ကိုယ့်အမေက အရမ်းငယ်နေတယ်ဆိုရင်တော့ ညီအစ်မလို့တောင် ထင်သွားတတ်ပါတယ်။
 

မိသားစုထဲမှာ မိန်းကလေးက ကိုယ်တစ်ယောက်တည်းရှိတယ်ဆိုရင်တော့ တခြားသမီးမိန်းကလေးတွေနဲ့ ကွာခြားတာတွေရှိပါတယ်။ တခြားသမီးမိန်းကလေးတွေ သတိမထားမိတာကို သတိထားမိတတ်ပါတယ်။ တစ်ဦးတည်းသော သမီးတွေပဲပိုမိုနားလည်နိုင်တာတွေရှိပါတယ်။

၁ - အမြဲတမ်းအသစ်ရတယ်

တစ်ဦးတည်းသော သမီးဆိုတော့ အဝတ်အစားဆို အမြဲအသစ်ရပါတယ်။ သင့်ဆီက ငှားမယ့်လူလည်း မရှိသလို အဟောင်းပြန်ပြင်ထားတာမျိုးလည်း မဝတ်ရပါဘူး။ အစ်ကိုတွေထဲမှာ သမီးမိန်းကလေးတစ်ဦးတည်း မွေးထားတာ ဆိုရင်တော့ အစ်ကိုတွေ ရှပ်အကျႌဝတ်ရတာက ချွင်းချက်ပါ။

 

၂ - အမေရဲ့ အခင်ဆုံးသူငယ်ချင်း

အမေနဲ့ ဈေးဝယ်ထွက်တယ်၊ အမေနဲ့ အပြင်ထွက်စားတယ်၊ အမေနဲ့ ကျောင်းသွားတယ်၊ အမေနဲ့ ခရီးထွက်တယ် ဒီလိုကိစ္စတွေဟာ အသက်ကြီးတဲ့ထိ အမေနဲ့ပဲ လုပ်ဖြစ်နေတတ်ပါတယ်။ ကိုယ့်ကို လာကြိုက်တဲ့ကောင်လေးအကြောင်းတောင် အမေနဲ့ တိုင်ပင်သူတွေ ရှိပါတယ်။ အမေဟာ အချစ်ဆုံးသူငယ်ချင်းပါ။ ကိုယ့်အမေက အရမ်းငယ်နေတယ်ဆိုရင်တော့ ညီအစ်မလို့တောင် ထင်သွားတတ်ပါတယ်။

၃ - ကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်

ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရာမှာ သူများထက် ပါးနပ်ပါတယ်။ တစ်ဦးတည်းကြီးလာရတာကြောင့် ငယ်ငယ်လေးကတည်းက အကျင့်ဖြစ်နေတာပါ။ ကိုယ့်အတွက်ကိုယ်တောင်းဆိုဖို့ ဝန်မလေးပါဘူး။ အမေ၊ မိဘ လိုက်မလာနိုင်တဲ့ ကိစ္စတွေမှာ တစ်ဦးတည်း ဖြေရှင်းရာကနေ အမြောက်အများလေ့လာခဲ့ရသူ ဖြစ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ ဆောင်းပါး - သူငယ်ချင်းစုံတွဲနဲ့အတူ အပြင်သွားမိတဲ့ Single တစ်ယောက်ရဲ့ဒုက္ခတွေ)

 

၄ - အဖေချစ်တဲ့သမီး

အဖေကတော့ သင့်ကို မင်းသမီးလေးလို ဆက်ဆံတာပါ။ အဖေရဲ့တစ်ဦးတည်းသော သမီးလေးပါ။ သင်နဲ့ပတ်သက်ရင် အမေထက် အဖေက ပိုအကဲဆတ်တတ်ပါတယ်။ သတိထားကြည့်ရင် အမေကို ရှေ့မှထားပြီး အဖေက နောက်ကွယ်ကနေ သင့်ကို စောင့်ကြည့်နေတတ်ပါတယ်။ သင်ဘာသီချင်းတွေ နားထောင်နေတယ်၊ ဘာတွေ ဝါသနာပါပြီး ဘာတွေ စိတ်ဝင်စားနေတယ်ဆိုတာကို အမေလောက်မသိဘူးလို့ထင်ရင် မှားပါလိမ့်မယ်။

၅ - ဆွေမျိုးမုန်းတဲ့အကျင့်

ဆွေမျိုးမုန်းတဲ့အကျင့်လည်း ရှိနိုင်ပါတယ်။ လူတိုင်းတော့ မဟုတ်ပါဘူး။ ဆွေမျိုးတွေဆုံကြတဲ့အခါ တစ်ဦးတည်းသော သမီးဖြစ်တဲ့ သင့်အကြောင်းကို သာမန်ထက်ကို အမေးအမြန်းထူတတ်ကြပါတယ်။ သာမန်ထက်ကို စပ်စုတတ်ကြပါတယ်။ အမျိုးထဲမှာ သင်ဘာလုပ်လုပ် တခြားလူတွေထက်ကို အရေးလုပ်နေတတ်ကြပါတယ်။

Photos & Source: candy

Share

Loading Next Article...
က္က