သူ့ကို တကယ်အားဖြစ်စေမယ့် စကားတွေကို ပြောတတ်ဖို့လိုတယ်။

ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ စိတ်ပျက်အားလျော့သွားရပါတယ်။ ဘာကိုမှ လုပ်နိုင်ကိုင်နိုင်စွမ်းမရှိတော့လောက်အောင် အခက်အခဲတွေ့နေတဲ့ သူငယ်ချင်းကို ဘယ်လိုကူညီဖေးမကြမလဲ? "ငါဘာလုပ်ပေးရမလဲ.. အကူအညီလိုရင်ပြောပါ" ဆိုတဲ့စကားက ထင်သလောက်အရာမရောက်ဘူးဆိုတာ ကိုယ်တိုင်ကြုံဖူးရင် သိမှာပါ။ အဲ့ဒီအစား သူ့ကို တကယ်အထောက်အကူဖြစ်စေမယ့်စကားတွေ၊ အကူအညီတွေပေးတာ ပိုကောင်းပါလိမ့်မယ်။

 

၁။ ကလေးတွေကူထိန်းပေးမယ်

"တနင်္လာနေ့ကျရင် နင့်ကလေးတွေ ငါထိန်းပေးထားမယ်လေ" .... တနင်္လာရယ်လို့တော့မဟုတ်ဘူးပေါ့။ သူငယ်ချင်းအလုပ်များမယ့်နေ့ရက်ကို ကိုယ်က ကူညီပေးတဲ့သဘောပါပဲ။ ဒီလိုဆိုရင် သူ့အတွက် တကယ်အသုံးတည့်မှာပါ။

 

၂။ သောက်စရာအေးအေးလေးတစ်ခုလောက်

ရေလေးတစ်ခွက်လောက် ခပ်တိုက်တာမျိုးကလည်း သူ့ရဲ့ပူပန်မှုကို သက်သာစေလိုတဲ့ သဘောပါပဲ။ သူလည်းပဲ စိတ်ပင်ပန်းနေတော့ အစားအသောက် ဝင်မယ်မထင်ဘူး။ သူ တကယ်ပင်ပန်းနေတာကို သိပေမဲ့ ဘယ်သူကမှသူ့ကို တကယ်ဂရုမစိုက်ပေးကြဘူးလေ။ ကြည့်ပဲကြည့်နေကြတာ။

 

၃။ ပွေ့ဖက်နှစ်သိမ့်ပေးပါ

သူ့ရဲ့ပူပန်မှုတွေကို ကိုယ်က လျော့ကျသွားအောင် လုပ်ပေးလို့မရပါဘူး။ မျှဝေခွဲယူပေးလို့လည်း မရပြန်ဘူး။ ဒါပေမဲ့ ဘေးမှာအသင့်ရှိနေပေးမယ်လို့ ပြောလိုက်ရင်လည်း သူအားတက်လာပါလိမ့်မယ်။ ပွေ့ဖက်နှစ်သိမ့်ရင်း ဒီစကားလေးကိုပြောပေးလို့ရပါတယ်။

Share

Loading Next Article...
က္က