လူတွေကြား သူငယ်ချင်းတွေက သင့်ကို လွန်လွန်ကျူးကျူးစရင်း အရှက်ရစေတာမျိုး ဖြစ်ဘူးလား။
 

သူငယ်ချင်းတစ်ယောက်ကြောင့် လူလယ်ကောင်မှာ အရှက်ရဘူးလား။ လူတွေကြား သူငယ်ချင်းတွေက သင့်ကို လွန်လွန်ကျူးကျူးစရင်း အရှက်ရစေတာမျိုး ဖြစ်ဘူးလား။ ဒီလိုအခြေအနေမျိုးတွေမှာ တုံ့ပြန်ရမယ့်နည်းတွေ ရှိပါတယ်။

၁ - အကြောင်းအရာပြောင်း

ပြောနေတဲ့အကြောင်းအရာကို သင့်ဘက်ကစပြောင်းလိုက်ပါ။ မကြိုက်ကြောင်း သင့်ဘက်က မျက်နှာအမူအရာနဲ့တောင် ပြနေစရာမလိုပါဘူး။ ဒီလို ပြောင်းလိုက်တာနဲ့ သင့်ဘက်က မကြိုက်ဘူးဆိုတာကို သူတို့ သဘောပေါက်သွားမှာပါ။ ဒါပေမယ့် တချို့က ချက်ချင်း သဘောမပေါက်တတ်တာကြောင့် နှစ်ခါ သုံးခါလောက်တော့ အကြောင်းအရာကို ပြောင်းရတတ်ပါတယ်။

 

၂ - စကားကို ရပ်ပစ်

ခွင့်လွှတ်လို့ရလောက်တဲ့အခြေအနေကို ကျော်တော့မယ်ဆိုတာနဲ့ စကားကိုရပ်ပစ်ပါ။ ရပ်ပစ်ပြီးတာနဲ့ ရှောင်ထွက်ခဲ့တာကတော့ အကောင်းဆုံးပါပဲ။ ဒါပေမယ့် ဒီနည်းမှာ ပြဿနာရှိတာက ကျန်ခဲ့တဲ့လူတွေက သင့်အတင်းကို ပြောတာပါ။ သူတို့ အတင်းပြောရင်လည်း ဒါက သူတို့ဘယ်လိုလူဖြစ်တယ်ဆိုတာကို ဖော်ပြတာပါ။  သင်က လှည့်ထွက်ခဲ့ဖို့ပါပဲ။

၃ - ရပ်ဖို့ပြော

တစ်ဖက်လူက သူပြောနေတာက ဘာအဓိပ္ပါယ်ဖြစ်နေတယ်ဆိုတာကို မသိရင်တော့ သင့်ဘက်က ရပ်ဖို့ ပြောပေးရမှာ ဖြစ်ပါတယ်။ သူပြောနေတာတွေက သင့်ကို ထိခိုက်စေတယ်ဆိုတာကို ဒီလိုရပ်ခိုင်းပြီး အသိပေးရမှာ ဖြစ်ပါတယ်။ ဒီလူကိုပဲ ဒီလိုမျိုး နှစ်ခါသုံးခါ ပြောနေရတယ်ဆိုရင်တော့  မကောင်းပါဘူး။ သူ့ကို ခပ်ခွာခွာ နေသင့်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ ဆောင်းပါး - မန္တလေးက လမ်းလျှောက်သင်္ကြန် ဘယ်လိုလည်မလဲ)

 

၄ - ပါးနပ်ပါ

သင့်ကို အရှက်ရစေမယ့် စကားမျိုး ပြောတယ်ဆိုရင် "ဒီနေ့  ဘာဖြစ်နေလဲ" "အဲ့လို ဘာလို့ ပြောတာလဲ" "နင်ပြောလိုက်တော့ ပြဿနာ ပြေလည်သွားလား" စတဲ့ စကားတွေကို ပါးနပ်စွာ ပြောပြီး သတိပေးလို့ရပါတယ်။ ပြောနေသူဟာ သူဘာပြောနေတယ်ဆိုတာကို သတိထားမိသွားမှာ ဖြစ်ပါတယ်။

၅ - နှစ်ဦးတည်းဆွေးနွေး

ဘာကြောင့် အရှက်ရအောင် လိုက်လုပ်နေတယ်ဆိုတာကို နှစ်ဦးတည်းဆွေးနွေးပါ။ တစ်ခါတစ်လေ တစ်ဖက်လူဟာ သူ့အကျင့်ကြောင့် ဒီလိုပြောနေတာမျိုး ဖြစ်တတ်ပြီး သင့်ဘက်က မကျေနပ်တာကို သိတောင် မသိတတ်ပါဘူး။ ဆွေးနွေးမှုလုပ်တဲ့အခါ နှစ်ဦးတည်း အေးအေးဆေးဆေး ဆွေးနွေးလို့ရမယ့် နေရာမျိုးကို ရွေးချယ်သင့်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ ဆောင်းပါး -နံရံမှာချိတ်ဆွဲ အလှဆင်စရာ အိုင်ဒီယာ (၃) မျိုး )

 

၆ - မသိကျိုးကျွံပြု

အသိမ်မွေ့ဆုံးနည်းကတော့ ဒီလူကို ရှိတယ်လို့ အသိအမှတ်မပြုတော့တာဖြစ်ပါတယ်။ အတတ်နိုင်ဆုံး ကင်းကင်းရှင်းရှင်းနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုနေထိုင်လိုက်တာဟာ ပြဿနာကို မဖြေရှင်းနိုင်ဘဲ တစ်ဖက်ကပါ သင့်အပေါ် စိမ်းကားသွားနိုင်ပါတယ်။ သင်ဘက်က ခပ်တန်းတန်းနေတယ်ဆိုတာကို ပြဿနာရှိနေတဲ့ သင်တို့နှစ်ယောက်ပဲသိပြီး ကျန်တဲ့လူတွေ မသိရင် ပိုကောင်းပါတယ်။

၇ - သင့်အမှားလား ဆန်းစစ်

သူ့ဘက်က သင့်ကို အရှက်ရအောင် လိုက်လုပ်နေရတာဟာ သင်ကလည်း သူ့ကို အရှက်ရအောင် လုပ်ထားလို့ပါ။ ဒီလိုလုပ်မိတာကိုတော့ သင့်ဘက်က သတိမပြုမိဘဲ ဖြစ်နေတာပါ။ ဒီလိုအခြေအနေဆိုရင်တော့ သင့်ဘက်ကတောင်းပန်ပြီး ပြဿနာကို ကျေအေးရမှာ ဖြစ်ပါတယ်။

Photos & Source: The Spruce

Share

Loading Next Article...
က္က