တုံ့ပြန်နိုင်မယ့် နည်းလမ်းလေးတွေရှိပါတယ်။
 

တစ်ဖက်လူက ကြိုက်လား၊မကြိုက်လားမသိဘဲ စပ်စုတဲ့ မေးခွန်းတွေကို မေးတတ်သူတွေရှိပါတယ်။ သူတို့ကိုယ်တိုင် ဒီလိုစပ်စုတတ်တဲ့အကျင့်ရှိတယ်ဆိုတာကို သတိမထားမိပါဘူး။  ဒီလိုလူမျိုးတွေကို တုံ့ပြန်နိုင်မယ့် နည်းလမ်းလေးတွေရှိပါတယ်။

၁ - မသက်မသာ

ရင်းနှီးတဲ့ သူငယ်ချင်း၊ ဆွေမျိုးတစ်ဦးဦးက မေးမြန်းစပ်စုတယ်ဆိုရင် ကိစ္စမရှိပါဘူး။ ရိုးရိုးသားသား ဖြေရုံပါပဲ။ ဒါပေမယ့် သူတစ်ပါးအကြောင်း စပ်စုတတ်တဲ့အကျင့်ရှိတယ်လို့ သိထားရတဲ့သူက မေးတယ်ဆိုရင်တော့ မေးခွန်းဟာ သင့်ကို မသက်မသာ ဖြစ်စေတယ်ဆိုတာကို အသိပေးလိုက်လို့ရပါတယ်။ ရုတ်တရက် စကားလမ်းကြောင်းလွှဲလိုက်တယ်ဆိုရင်ပဲ သူ့ဘက်က ရိပ်မိပါတယ်။

၂ - စကားများတာ

တချို့ကတော့ စပ်စုတာမဟုတ်ဘဲ စကားများတာပါ။ စကားဆက်ပြတ်မသွားဖို့အရေး သူတို့က မေးခွန်းတွေ ထုတ်ပြီး အဆက်မပြတ်ကို မေးနေတာပါ။ ဒီလိုအကျင့်ရှိသူတွေအတွက်တော့ သင့်ဘက်က ဖြေတယ်ဆိုရုံလောက် ဖြေပေးရုံပဲ ရပါပြီ။ လေးလေးနက်နက်ကြီးထားပြီး ဖြေနေစရာမလိုပါဘူး။

 

၃ - လမ်းကြောင်းဖွင့်မပေးနဲ့

တချို့ကတော့ ကိုယ့်အကြောင်းကိုယ် ပြောချင်တာကြောင့် တစ်ဖက်က မေးခွန်းတွေမေးအောင် လမ်းကြောင်းဖွင့်ပေးတာပါ။ စပ်စုတတ်တယ်လို့ အကျင့်ရှိထားသူတွေနဲ့တွေ့ရင် ကိုယ့်ဘက်က သူစပ်စုလို့ရအောင် လမ်းကြောင်းဖွင့်ပေးတာမျိုး မလုပ်မိဖို့ အရေးကြီးပါတယ်။

၄ - ဘယ်လောက်ရလဲ

လစာ ဘယ်လောက်ရလဲ၊ ဝင်ငွေဘယ်လောက်ရှိလဲ၊ ဘယ်လောက်မြတ်လဲ စတဲ့ ငွေကြေးနဲ့ ပတ်သက်ပြီး စပ်စုတာမျိုးပါ။ ဒါကတော့ မေးလေ့ရှိတယ်စကားဆိုပေမယ့် တော်ရုံရင်းနှီးတဲ့လူကို အကြောင်းပြချက် ကောင်းကောင်းမရှိဘဲ မမေးသင့်ပါဘူး။ ဒီလို စပ်စုတတ်သူတွေကို  အကောင်းဆုံး ဖြေရှင်းနည်းကတော့ ငွေကြေးအကြောင်း ဘယ်သူနဲ့မှ မတိုင်ပင်ဖြစ်ဘူးလို့ ပြောတာပါပဲ။ လိုအပ်ရင် ဘယ်လောက်ရတယ်ဆိုတာကို အိမ်ကတောင် မသိဘူးလို့ ပြောတာမျိုးပါ။

 

၅ - ဘယ်လောက်ပေးရလဲ

ဝယ်ထားတဲ့ ပစ္စည်းနဲ့ပတ်သက်ပြီး စပ်စုတာ ဖြစ်ပါတယ်။ ဈေးနှုန်းကို သိချင်ရုံမကဘဲ သင့်လက်ရှိအခြေအနေကိုပါ သိချင်တာမျိုး ဖြစ်ပါတယ်။ ပုံမှန်ဈေးပါပဲလို့ဖြေပြီး ချက်ချင်းပဲ ပြောနေတဲ့အကြောင်းအရာကို ပြောင်းပစ်လို့ရပါတယ်။ ဈေး သိပ်မရှိပါဘူးလို့ ပြောပြီးတော့လည်း စကားလွှဲလိုက်လို့ ရပါတယ်။

၆ - ကိုယ်အလေးချိန်

တစ်စုံတစ်ယောက်က သင့်ကိုယ်အလေးချိန်အကြောင်းပြောလာတယ်ဆိုရင် သေချာပါတယ်။ သင်ဟာ ဝိတ်တက်ရင် တက်၊ မတက်ရင်တော့ ဝိတ်ကျသွားတာ ဖြစ်ပါတယ်။ ဒီလို စကားမျိုးကအပြုံးနဲ့ပဲ ပြန်တုံ့ပြန်ပြီး အကြောင်းအရာတစ်ခုခုဆီ စကားလမ်းကြောင်း လွဲသင့်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ သင့်ခန္ဓာကိုယ်ဟာ စကားဝိုင်းမှာ ဆွေးနွေးစရာ ဖြစ်နေပါလိမ့်မယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ဆောင်းပါး -မနက်ပိုင်းမှာလုပ်ရမယ့် အသားအရေထိန်းသိမ်းမှု အဆင့် (၆) ဆင့် )

Photos & Source: The Spruce

Share

Loading Next Article...
က္က