အချစ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ ရူးသွပ်မိုက်မဲတဲ့လုပ်ရပ်တွေကို ကျူးလွန်ခဲ့ကြတာတွေလည်းရှိပါတယ်။
 

"အချစ်ဆိုသည်မှာ ကြည်နူးကြတဲ့အခိုက် လမင်းတစ်ရာ... အချစ်ဆိုသည်မှာ ဝမ်းနည်းတဲ့အခါ နေမင်းကုဋ္ဋေကုဋ္ဋာ" ဆိုတဲ့ သီချင်းစာသားလေးကို ကြားဖူးမှာပေါ့။ ရာဇဝင်မှာထင်ရှားတဲ့ ရိုမီရိုနဲ့ ဂျူးလီးယက်တို့၊ ရှင်မွေ့နွန်းနဲ့ မင်းနန္ဒာတို့လို အချစ်ကြောင့် စွန့်စွားဖူးတဲ့ပုံပြင်တွေကိုလည်း ကြားဖူးကြမှာပေါ့။



ဒါပေမယ့် အချစ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ ရူးသွပ်မိုက်မဲတဲ့လုပ်ရပ်တွေကို ကျူးလွန်ခဲ့ကြတာတွေလည်းရှိပါတယ်။ အဲဒီလို အချစ်ကြောင့် ရူးသွပ်မိုက်မဲတဲ့အပြုအမူတွေဆိုတာ လုပ်နေတဲ့အချိန်မှာ လုပ်မိလို့လုပ်မိနေမှန်းမသိသာပေမယ့် နောက်ပိုင်းကျမှ ပြန်နောင်တရ ကြရတာမျိုးပါ။

၁။ ပိုက်ဆံ

01-Things-All-Couples-Fight-About—and-How-to-Fix-Them-1024x683.jpg 

နှစ်ကိုယ်တူရွှေလက်တွဲပြီး ဘဝတစ်သက်တာလက်တွဲဖို့ ကြံစည်ထားတဲ့သူတွေဆို မင်္ဂလာဆောင်ဖို့အတွက် ပိုက်ဆံစုဆောင်းကြတာ မဆန်းပါဘူး။ တချို့အတွဲတွေက ကိုယ်ရတဲ့လစာထဲက တစ်လကိုု ဘယ်လောက်ဆိုပြီး နှစ်ယောက်အတူ ပိုက်ဆံစုထားကြတာလဲရှိရဲ့။ ဒါပေမယ့် တချို့ကကျတော့ တစ်ဖက်လူကို အပြည့်အဝယုံစားပြီး နိုင်ငံခြားမှာအလုပ်သွားလုပ်၊ ရတဲ့လုပ်ခလစာတွေကို လက်ထပ်ဖို့ဆိုပြီး အကုန်ပြန်ပို့၊ တစ်ဖက်လူက တခြားတစ်ယောက်နဲ့ပါသွားတာတွေပဲ ကြုံဖူးကြားဖူးကြမှာပေါ့။

မိမိရဲ့နုပျိုမှုတွေကို အသက်နဲ့ရင်းပြီးရှာထားရတဲ့ ဥစ္စာငွေကြေးတွေကို စုဆောင်းတာကောင်းပေမယ့် တစ်ဖက်လူကို ဘဝနဲ့ရင်းပြီး မယုံတာကောင်းပါတယ်။ ကိုယ်ပိုင်ဘဏ်အကောင့်နဲ့စုချင်စု၊ မဟုတ်ရင် နှစ်ယောက်စုံညီမှထုတ်လို့ရမယ့် စာရင်းသေဘဏ်အကောင့်နဲ့ စုချင်စု။ "ငါ့ဆီပို့လိုက်။ ငါစုထားပေးမယ်" ဆိုတာမျိုးကိုတော့ မျက်စိမှိတ်မယုံတာပိုကောင်းပါတယ်။ ဒါဟာလည်း အချစ်ကြောင့် ပြုလုပ်မိတတ်တဲ့ ရူးသွပ်မိုက်မဲတဲ့အမှားတစ်မျိုးပါပဲ။

၂။ စုံလုံးကန်းယုံကြည်တယ်

Eyes-covered-smile-e1442053013960.jpg 

နောက်တစ်ခုကလည်း ပထမတစ်ခုနဲ့ဆက်စပ်နေပါတယ်။ ငွေရေးကြေးရေးမနွယ်ရင်တောင် တစ်ဖက်လူက ကိုယ်ချစ်သလို ပြန်ချစ်လိမ့်မယ်။ ကိုယ်ကောင်းသလို ပြန်ကောင်းလိမ့်မယ်။ ကိုယ်သစ္စာရှိသလို သစ္စာရှိလိမ့်မယ်ဆိုပြီး စုံလုံးကန်းယုံကြည်တာမျိုးပါ။ အဲဒီလိုစုံလုံးကန်းယုံကြည်ကြရာကပဲ ဘဝတွေရင်းပြီးပေးဆပ်လိုက်သူတွေလည်း ရှိပါတယ်။

တချို့တွေဆိုရင် တစ်ဖက်လူက သစ္စာဖောက်နေတယ်လို့ ယုံကြည်ရလောက်တဲ့ သက်သေကြီးတွေမြင်နေရတာတောင် မိမိကိုယ်ကိုယ်လှည့်စားနေမိတတ်ကြတာပါ။ စုံလုံကန်းယုံကြည်ခြင်းဟာလည်း အချစ်ကြောင့်လုပ်မိတတ်တဲ့ ရူးသွပ်တဲ့ အမှားတစ်မျိုးအဖြစ် ခေါင်းစဉ်တပ်နိုင်ပါတယ်။

၃။ ညာနေမှန်းသိသိရက်နဲ့ ဆက်အညာခံတယ်

liar-woman-lying.jpg 

ကိုယ့်ကိုညာနေမှန်းလည်းသိတယ်။ တစ်ကြိမ်ပြန်ခွင့်လွှတ်ထားတာကိုတောင် ဆက်ညာနေတယ်။ ကိုယ်ကလည်း အဲဒီလိုညာနေမှန်း သိသိကြီးနဲ့တောင် ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ ပျော်ပျော်ကြီး အညာခံနေတယ်ဆိုရင်တော့ ဒါဟာအချစ်ကြောင့် ရူးသွပ်မိုက်မဲမှုတစ်မျိုးပါပဲ။ သမီးရည်းစား (၂) ယောက်ကြားမှာ အရေးအကြီးဆုံးက ယုံကြည်မှုနဲ့နားလည်မှုပါပဲ။ အဲဒီလို ယုံကြည်မှုတွေကို ချိုးဖောက်သူက ချိုးဖောက်နေတာကိုတောင် ပျော်ပျော်ကြီးရပ်ကြည့်နေတယ်ဆိုရင်တော့ ဒါဟာရူးသွပ်မိုက်မဲခြင်းရဲ့ သင်္ကေတပါပဲ။ တရားခံကတော့ အချစ်ပဲပေါ့။

၄။ ဘဝကိုရေစုန်မျောတယ်

161128-drinking-alcohol-jpo-108p_52ad934c90bc61c93c2242c4349f5e55.nbcnews-fp-1200-800.jpg 

ကိုယ့်ကောင်မလေး (သို့) ကောင်လေး ကိုယ့်ကိုဖြတ်ပြီး နောက်တစ်ယောက်နဲ့တွဲသွားတာပဲဖြစ်ဖြစ်၊ လက်ထပ်သွားတာပဲဖြစ်ဖြစ် ကိုယ်နဲ့ဘာမှပတ်သက်မှုမရှိတော့တဲ့ လူတစ်ယောက်အတွက် ဘဝကို ရေစုန်မျောပစ်ဖို့ စဉ်းစားခြင်းဟာ အချစ်ဆိုတဲ့အရာကို အသုံးချပြီး ရူးသွပ်မိုက်မဲခြင်းထဲမှာ အဆိုးဝါးဆုံးအရာတစ်ခုပါပဲ။

ကိစ္စတစ်ခုကို ဘယ်အချိန်မှာစရမယ်ဆိုတာနဲ့ ဘယ်အချိန်မှာဆုံးရမယ်ဆိုတာကို ကောင်းကောင်းသိသူဟာ လူတော်ပါပဲ။ ပြီးခဲ့တဲ့အတိတ်တွေကို အတိတ်မှာထားခဲ့လိုက်ပြီး လက်တွေ့ဘဝကို အကောင်းဆုံးလက်ခံဖြတ်သန်းလိုက်တာဟာ အကောင်းဆုံးပါပဲ။ ဒီလိုမှမဟုတ်ဘဲ အရက်ပုလင်းထဲ ခေါင်းစိုက်ပြီး မိမိဘဝကိုရေစုန်မျောလိုက်တာက ရူးသွပ်မိုက်မဲတဲ့အပြုအမူတစ်ခုပါပဲ။

၅။ ကိုယ်ထိလက်ရောက်ကြံစည်တယ်

SelfHarm2017.jpg 

တချို့တွေကျပြန်တော့ မိမိဘဝကိုရေစုန်မျောရုံနဲ့ မကျေနပ်ပါဘူး။ မစားရတဲ့အမဲကို သဲနဲ့ပက်တာတို့၊ မခံစားနိုင်တော့လို့ မိမိကိုယ်ကိုယ် ကိုယ်ထိလက်ရောက်နာကျင်အောင်လုပ်တာတို့ကတော့ အဆုံးစွန်ဆုံးမိုက်မဲမှုတွေပါပဲ။ ကိုယ့်ကိုမချစ်တော့လို့ ကိုယ့်အနားကထွက်သွားတဲ့သူကို ဘာမှလိုက်ဆွဲနေစရာမလိုသလို ဘေးအန္တရာယ်ပြုပြီး သူ့ကိုကော၊ ကိုယ့်ကိုယ်ကိုယ်ပါ ဒုက္ခပေးနေစရာလည်း မလိုပါဘူး။ နောက်ပြီး အချစ်ကြောင့်နာကျင်ခံစားရတယ်ဆိုပြီး မိမိကိုယ်ကိုယ်ထိခိုက်နာကျင်အောင် လုပ်တာလည်း ရူးသွပ်မိုက်မဲမှုတစ်ခုပါပဲ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က