ခွေးတစ်ကောင်ဆီက သင်ယူလို့ရတဲ့ အချစ်တွေ ရှိပါတယ်။
 

ခွေးလေးတစ်ကောင်ကို ထွေးပိုက်ထားတဲ့ပုံတွေကို လူတွေက ဆိုရှယ်မီဒီယာတွေပေါ် တင်တတ်ကြပါတယ်။ သူတို့ပိုင်တဲ့ ခွေးလေးကို ဘယ်လောက်ချစ်ကြောင်းလည်း ရေးသားတတ်ကြပါတယ်။ ခွေးတွေသာ ပြောပြတတ်မယ်ဆို သူတို့သခင်ပေါ်ချစ်တဲ့အချစ်ကလည်း လူတွေထက်တော့ မလျော့ပါဘူး။ လူတွေထက်တောင် ပိုပါတယ်။ ခွေးတစ်ကောင်ဆီက သင်ယူလို့ရတဲ့ အချစ်တွေ ရှိပါတယ်။

၁ - ခွင့်လွတ်တဲ့ အချစ်

သူတို့ကို ကျွေးဖို့ မေ့သွားပေမယ့် သင့်ကို တွေ့ရင် သင့်ရင်ခွင်ထဲ တိုးဝှေ့ဝင်ရောက်ဆဲပါ။ သူတို့နဲ့ အတူလမ်းလျှောက်ဖို့ မေ့သွားပေမယ့် သင့်ကို မြင်ရင် ရင်ခွင်ထဲ တိုးဝှေ့ဝင်ရောက်ဆဲပါ။ တစ်နေ့လုံးသူတို့ကို တစ်ချက်လေးတောင် အရေးမလုပ်မိပေမယ့် ခဏလေးကြည့်မိတာနဲ့ သင့်ဆီပြေးလာတတ်ပါတယ်။ နေ့စဉ်နေတိုင်း ပြည့်စုံတဲ့ခွင့်လွတ်မှုနဲ့ သင့်ကို ချစ်တာပါ။

(သင်စိတ်ဝင်စားနိုင်တဲ့ ဆောင်းပါး -သင်္ကြန်အားလပ်ရက်ရှည်အပြီး အလုပ်ပြန်ဆင်းမယ့်သူတွေ သိသင့်တဲ့ အချက် (၅) ချက် )

 

၂ - ရိုးရှင်းတဲ့အချစ်

 ခွေးတွေရဲ့ ဒဿနက ဒီလိုပါ။ သူက ငါနဲ့ ကစားပေးတယ်၊ လိုအပ်လာရင် သူ့အတွက် ငါသေပေးမယ်။ ဒီလိုအချစ်မျိုးက လူတွေအတွက် ရယ်စရာဖြစ်နေနိုင်ပါတယ်။ သူတို့အတွက်ကတော့ တစ်ဦးတစ်ယောက်ပေါ်ထားတဲ့ အချစ်က အဲ့လို ရိုးရိုးကြီးဖြစ်ပါတယ်။ သင့်ကို ရိုးရိုးကြီးချစ်တာပါ။ အဲ့အချစ်အတွက် ကြောက်စိတ်လည်း မရှိပါဘူး။

၃ - သစ္စာရှိတဲ့ အချစ်

သစ္စာရှိတဲ့အချစ်ဆိုတာ ဘယ်သူ့ကိုမှ မချစ်ဘဲ သင့်တစ်ယောက်တည်းကိုပဲ ချစ်နေတယ်ဆိုတာမျိုး မဟုတ်ပါဘူး။ အရာရာအားလုံးသင်ဆုံးရှုံးသွားနေပါစေ ဘေးနားလှည့်ကြည့်လိုက်တဲ့အချိန်မှာ သင့်ဘက်မှာ တစ်ယောက်တည်း ရပ်ပေးနေသူပါ။ ခွေးတစ်ကောင်ကတော့ ဒီလို ချစ်နိုင်ပါတယ်။ ဒါကြောင့် တချို့လူတွေဟာ အလုပ်မှာအဆင်မပြေ၊ ပတ်ဝန်းကျင်မှာ အဆင်မပြေတဲ့အချိန်တွေမှာ အိမ်ကိုပြန်လာပြီး သူတို့ချစ်တဲ့ခွေးလေးတစ်ကောင်ကိုထွေးပွေ့ပြီး တိတ်တိတ်ဆိတ်ဆိတ်နေလိုက်တတ်ကြပါတယ်။

 

၄ - အဆိုးမမြင်တဲ့ အချစ်

ဒီလူနဲ့ ရှိရတာ ပျော်တယ်ဆိုရင် သူတို့က ဒီလူကိုတွေ့တိုင်း အမြဲပျော်နေတာပါ။ သင့်ကိုတွေ့ရင် အမြဲပျော်နေတဲ့ သူ့ပုံစံကြောင့် သင်ကိုယ်တိုုင်လည်း အဆိုးမြင်စိတ်တွေ ပျောက်သွားရတတ်ပါတယ်။ သူတို့ရဲ့ အချစ်မှာ အဆိုးမြင်သွားတယ်ဆိုတာမရှိပါဘူး။ သင့်ကိုတွေ့တာနဲ့ အမြီးလေးတယမ်းယမ်းနဲ့ အမြဲတမ်းကြိုဆိုနေသူ ဖြစ်ပါတယ်။

Photos & Source: Lifehack

Share

Loading Next Article...
က္က