သူနဲ့တွေ့ခဲ့တာကို ပြန်တွေးမိတိုင်း စိတ်ချမ်းသာရတယ်။

အွန်လိုင်းကနေ စသိခဲ့ရပြီး နှစ်လိုစရာကောင်းလို့ အပြင်မှာပါ ချိန်းတွေ့ဖူးသူတွေရှိမှာပါနော်။ တွေ့တွေ့ချင်းမှာပဲ စိတ်ရှုပ်စရာကောင်းတဲ့အဖြစ်မျိုးက ဘာနဲ့မှမတူဘူး။ အဲ့လိုနဲ့ပဲ စိတ်ကုန်သွားရော။ ကိုယ်တွေ့ဆုံတဲ့လူက ကိုယ်နဲ့လက်တွဲဖို့ သင့်တော်မှန်ကန်တဲ့လူ ဖြစ်မဖြစ် ဆိုတာကိုလည်း ပထမဆုံးတွေ့ချိန်မှာ စပြီးအကဲခတ်နိုင်တယ်။ တကယ်လို့များ သူနဲ့ပထမဆုံးတွေ့ရချိန်မှာ ဒီလိုလေးတွေဖြစ်ခဲ့တယ်ဆိုရင်တော့ နောက်တစ်ကြိမ်ထပ်တွေ့သင့်ပါတယ်။

၁။ ပျော်ရတယ်

you-feel-comfortable-when-youre-with-them-1498747591.jpg 

သူနဲ့ပထမဆုံးတွေ့ချိန်မှာပဲ ကိုယ့်စိတ်ပျော်ရွှင်ရတယ်။ အချိန်ကုန်လို့ကုန်သွားမှန်းမသိလိုက်ဘူးတို့ဘာတို့ ဖြစ်ခဲ့တယ်ဆိုရင် တကယ်ကောင်းတဲ့တွေ့ဆုံမှု ဖြစ်လိမ့်မယ်။ ကိုယ်နဲ့လည်းပေါင်းသင်းဆက်ဆံလို့ အဆင်ပြေတယ်ဆိုတဲ့သဘောပဲ။

၂။ စကားပြောလို့အဆင်ပြေတယ်

လူတစ်ယောက်နဲ့ ကြာကြာပေါင်းသင်းဖို့ဆိုတာ နှစ်ဦးကြားက ဆက်သွယ်ပြောဆိုမှုနဲ့လည်း ဆိုင်သေးတယ်။ ကိုယ်သာ သတိထားပြီး စောင့်ကြည့်မယ်ဆိုရင် သူ့ရဲ့ပြောဆိုပုံကိုကြည့်ပြီး ရေရှည်တွဲသင့်သူဟုတ်၊ မဟုတ် သိနိုင်ပါလိမ့်မယ်။ ပွင့်လင်းတဲ့လူလား၊ အရှက်အကြောက်ကြီးသူလား ဒါမှမဟုတ် သူများမကောင်းကြောင်းတွေချည်းပဲ ပြောတတ်သူလားဆိုတာ သူ့စကားတွေကိုနားထောင်ကြည့်ရင် သိနိုင်မယ်။ ဘာလို့လဲဆိုတော့ သူ့စကားတွေက သူဘယ်လိုလူလဲဆိုတာ သရုပ်ပြနေတာပဲလေ။ သူက စကားကိုအပြန်အလှန်လည်းပြောတတ်တယ်၊ ကိုယ့်စကားကိုနားထောင်ပြီး ကိုယ့်စိတ်ကိုနားလည်ပေးနိုင်တယ်ဆိုရင်တော့ နောက်တစ်ကြိမ်ထပ်တွေ့သင့်တဲ့လူစားမျိုးပေါ့။

၃။ သက်တောင့်သက်သာရှိတယ်

they-appreciate-you-1498747591.jpg 

သူနဲ့တွေ့နေရချိန်မှာ ကိုယ့်စိတ်က သက်တောင့်သာဖြစ်ရတယ်။ အနေအထိုင် အပြောအဆို ဆင်ခြင်စရာမလိုဘဲ ကိုယ့်သဘာဝအတိုင်းလေးနေလို့ရတယ်။ သူကလည်း ဒါကိုပဲ သဘောကျတယ်ဆိုရင်တော့ အိုကေပြီလေ။

၄။ အရင်လူတွေနဲ့မတူဘူး

ဟုတ်တယ်။ အရင်လူတွေနဲ့တူနေရင် အရင်လူတွေလိုပဲ ပြတ်သွားမှာ။ တစ်ခါတစ်လေကျတော့လည်း ကိုယ်က သူနဲ့တွေ့ရတာ သက်တောင့်သက်သာဖြစ်တယ်ဆိုတာ သူလိုလူမျိုးနဲ့ တွေ့ပါများနေလို့လည်း ဖြစ်နိုင်တယ်လေ။ ဒီတော့ ဘာတွေမတူဘူးလဲ၊ ဘယ်လိုမတူတာလဲ။ အဲ့ဒီမတူညီမှုတွေထဲမှာ ကိုယ့်ကိုစိတ်ဝင်စားမှုဖြစ်စေတယ်ဆိုရင်တော့ နောက်ထပ်တွေ့ကြည့်သင့်တယ်။

၅။ အွန်လိုင်းမှာနဲ့အပြင်မှာနဲ့ အတူတူပဲ

တချို့တွေက အွန်လိုင်းပေါ်မှာသာ follower တွေအများကြီးနဲ့ ဆစရက (ဆရာကြီး)အထာ ဖမ်းပြထားတာ အပြင်မှာကျတော့ တခြားစီ။ ပုံတွေဆိုလည်း effect တွေတပုံတပင်နဲ့ အပြင်ရုပ်နဲ့မတူဘူး။ ကိုယ်က သူ့ကိုအွန်လိုင်းပေါ်မှာပဲ သဘောကျတာလေ။ အပြင်မှာ တခြားစီဆိုရင်တော့ ဒိုးပေါ့။ အွန်လိုင်းသိထားသလိုအတိုင်း အပြင်မှာလည်း သဘောကျစရာကောင်းတယ်ဆိုရင်တော့ ရှေ့ဆက်ဖို့စဉ်းစားသင့်ပြီလေ။

၆။ ကိုယ့်ကိုအားပေးတယ်

your-conversation-flows-well-1498747591.jpg 

ကိုယ့်လုပ်ရပ်တွေ၊ ခံယူချက်တွေကို တလေးတစား နားထောင်ပေးတယ်။ ကိုယ့်ဝါသနာတွေကို အားပေးတယ်။ လိုအပ်တာတွေရှိရင် အကြံပေးတာတွေတောင် လုပ်ပေးတယ်ဆိုရင်တော့ ကိုယ်နဲ့အဆင်ပြေမယ့်လူဆိုတာ အသိသာကြီးပဲမဟုတ်လား။

၇။ လူကောင်း

ကိုယ့်အပေါ်လည်းကောင်းတယ်။ သူများတွေအပေါ်လည်းကောင်းတယ်။ ဒါကို ဘာကိုကြည့်ရင် သိနိုင်မလဲဆိုတော့ စားသောက်ဆိုင်ရောက်ရင် သူ့အနေနဲ့စားပွဲထိုးတွေကို ဘယ်လိုဆက်ဆံသလဲ၊ လမ်းသွားရင်းရော သူများတွေကို လမ်းကြုံကူညီတတ်လား စတာတွေကြည့်ရင် သိနိုင်မယ်။ အဲ့လိုစိတ်ထားကောင်းသူနဲ့ ထပ်ပြီးပတ်သက်ရတာ ကိုယ့်အတွက်ကောင်းတာတွေပဲ ဖြစ်လာမှာပါ။

၈။ နောက်ထပ်တွေ့ချင်စိတ်ဖြစ်မိသူ

you-feel-good-about-yourself-afterward-1498747591.jpg 

အပေါ်မှာပြောခဲ့တဲ့အချက်တွေထဲက အတော်များများနဲ့ ကိုက်ညီနေတယ်။ သူ့ကိုလည်း ထပ်ပြီးတော့ တွေ့ချင်မိသေးတယ်။ ဒါဆိုရင် တွေ့သင့်တဲ့လူပဲလို့ အကြံပေးချင်တယ်။ ထပ်တွေ့ကြည့်ပါ။

Source : List

Share

Loading Next Article...
က္က