Relationships: မင်္ဂလာပွဲက သတို့သမီးအရံကို မပြောသင့်တဲ့စကား (၄) ခွန်း

ဒီစကားတွေ ပြောမိလို့ကတော့ မိတ်ပျက်မှာ သေချာတယ်။

play

 

မင်္ဂလာဆောင်တွေမှာ သတို့သမီးအရံ၊ သတို့သားအရံအဖြစ် ပါဝင်ကူညီပေးရတာ ပျော်ဖို့လည်း ကောင်းပါတယ်။ ကိုယ်နဲ့သတို့သမီးနဲ့ ခင်မင်ရင်းနှီးလို့၊ ကိုယ့်ရဲ့မျက်နှာလေးက လူတွေကြားမှာ လှလှပပလေးရှိလို့သာ သတို့သမီးအရံအဖြစ် ပါဝင်ပေးဖို့ကမ်းလှမ်းခံရတာပါ။ သတို့သမီးပျော်သလို ကိုယ်လည်း ပီတိဖြစ်ရတဲ့ အချိန်အခါမှာ ဒါတွေလာပြောနေရင် အရမ်းစိတ်တိုရပါတယ်။

၁။ နောက်ပွဲကျရင်လည်း ထပ်ဝတ်လို့ရတာပေါ့

သတို့သမီးအရံဆိုတာ တစ်ယောက်တည်းမှမဟုတ်တာ။ သူများနဲ့ဆင်တူ ဒီဇိုင်းတူ ဝတ်ခဲ့တဲ့ ဝတ်စုံကို ကိုယ်က နောက်ပွဲမှာ ဒီဝတ်စုံကိုဝတ်ရင် ကိုယ့်ကိုသတိထားမိပြီး ဂွမ်းမှာပေါ့။

 

၂။ နောက်တစ်ခါနင့်အလှည့်

လက်သန်းကြွယ်မှာ စေ့စပ်လက်စွပ် စွပ်ထားတာရော မြင်လို့လား? အဲ့လိုမဟုတ်လည်း လူကြီးတွေနဲ့ နားဖောက်လိုက်ပြီဆိုတဲ့အသံများ ကြားမိလို့လား? ဒီလိုမှမဟုတ်ဘဲနဲ့ အတင်းကာရော ယောက်ျားယူခိုင်းနေတာ တစ်ဖက်သားကို အားနာသင့်ပါတယ်။

၃။ နင့်ကို သတို့သမီးအရံလုပ်ခိုင်းမယ်လို့တောင် မထင်မိဘူး

ဟုတ်ကဲ့... မင်္ဂလာပွဲဆိုတာ ချစ်သူနှစ်ဦး ဘဝတစ်ခု ထူထောင်ပြီဆိုတဲ့အကြောင်း နှစ်ဖက်အသိုင်းအဝိုင်းရှေ့မှာ ဂုဏ်ရှိရှိ အသိပေးရင်း ဧည့်ခံတာပါ။ ဒီလိုပွဲမျိုးမှာ ကြည့်မရ အမြင်ကတ်တဲ့လူကို သတို့သမီးအရံ မလုပ်ခိုင်းပါဘူး။ ကိုယ်နဲ့သတို့သမီးက အရမ်းခင်လို့ အကူညီတောင်းလို့ လုပ်ပေးရတာလေ။ မသိရင် ကိုယ်ကပဲ အတင်းဝင်နေရာယူထားသလိုလေသံနဲ့ မပြောပါနဲ့လား။

play

 

၎။ နင် ပြင်ဆင်ထားလည်း ဘယ်သူမှမကြည့်ပါဘူး

သတို့သမီးအရံဆိုတာ သတို့သမီးလောက် လှဖို့လည်း မလိုပါဘူး။ သတို့သမီးကို ဝန်းရံပေးထားရတာလေ။ ဒါပေမဲ့ ကိုယ်ကလည်း မိန်းကလေးဆိုတော့ လှချင်တာပေါ့။ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ထားတာ ကိုယ့်အတွက်ပဲ။ ဘယ်သူကြည့်ကြည့် မကြည့်ကြည့် ဂရုမစိုက်ပါဘူး။

Source : Cosmo

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ