Relationships: ကိုယ့်ကိုလှည့်စားနေတဲ့ ချစ်သူကို ဘယ်လိုကျောခိုင်းကြမလဲ

အဓိကကျဆုံး နည်းလမ်း နှစ်ခုရှိပါတယ်... ခဏတော့ နာကျင်ရပေမဲ့ ကိုယ်မှစမဖြတ်ရင် ကိုယ်ပဲထိခိုက်ရမှာပါ။

play

 

အချစ်စစ်မှန်ရင် သူ့ဘက်က နားလည်လာမှာပဲတဲ့။ ဒါပေမဲ့ ကိုယ့်ကို လိမ်ညှာလှည့်ဖြားပြီး ကစားနေတဲ့ ချစ်သူမျိုးဆိုရင်တော့ သူ့ကြောင့် ကိုယ်အသည်းမကွဲမီ ကိုယ်ကဦးအောင် ကျောခိုင်းမှ ဖြစ်မှာပါ။ ထားရစ်သူနဲ့ ကျန်ရစ်သူဟာ ချစ်စိတ်ချင်းတူညီနေမှသာ ခံစားရမှာပေါ့။ ဒီလိုမှမဟုတ်ဘဲ သူက ကိုယ်မရှိလည်း အဆင်ပြေနေမယ့်လူ၊ ကိုယ့်လိုလူတွေ အများကြီးရှိတယ်ဆိုပြီး ကိုယ့်အပေါ် ကစားနေတဲ့ချစ်သူမျိုးကိုတော့ ရင်ကွဲချင်ကွဲပလေ့စေ ကိုယ်ကစပြီးတော့သာ လမ်းခွဲလိုက်ပါ။

play

 

၁။ အမှန်အတိုင်းဖြစ်ပါစေ

လမ်းခွဲချိန်တန်ပြီဆို လိမ်ညာတာတွေကို ရှောင်လိုက်ပါ။ ဥပမာပြောရရင် " နင့်အမှားမဟုတ်ပါဘူး၊ ငါကိုယ်က..." အဲ့သလိုတွေ စကားရှည်ရှည် အစပျိုးမနေပါနဲ့။ အဓိကပြောချင်တာကို ပြောရပါမယ်။ ကိုယ်လိုချင်တာက ဘာလဲ? ကိုယ့်အပေါ် သူပြုမူနေတာတွေက ဘယ်လိုတွေလဲ? အားလုံးက ဆန့်ကျင်ဘက်တွေဖြစ်နေပြီ။ ဒီလိုနည်းနဲ့ ရှေ့ဆက်မယ်ဆို ဘယ်လိုမှမဖြစ်တော့ဘူးလို့ ပြောလိုက်ပါ။ ဖြစ်နိုင်သမျှ စကားကို တိုတိုပြောပါ။ သူပြောတာတွေလည်း နားမယောင်နဲ့တော့။

 

၂။ ဖြည်းဖြည်းချင်းပြော

တချို့တွေက ဆရာကြီး/ ဆရာမကြီးတွေ။ သူတို့ကသာ ကစားနေတာ၊ သူများက ပြန်ကစားမှာတော့ အသေကြောက်ကြတယ်။ ကိုယ့်ကို ဂရုတစိုက်လည်းမရှိဘူး၊ နောက်ကွယ်မှာလည်း လုပ်ချင်သလိုလုပ်နေတာ။ လမ်းခွဲမယ်ပြောရင် ဘယ်လိုမှလက်မခံပြန်ဘူး။ ဒါမျိုးကျတော့ ဖြတ်ရခက်တယ်။ ဖြည်းဖြည်းချင်းညှင်းပြီး ဖြတ်ပါ။ သူ့ဖေ့စ်ဘွတ်ပို့စ်တွေကို မကြည့်နဲ့တော့၊ unfollow လုပ်ပလိုက်။ ဘာရေးရေး၊ ဘာတင်တင် reaction လည်းမပေးနဲ့၊ comment လည်း မရေးနဲ့။ စာပို့လာရင်လည်း ပြန်မရေးနဲ့။ ဖုန်းခေါ်တိုင်းလည်း မကိုင်နဲ့။ ၅ ကြိမ်ခေါ်မှ ၁ ကြိမ်လောက်ပဲကိုင်။ တွေ့တာကိုလည်း လျှော့ရင်းလျှော့ရင်းနဲ့ နောက်ဆုံး သူ့ဘက်က စိတ်ကုန်သွားလိမ့်မယ်။

Source : Askmen

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ