါတစ်လေ အေးအေးဆေးဆေး နေလို့ရချိန်တွေဆိုရင် ကိုယ့်အပေါ်ကောင်းတဲ့၊ ကိုယ့်ကို အရမ်းချစ်တဲ့သူတွေကိုပဲ ပြန်ပေးဆပ်ချင်၊ ပြန် ဂရုစိုက်ချင်ပါတော့တယ်။ မိသားစုဝင်တွေရယ်၊ အနီးကပ်ပေါင်းတဲ့ သူငယ်ချင်း တစ်ယောက်၊ နှစ်ယောက်လောက်နဲ့ပဲ အားလပ်ချိန်ကို ဖြတ်သန်းချင်ပါတော့တယ်။

သင်စိတ်ဝင်စားနိုင်တဲ့ ဆောင်းပါး - ယဉ်ကျေးသိမ်မွေ့သူတွေထက် ဘွင်းဘွင်းရှင်းရှင်းသမားတွေရဲ့ အားသာချက် (၉) ခု

ကိုယ့်အပေါ် မကောင်းတဲ့သူငယ်ချင်းတွေကို သည်းခံမပေါင်းချင်တော့တာကြောင့်

play

 

လူငယ်ဘ၀၊ ဆယ်ကျော်သက်ဘ၀မှာ သူငယ်ချင်း၊ မိတ်ဆွေအအပေါင်းအသင်းတွေ များနိုင်သမျှ များများထားချင်စိတ် ရှိချင်လိမ့်မယ်။ လူငယ်သဘာဝ ကိုယ့်အပေါ်မှာ မကောင်းတဲ့ သူငယ်ချင်းဖြစ်နေပေမယ့်လည်း အနစ်နာခံ ပေါင်းသင်းတာမျိုး လုပ်ချင်လုပ်ခဲ့လိမ့်မယ်။ အသက်ကြီးလာတာနဲ့အမျှ အတွေ့အကြုံတွေက စကားပြောလာပါလိမ့်မယ်။ သူများအတွက် ဘယ်လိုပဲ ကောင်းကောင်း သင့်အပေါ်မှာတော့  မကောင်းတဲ့လူတွေနဲ့ တွေ့ကြုံလာရလိမ့်မယ်။ မရိုးသား၊ မဖြောင့်မတ်တဲ့ သူငယ်ချင်းအတွက်၊ သင့်အပေါ် မကောင်းတဲ့ မိတ်ဆွေတွေအတွက် သင့်မှာ သည်းခံနိုင်စွမ်း အများကြီးရှိမှာ မဟုတ်တော့ပါဘူး။ ရှိလည်း မရှိသင့်တော့ပါဘူး။ တကယ့် ဘ၀လမ်းခရီးကို လျှောက်လှမ်းနေချိန်မှာ မရိုးဖြောင့်တဲ့ အပေါင်းအသင်းတွေကို လက်တွဲဖြုတ်ခဲ့တာ အကောင်းဆုံးပါပဲ။ သင့်ရဲ့ အခက်အခဲဆုံးအချိန်တွေမှာ သင်နဲ့ အနီးကပ်ဆုံး ဘယ်သူငယ်ချင်းက ရှိနေပြီးတော့ ဘယ်သူကတော့ ရှောင်ဖယ်သွားတယ်ဆိုတာတွေလည်း သိလာပါလိမ့်မယ်။

သင်စိတ်ဝင်စားနိုင်တဲ့ ဆောင်းပါး - သင့်ဘဝရဲ့ အရေးအကြီးဆုံး လူ (၃) မျိုး

သူငယ်ချင်းကောင်းတွေနဲ့က ပိုပြီး လေးလေးနက်နက်တိုင်ပင်ရင်ဖွင့်လို့ ရတာကြောင့်

play

လူဆိုတာ တစ်ယောက်တည်းရှင်သန်ရပ်တည်ဖို့ ခက်ခဲတဲ့ အမျိုးဖြစ်တာကြောင့် ဘ၀မှာ သွေးသားရင်းချာလို သူငယ်ချင်းတွေ ရှိသင့်ပါတယ်။ သင့်ဘေးမှာ နောက်ဆုံးအချိန်အထိ ညီအစ်ကို၊ မောင်နှမလို လေးနက်တဲ့ ဆက်ဆံရေးရှိတဲ့ သူငယ်ချင်းကောင်းတွေသာ ကျန်ရှိနေမှာပါ။ အသက်အရွယ်လေးရလာရင် လူတိုင်းမှာ လျှို့ဝှက်ချက်တွေ၊ ရင်ဖွင့်စရာတွေ ကိုယ်စီရှိလာကြမယ်။ လူတိုင်းကို ရင်ဖွင့်လို့ မသင့်တော်တဲ့ ကိစ္စတွေကို တိုင်ပင်တဲ့အခါမှာ စစ်မှန်တဲ့သူငယ်ချင်းတွေကိုပဲ သင်အားကိုးယုံကြည်လို့ ရမှာဖြစ်ပြီး သင့်အ သင့်အတွက် အမြဲရှိနေမှာပါ။ ဒီလိုနဲ့ ဆက်ဆံရေးဟာ လာပါလိမ့်မယ်။

သူငယ်ချင်းတွေနဲ့ အဆက်အသွယ်မပြတ်အောင် ဘယ်လိုနေမလဲ

 

Source : lifehack, CNN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ