ယောကျ်ားဖောင်စီး၊ မိန်းမ မီးနေဆိုတဲ့အတိုင်း ကလေးမွေးရတာ လွယ်ကူလှတဲ့အလုပ်တော့ မဟုတ်ပါဘူး။ မွေးခါနီးလေလေ၊ နာကျင်မှုတွေကလည်း စိပ်လာလေလေဆိုတော့ ဒီကိစ္စကြီး အမြန်ပြီးသွားပါစေလို့လည်း မျှော်လင့်မိကြမှာပါပဲ။


ကိုယ်ဝန်ဆောင်မိခင်တွေအတွက်တော့ ကလေးမီးဖွားချိန်ကိုရောက်ခါနီးလေလေ စိတ်လှုပ်ရှားလေလေဖြစ်မှာပါပဲ။ ယောကျ်ားဖောင်စီး၊ မိန်းမ မီးနေဆိုတဲ့အတိုင်း ကလေးမွေးရတာ လွယ်ကူလှတဲ့အလုပ်တော့ မဟုတ်ပါဘူး။ မွေးခါနီးလေလေ၊ နာကျင်မှုတွေကလည်း စိပ်လာလေလေဆိုတော့ ဒီကိစ္စကြီး အမြန်ပြီးသွားပါစေလို့လည်း မျှော်လင့်မိကြမှာပါပဲ။ ဒါပေမယ့် ကလေးမွေးဖွားပြီးတဲ့အချိန်ရောက်ရင် ပြန်လွမ်းနေမိမယ့် အရာလေးတွေရှိပါတယ်။
၁။ ကလေးကန်တာလေးတွေ

 

သင့်ကိုတအားနာကျင်စေတဲ့ ကန်ချက်မျိုးတွေကိုပြောတာတော့ ဘယ်ဟုတ်မလဲ။ ဒါပေမယ့် ကလေးလေးတွေ ကိုယ့်ရဲ့သားအိမ်ထဲကနေ သာသာလေးကန်နေတာက သင့်ကိုစိတ်လှုပ်ရှားစေသလို မိခင်မေတ္တာ ကိုလည်းတိုးပွားစေပါတယ်။ အထဲက ကလေးလေးကန်နေပြီဆိုပြီး ကလေးလေးရဲ့အဖေတို့၊ ဘိုးဘိုးဘွားဘွားတို့ကိုခေါ်ပြီး လက်နဲ့စမ်းခိုင်းရတာလည်း မိသားစုတွင်းကြည်နူးမှုတစ်ခုပါပဲ။ ကလေးမွေးပြီးတာနဲ့ အဲဒီ ကလေးခြေကန်တာလေးတွေကို သင်လွမ်းဆွတ်လာပါလိမ့်မယ်။

၂။ ချဉ်ခြင်းတပ်တာတွေ

 

ကလေးလေးကို ကိုယ်ဝန်ဆောင်နေချိန်မှာ ချဉ်ခြင်းတပ်တယ်ခေါင်းစဉ်တပ်ပြီး ခင်ပွန်းသည်ကို ကိုယ်စားချင်တာလေးတွေ ဂျီကျလို့ရပါတယ်။ နောက်ပြီး ကလေးလေး အာဟာရပြည့်နေစေဖို့အတွက် ကိုယ်ပါ နှစ်ယောက်စာ စားပေးရပါတယ်။ နို့ချိုတိုက်ကျွေးနေဆဲ ကာလတွေမှာ ဒါတွေကိုဆက်လုပ်နေရဦးမှာဖြစ်ပေမယ့် နောက်ပိုင်းကျရင်တော့ ချဉ်ခြင်းတက်တယ်ပြောပြီး ပူဆာရတာလေးတွေ၊ နှစ်ယောက်စာ တဝ စားခဲ့ရတာလေးတွေကို သင်လွမ်းနေဦးမှာပါ။

၃။ ဆံပင်နဲ့လက်သည်းတွေ

 

ကိုယ်ဝန်ဆောင်နေချိန်မှာ ဆံပင်နဲ့လက်သည်းတွေကအရှည်အရမ်းမြန်ပါတယ်။ တချို့ကိုယ်ဝန်ဆောင်မိခင်လေးတွေဆို ပိုးသားလေးလိုပျော့ပျောင်းနူးညံ့တဲ့ဆံကေသာနဲ့ တောက်ပတဲ့အသားအရေလေးကိုတောင် ပိုင်ဆိုင်နိုင်ကြပါတယ်။ ကလေးမွေးပြီးချိန် ဟော်မုန်းအပြောင်းအလဲကြောင့် ဆံပင်တွေကျွတ်၊ ဝက်ခြံတွေထွက်လာချိန်မှာတော့ ကိုယ်ဝန်ဆောင်ချိန်တုံးက ဆံနွယ်ပျော့ပျော့ခွေခွေလေးကို လွမ်းလာမှာပါ။

၄။ တစ်လ တစ်ခါဓမ္မတာမလာတတ်တာတွေ

 

ကိုယ်ဝန်ဆောင်တယ်ဆိုတာ အန္တရာယ်များသလို ပျော်ပွဲစားထွက်သလို သာယာနေတာလည်းမဟုတ်ပါဘူး။ ဒါပေမယ့် အမျိုးသမီးတိုင်း တစ်လ (၁) ခါကြုံနေရတဲ့ ဓမ္မတာလာခြင်းဘေးက (၁၀) လလုံးလုံး ကင်းဝေးတာဟာလည်း ဘာပဲပြောပြော အဆိုးထဲကအကောင်းပါပဲ။

၅။ သူစိမ်းတွေတောင် သင့်အပေါ်ကောင်းကောင်းဆက်ဆံတာတွေ

 

ဘာပဲပြောပြော ကိုယ်ဝန်သည်ဆိုတာ လူ့အဖွဲ့အစည်းထဲမှာတော့ VIP ပါပဲ။ အရင်ကတစ်ခါမှမတွေ့ဖူးတဲ့ သူစိမ်းတွေတောင် ကိုယ်ဝန်ဆောင်မိခင်ဆိုရင် အလေးပေးပြီး ဂရုစိုက်ကြပါတယ်။ စားသောက်ဆိုင်တစ်ဆိုင်ကို သွားရင် သူစိမ်းတွေက တံခါးကိုဖွင့်ပြီးကိုင်ထားပေးတာတို့၊ ဘတ်စ်ကားပေါ်မှာ သင်တက်လာပြီဆိုရင် ထိုင်ခုံနေရာဖယ်ပေးတာတို့က ကိုယ်ဝန်ဆောင်နေချိန်မှာ လူ့အဖွဲ့အစည်းက ပြန်ပြီးစောင့်ရှောက်ပေးတာပါပဲ။ ကလေးမွေးပြီးရင် အဲဒီလို VIP ခံစားချက်တွေကို သင်ပြန်လွမ်းလာမှာပါ။

၆။ ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး ယုံကြည်မှုရှိတာတွေ

 

သာမန်အချိန်မှာ ကိုယ်အလေးချိန်နည်းနည်းတက်လာရင် သေအောင်စိတ်ဆင်းရဲပြီး အစားတွေဘာတွေရှောင်၊ GYM တွေဘာတွေပြန်ဆော့ပြီး ဝိတ်ပြန်ထိန်းရပေမယ့် ကိုယ်ဝန်ဆောင်မိခင်ဘဝမှာတော့ ဗိုက်ကလေး ပိုပိုပူလာပြီး ပြည့်ပြည့်လေးဖြစ်နေတာကိုက စိတ်ချမ်းသာစရာပါ။ ခင်ပွန်းသည်ကအစ ကိုယ်ဝန်ဆောင်မိခင်ပိန်နေရင် အာဟာရများပြတ်နေလို့လားဆိုပြီး စိုးရိမ်တကြီးဖြစ်ကြပါတယ်။ ကိုယ်ဝန်ဆောင်မိခင် တော်တော်များများကလည်း သူတို့ဘဝမှာ ကိုယ်ဝန်ဆောင်နေတဲ့အချိန်လောက် သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိတာမရှိတော့ဘူးလို့ ဆိုပါတယ်။ ကလေးမွေးပြီးရင်တော့ အဲဒီအချိန်တွေကို သင်ပြန်လွမ်းလာပါလိမ့်မယ်။

Source: Lifeasmama

Share

Loading Next Article...
က္က