Relationships: မက်ဆေ့ပြန်မရရင် သင့်ကိုယ်သင်ပြောရမယ့်အရာ (၅) ခု

ကိုယ်ပို့တာနဲ့ ချက်ချင်းပြန်ပို့တယ်ဆိုတာ တော်ရုံစိတ်ဝင်စားမှုမြင့်မားရုံနဲ့ မလုပ်ကြပါဘူး။

play

 

ကိုယ်က မျှော်လင့်တကြီးနဲ့ မက်ဆေ့ဂ်ျပို့ပေမယ့် သူ့ဘက်က အရေးတယူလုပ်ပြီး ချက်ချင်းပြန်မပို့တဲ့အခါ ခံရခက်ပါတယ်။ ဒါပေမယ့် ဒီလို ပြန်မပို့တာဟာ သင့်ကို အရေးမလုပ်လို့၊ ဂရုမစိုက်လို့ဆိုတာထက် အခြားအကြောင်းတွေ ရှိနေနိုင်ပါတယ်။

၁ - အလုပ်ရှုပ်သူ

 ပထမအစမှာ သင်ဟာ သူ့ရဲ့ ဦးစားပေးမဖြစ်နိုင်သေးပါဘူး။ သူ့ရဲ့အလုပ်တွေ၊ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ ဘဝထဲ နောက်မှ ဝင်လာတဲ့သင့်ကို ဦးစားပေးမယ်ဆိုတာကို သိရင်တောင် အသားကျဖို့ သိပ်မလွယ်သေးပါဘူး။ သင့်ကို မက်ဆေ့မပြန်တာဟာ သူ့အလုပ်တွေနဲ့သူ ရှုပ်နေတာကြောင့်ပါ။ ဒီလို မက်ဆေ့ပြန်ဖို့ အချိန်တစ်ခုတော့ စောင့်ရမှာပါ။

play

 

၂ - အဲ့လောက်ကြီးစိတ်မဝင်စားဘူး

အရှိကို အရှိတိုင်း လက်ခံရပါမယ်။ သင်ပို့လိုက်တာနဲ့ ချက်ချင်းပြန်ပို့ရလောက်အောင် သင့်အပေါ် စိတ်ဝင်စားမှု မြင့်တက်ခြင်း မရှိသေးလို့ပါ။ ဒါဟာ စိတ်ဆိုးဒေါသထွက်စရာ ကိစ္စမဟုတ်ပါဘူး။ ကိုယ်ကြိုက်တိုင်း သူက ကြိုက်ချင်မှ ကြိုက်မှာပါ။ ကိုယ်ပို့တာနဲ့ ချက်ချင်းပြန်ပို့တယ်ဆိုတာ တော်ရုံစိတ်ဝင်စားမှုမြင့်မားရုံနဲ့ မလုပ်ကြပါဘူး။

၃ - အချိန်

အချိန်နဲ့လည်း ဆိုင်ပါတယ်။ တချို့တွေက တနင်္လာနေ့ဆို မက်ဆေ့ချက်ချင်းပြန်ပို့တာမျိုး လုပ်တတ်ကြပါတယ်။ အလုပ်လုပ်ရတာ စိတ်ဝင်စားမှု မရှိဖြစ်နေလို့ပါ။ သူတို့လုပ်ရတဲ့ အလုပ်နဲ့ အခြေအနေပေါ်လိုက်ပြီး စိတ်ခံစားမှုအမျိုးမျိုး ဖြစ်နေတာကြောင့် ဘယ်အချိန်မှာ ပို့မိတာလဲဆိုတာကိုလည်း ထည့်တွက်ဖို့ လိုပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့သတင်း -သင့်မျက်နှာက ပြောပြနေတဲ့ ဗီတာမင်ချို့တဲ့မှု (၅) မျိုး )

play

 

၎ - ကော်နဲ့ကပ်ထားတာမဟုတ်

လူတိုင်းက ဖုန်းကို ဘယ်သွားသွားပါအောင် ကော်နဲ့ ကပ်ထားတာ မဟုတ်ပါဘူး။ အိမ်ရဲ့ တစ်နေရာမှာ ဖုန်းကိုထားတာကြောင့် မက်ဆေ့လာတာ မသိလိုက်တာမျိုး ဖြစ်တတ်ပါတယ်။ အိပ်ပျော်နေတာကြောင့် မသိလိုက်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ သင့်ကို မက်ဆေ့ပြန်ဖို့ နှောင့်နှေးနေတာဟာ မက်ဆေ့လာတဲ့အချိန် ဖုန်းနားမှာ သူမရှိတာလည်း ဖြစ်နိုင်ပါတယ်။

၅ - တခြားအလုပ်တွေလုပ်

တကယ်လို့ မက်ဆေ့ပြန်မပို့လာခဲ့ဘူးဆိုရင်လည်း တခြားကိစ္စတွေလုပ်နေလိုက်ပါ။ မက်ဆေ့ပို့ပြီးပြီးချင်း ပြန်ပို့လာမလားဆိုပြီး ခဏခဏ ဖုန်းကိုယူကြည့်နေတာက သိပ်မဟန်ပါဘူး။  ဒီလိုမေ့ထားဖို့ဟာ ပြောသလောက် မလွယ်ပေမယ့် ချက်ချင်းပြန်မပို့လို့ခံရခက်တာထက်တော့ အများကြီးသက်သာပါတယ်။

Photos & Source: Bustle

Waiting For Them To Text You Back
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ