ဒါတောင် အိမ်ထောင်မကျသေးလို့နော်....။

ဘယ်အသက်အရွယ်ကိုပဲ ရောက်နေပါစေဦးတော့ သင်က အသက် ၂၅ နဲ့ အသက် ၃၀ ကြားထဲမှာ ရောက်နေသူဆိုရင် ဒါတွေပြောင်းလဲလာပြီဆိုတာ လက်ခံရမှာပဲ။ ဘာတွေပြောင်းလဲလာပြီလဲဆိုတာ ကိုယ်တိုင်က သတိမထားမိခဲ့ဘူး။ အခု ဒီစာကိုမြင်ရင်တော့ သိသိသာသာ ပြောင်းလဲလာတယ်ဆိုတာ သိသွားပါလိမ့်မယ်။ လူ့သက်တမ်းရဲ့ သုံးပုံတစ်ပုံကို ရောက်လာတော့ တည်ငြိမ်လာတယ်လို့ ပြောရမှာပေါ့နော်။

၁။ အပျော်အပါး

the-two-basic-dance-moves-every-guy-should-master.jpg 

အရင်ကတော့ ကလပ်တွေသွား၊ ဘားတွေသွား ကဲပလိုက်ကြတာပဲ။ EDM ပွဲတွေဆိုလည်း မလွတ်စေရဘူး။ ပိုက်ဆံမရှိလည်း ရှာကြံကဲတာ။ ခုတော့ နားဆူ၊ လူရှုပ်တာဆို သိပ်မကြိုက်ချင်တော့ဘူး။ အဲ့လိုကဲနေတာတွေ မြင်ရင်လည်း မကြည့်ချင်တော့တာ။

၂။ သူငယ်ချင်းတွေ

အရင်ကတော့ အပေါင်းအသင်းများတာပေါ့။ ဟိုနေရာသွားဖို့ချိန်း၊ ဒီနေရာသွားဖို့ချိန်း လည်ဖို့ပတ်ဖို့ပဲ ခေါင်းထဲရှိတာ။ အပြင်ထွက်ပြီဆိုလည်း တစ်နေရာတည်းမဟုတ်ဘူး။ တစ်နေရာပြီးရင် နောက်တစ်နေရာပါ ဆက်သွားတာ။ ခုများတော့ ကိုယ့်နားရက်ဆိုမှ သူငယ်ချင်းတွေနဲ့ တွေ့တော့တယ်။ ဒါတောင် အချိန်အကန့်အသတ်လေးနဲ့ပဲ။ တစ်နေရာသွားပြီးရင် နောက်နေရာဆက်လည်ပတ်ဖို့လည်း စိတ်မပါတော့ဘူး။ အိမ်ပြန်နားချင်တော့တာပဲသိတယ်။

၃။ ဖုန်းမက်ဆေ့

အရင်ကလို ဖုန်းထဲမှာ မက်ဆေ့တွေ ပလူပျံမနေတော့ဘူး။ ကိုယ်လည်းမပို့ဘူး။ ကိုယ့်ကို မက်ဆေ့ပုံမှန်ပို့တာဆိုလို့ MPT ၊ Ooredoo နဲ့ Telenor ပဲ ရှိတော့တယ်။

၄။ ခရီးသွားတယ်

pic2.jpg 

အရင်က ခရီးသွားတယ်ဆိုတာ လည်ဖို့ပတ်ဖို့ ၊ အထူးအဆန်းတွေကို လုပ်ကြည့်ချင်လို့သွားတယ်။ ခုနောက်ပိုင်းတော့ ခရီးသွားပြီဆိုရင် သက်တောင့်သက်သာဖြစ်ဖို့ကို အရင်ဆုံးတွေးတယ်။ ပြီးရင် လေ့လာစရာတွေ၊ ရှုခင်းနဲ့ သဘာဝအလှတွေကို ခံစားနိုင်မယ့် ခရီးတွေကိုပဲ သွားတော့တယ်။

၅။ ချစ်သူရွေးတဲ့အခါ

အရင်ကဆိုရင်တော့ ကောင်မလေး ချောချောလေး .. အလန်းလေးတွေပဲ စိတ်ဝင်စားတယ်။ ဖလန်းဖလန်းထတဲ့ ကောင်မလေးတွေကိုပဲ တွဲချင်တာ။ နောက်ပိုင်းမှာတော့ ဘဝအတွက် လက်တွဲဖော်ကို စပြီးရှာဖွေပြီဆိုတော့ တည်တည်ငြိမ်ငြိမ်နဲ့ ရင့်ကျက်တဲ့မိန်းကလေးတွေကို ပိုသဘောကျလာတယ်။ ချက်တတ်ပြုတ်တတ် အိမ်မှုကိစ္စနိုင်နင်းတဲ့ ကောင်မလေးတွေကို သဘောကျမိတယ်။ ကိုယ့်အပေါ် နားလည်ခွင့်လွှတ်ပေးမယ့် အေးချမ်းတဲ့ချစ်သူလေးကိုမှ တန်ဖိုးထားချင်တာ။

၆။ ရူးရူးမိုက်မိုက်ချစ်ပြတာတွေမရှိတော့ဘူး

မိုးရေထဲ ထီးမပါဘဲ အတူလျှောက်တာတွေလား? No ပါ။ ကိုယ်လည်း အအေးမိပြီးဖျားမှာ မလိုချင်ဘူး။ ချစ်သူလေး အအေးမိသွားမှာလည်း မလိုလားဘူး။ သူကအစားအသောက် အနေအထိုင် မဆင်ခြင်ရင်တောင် ကိုယ့်မှာစိတ်ပူပြီး ဆူရသေးတယ်။

၇။ တစ်ယောက်တည်းလည်းပျော်နိုင်ပြီ

How-to-be-happy-alone-and-be-happy-forever.jpg 

ငယ်တုန်းကတော့ တစ်ယောက်တည်းမနေတတ်ဘူး။ ဘယ်သူရှိနေမှ၊ အပေါင်းအသင်းတွေနဲ့ တွေ့နေရမှ နေတတ်တာ။ တစ်ယောက်တည်းနေရင် ရူးသွားမလားလို့တောင် ထင်ရတယ်။ ခုများဆို တစ်ယောက်တည်းနေတတ်ပြီ။ တစ်ယောက်တည်းကမှ ပိုလွတ်လပ် ပိုပျော်သလိုပဲ။

 

Share

Loading Next Article...
က္က