Relationships: အဖေ့အချစ်တော် သမီးလေးတွေမှာ ရှိတတ်တဲ့အရာ (၂) ခု

ဘ၀မှာ ပိုတော်၊ ပိုထက်မြက်လာအောင် လုပ်ဆောင်ပေးနိုင်ပါတယ်

မွေးကတည်းက ကြီးလာတဲ့အထိ သားသမီးတွေနဲ့ အနီးကပ်နေရင်း ပြုစုဂရုစိုက်လေ့ရှိတာ အမေတွေ ဖြစ်လေ့ရှိပါတယ်။ အဖေတွေက အိမ်ထောင်ဦးစီးဖြစ်တဲ့အတွက် စီးပွားရှာရတယ်။ လူမှုရေးကိစ္စတွေနဲ့ တခြားတာဝန်တွေရှိတာကြောင့် သားသမီးတွေနဲ့ အပေါ် သံယောဇဉ်၊ မေတ္တောတွေ ရှိပေမယ့်လည်း အချိန်ပေးပြီး တရင်းတနှီး မနေဖြစ်ကြပါဘူး။ သားယောက်ျားလေးတွေအတွက်ပဲ ဖခင်က စံပြပုဂ္ဂိုလ်အဖြစ် ရှိတာမဟုတ်ပါဘူး။ ဖခင်နဲ့ အနီးကပ်နေရတဲ့ သမီးမိန်းကလေးတွေက ကြီးလာတဲ့အခါမှာ ကိုယ့်ကိုယ်ကို ပိုပြီး ဂရုစိုက်နိုင်တယ်။ ကိုယ့်ဘဝကို ထိန်းကျောင်းနိုင်တဲ့သူတွေ အဖြစ် ကြီးပြင်းလေ့ ရှိကြပါတယ်။

ခန္ဓာကိုယ်အချိုးအစားနဲ့ ပတ်သတ်ပြီး ယုံကြည်မှုအပြည့်ရှိတယ်

play

ဖခင်နဲ့နီးနီးကပ်ကပ်နေပြီး သူ့ရဲ့ ရင်းနှီးချစ်ခင်မှု၊ ဂရုစိုက်မှုတွေ ရရှိနေတဲ့ သမီးတွေက သူတို့ရဲ့ ခန္ဓာကိုယ် အချိုးအစားကို ပိုပြီး ဂရုစိုက်လေ့ရှိကြပြီး အစားအစာ စားသောက်တဲ့အခါမှာလည်း ကျန်းမာရေးနဲ့ပိုသင့်တော်တဲ့ အစားအစာတွေကို ရွေးချယ်စားသောက်တတ်ကြပါတယ်။

play

 

သူတို့ကိုယ်သူတို့ ဘယ်လိုပုံစံပဲ ဖြစ်နေနေ ယုံကြည်မှုအပြည့်ရှိနေတတ်တာ တွေ့ရပါတယ်။ ဖခင်ရဲ့ဂရုစိုက်မှု၊ အလေးပေးခြင်းကို ခံရတဲ့အတွက် သူတို့က မလှမပဖြစ်နေရင်တောင် ပတ်ဝန်းကျင်က ဘယ်လိုပဲ ကဲ့ရဲ့ဝေဖန်ပါစေ၊ ဒါတွေအပေါ် ထည့်သွင်းစဉ်းစားပြီး ခံစားမနေတတ်ကြပါဘူး။

လူမှုဆက်ဆံရေးကောင်းပြီး ဉာဏ်ရည်ထက်မြက်တယ်

play

 

ငယ်ငယ်တုန်းက အဖေနဲ့ တူတူဆော့ခွင့်ရတဲ့ ကလေးတွေက အရွယ်ရောက်လာတဲ့အခါမှာ လူမှုဆက်ဆံရေးအပိုင်းမှာ ကောင်းမွန်တာကို တွေ့ရပါတယ်။ ဘာကြောင့် ဒီလို အဆင်ပြေတာလဲဆိုတော့ ဆန့်ကျင်ဘက်လိင်ကပေးတဲ့ စိတ်လှုပ်ရှားမှုတွေကို ကောင်းကောင်းထိန်းချုပ်နိုင်တဲ့အပြင် တစ်ခုခုကို လျှင်မြန်စွာ တုံ့ပြန်တတ်ခြင်း၊ အကြိမ်ကြိမ်အခါခါ ရှုံးနိမ့်လည်း မလဲကျသွားအောင် တောင့်ခံနိုင်ခြင်း စတဲ့ သည်းခံတတ်မှုအပိုင်းတွေမှာ ကလေးဘ၀ကတည်းက သင်ယူပြီးခဲ့လို့ပဲ ဖြစ်ပါတယ်။

play

 

စိတ်ဓာတ်ခိုင်မာမှုအပိုင်းမှာ ဖခင်ရဲ့ အကျင့်စရိုက်တွေကို မြင်တွေ့ခဲ့ပြီး အတုယူလေ့ရှိကြပါတယ်။ ကလေးဘ၀တုန်းက ဖခင်နဲ့အတူ စာဖတ်တာတွေ၊ ပြတိုက်တွေအတူတူသွားတာတွေ၊ ဂိမ်းအတူတူဆော့တာတွေ လုပ်ခဲ့တဲ့ သမီးငယ်တွေဟာ အသက် (၁၁) နှစ်လောက်ကတည်းက သူများနဲ့မတူတဲ့ ဉာဏ်ရည်ကို ရရှိနေကြပါပြီ။

ဖေဖေကြီးက ဒီလိုအားပေးနေကြပါ

 

ဖခင်နဲ့ တူတူဆော့ကစားပြီး သူ့အရိပ်အောက်မှာ ကြီးပြင်းရတဲ့ သမီးတွေက အရွယ်ရောက်တဲ့အခါမှာ ဒီလို အချက်တွေနဲ့ ပြည့်စုံပြီး စိတ်ဓာတ်ခွန်အားပြည့်ဝတဲ့ မိန်းမကောင်းလေးတွေ ဖြစ်လာစေနိုင်ပါတယ်။

ှSource : onecountry

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ