ရာသီခွင်အလိုက် လိုက်ဖက်အညီဆုံးစုံတွဲလေးတွေ ရှိပါတယ်။
 

ဗေဒင်ယုံတာ မယုံတာတော့ မိမိရဲ့ကိုယ်ပိုင်ရွေးချယ်မှုပါပဲ။ ဒါပေမယ့် ရာသီခွင်အလိုက် ယေဘုယျသတ်မှတ်နိုင်တဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေအရ အောက်မှာဖော်ပြထားတဲ့ ရာသီခွင်အတွဲတွေဟာ လိုက်ဖက်အညီဆုံးပါပဲ။ အဲဒါတွေကတော့...

၁။ Libra (တူ) နဲ့ Leo (သိဟ်)

festival-vibes_1499103979.jpg 

တူရာသီဖွားတွေကော၊ သိဟ်ရာသီဖွားတွေပါ ဆိုရှယ်ကျပြီး ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ကြပါတယ်။ ပါတီပွဲ ဆင်နွှဲရတာကိုလည်း နှစ်သက်ကြပြီး လူတကာရဲ့စိတ်ဝင်စားမှုနဲ့ အာရုံစိုက်မှုကိုလည်း ရယူတတ်ကြပါတယ်။ သိဟ်ရာသီဖွား (leo) တွေက လူတွေရဲ့အာရုံစိုက်မှုကိုလိုအပ်ပြီး အဲဒီအာရုံစိုက်မှုကို တူရာသီဖွား (libra) က ဖြည့်ဆည်းပေးနိုင်ပါတယ်။

၂။ Gemini (မေထုန်) နဲ့ Libra (တူ)

00.jpg 

မေထုန်နဲ့ တူရာသီဖွားတွေကျတော့ ဘာလို့လိုက်ဖက်လဲဆိုတော့ နှစ်ဖက်စလုံးမှာပြင်းပြတဲ့ လိင်ပိုင်းဆိုင်ရာဆက်နွယ်မှုရှိနေလို့ပါပဲ။ သူတို့နှစ်ဦးကြားက ဆက်ဆံရေးက မြန်ဆန်ြ့ပီး လတ်ဆတ်တဲ့ ဆက်ဆံရေး တစ်ခု ဖြစ်နေပါလိမ့်မယ်။ သူတို့နှစ်ဦးကြားမှာ ငြိမ်းချမ်းမှုတွေကိုဆောင်ကြဉ်းဖို့ နည်းလမ်းတွေကို သူတို့ကိုယ်တိုင်ပဲရှာဖွေနိုင်ကြပါလိမ့်မယ်။

၃။ Aries (မိဿ) နဲ့ Aquarius (ကုမ်)

ဒီရာသီခွင်ဖွားအတွဲလေးကတော့ လူတိုင်းမနာလိုအားကျရမယ့် ဆက်ဆံရေးလေးကို ရရှိပိုင်ဆိုင်ကြမှာပါ။ သူတို့ဟာ စွန့်စားမှုကို မြတ်နိုးတယ်။ စိတ်ခံစားချက်ပြင်းထန်တယ်။ နောက်ပြီး အပျော်အပါးကိုလည်း ဝါသနာပါကြပါတယ်။

၄။ Aries (မိဿ) နဲ့ Cancer (ကရကဋ်)

635959367393999898-1982660437_Girl-hugging-guy-looking-away-980x980.jpg 

မိဿရာသီဖွားတွေက အကြောက်အလန့်နည်းပါးပြီး ရဲရင့်သလို ကရကဋ်ရာသီဖွားတွေကတော့ ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိပါတယ်။ သူတို့ဟာ ရဲရင့်တဲ့သူတွေရဲ့အကာအကွယ်ကို ရယူပြီး သူတို့ရဲ့ စွမ်းအင်တွေနဲ့ အထောက်အကူပေးတတ် ကြပါတယ်။

၅။ Aries (မိဿ) နဲ့ Pisces (မိန်)

မိန်ရာသီဖွားတွေနဲ့ မိဿရာသီဖွားတွေဟာလည်း တစ်ယောက်နဲ့တစ်ယောက် အလွန်လိုက်ဖက်ညီပါတယ်။ မိန်ရာသီဖွားတွေက နောက်မှာပဲနေတတ်ပြီး မိဿရာသီဖွားတွေကို ဦးစီးဦးဆောင်သူနေရာကို ပေးတတ်ကြပါတယ်။

၆။ Cancer (ကရကဋ်) နဲ့ Pisces (မိန်)

02e5c379800772a731681db3d3290fad.jpg 

Cancer (ကရကဋ်) နဲ့ Pisces (မိန်) ရာသီဖွားတွေကတော့ စိတ်ခံစားချက်ပြင်းထန်ပြီး တစ်ဖက်သားရဲ့ခံစားချက်ကို ကောင်းစွာ နားလည်နိုင်စွမ်းရှိကြတဲ့အတွက် တစ်ယောက်ကိုယ်တစ်ယောက် မနာကျင်စေအောင် အကောင်းဆုံး ထိန်းသိမ်းဆောင်ရွက် ကြပါလိမ့်မယ်။

၇။ Taurus (ပြိဿ) နဲ့ Cancer (ကရကဋ်)

သူတို့ကတော့ နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်မယ့် စွယ်တော်ရွက်လိုပါပဲ။ တစ်ဦးကိုတစ်ဦးဖေးမခြင်းဖြင့် ပြီးပြည့်စုံစေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့နှစ်ယောက်ကြားက အပြန်အလှန်နားလည်ခြင်းလည်း ရှိပါတယ်။ နောက်တစ်ခုက သူတို့နှစ်ယောက်လုံးဟာ တူညီတဲ့အရာတွေကိုပဲ တန်ဖိုးထားတတ်ကြပါတယ်။ ဥပမာ... မိသားစု၊ အိုးအိမ်နဲ့ ဘဝတည်ငြိမ်ရေး။

၈။ Taurus (ပြိဿ) နဲ့ Capricorn (ကရကဋ်)

8_Confessions_That_Reveal_Why_People_Cheat_08-1-1.jpg 

ပြိဿရာသီဖွားတွေက ကရကဋ်ရာသီဖွားတွေရဲ့လုပ်ငန်းခွင်စိတ်နေစိတ်ထားနဲ့ ဟာသဉာဏ်ကိုလေးစားပြီး ကရကဋ်ရာသီဖွားတွေက ပြိဿရာသီဖွားတွေရဲ့ ကြင်နာတတ်ပြီး ကိုယ်ချင်းစာတတ်တဲ့ သဘာဝကို နှစ်သက်ပါလိမ့်မယ်။ ဒီလိုအတွဲမျိုးဟာလည်း လိုက်ဖက်ညီပါတယ်။

၉။ Sagittarius (ဓနု) နဲ့ Aries (မိဿ)

ဓနုရာသီဖွားတွေကတော့ ချစ်ရေးချစ်ရာအရှုပ်အထွေးတွေ၊ ဒရာမာတွေကို မုန်းတီးပြီး ယေဘုယျအားဖြင့်တော့ ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါးနေလိုသူတစ်ဦးဖြစ်ပါတယ်။ မိဿရာသီဖွားတွေကလည်း ဆိုရှယ် ကောင်းမွန်တဲ့သူတွေဖြစ်လို့ သူတို့အတွဲဟာလည်း လိုက်ဖက်ညီမှာပါ။

၁၀။ Leo (သိဟ်) နဲ့ Sagittarius (ဓနု)

8358ce4f204cafba_Ryker_Tara_Engagement_153.jpg 

သိဟ်ရာသီဖွားတွေကတော့ နည်းနည်းခေါင်းမာတတ်ပါတယ်။ ဒါပေမယ့် ဓနုရာသီဖွားတွေကတော့ သိဟ်ရာသီဖွားတွေရဲ့ မိမိကိုယ်ကိုယ်ယုံကြည်မှုကို နှစ်သက်ပြီး ပြဿနာတွေကိုဖြေရှင်းဖို့အတွက် နောက်ကွယ်ကနေ အထောက်အပံ့ပေးတတ်ကြပါတယ်။

၁၁။ Virgo (ကန်) နဲ့ Capricorn (မကာရ)

ကန်ရာသီဖွားတွေကတော့ တိတ်ဆိတ်ပြီး နည်းနည်းရှက်တတ်ပါတယ်။ ဒါပေမယ့် တစ်ခါတလေကျပြန်ရင်လည်း တဇွတ်ထိုး နည်းနည်းဆန်ပါတယ်။ သူတို့ကို ကောင်းကောင်းကိုင်တွယ်နိုင်တာကတော့ မကာရ ရာသီဖွားတွေပါပဲ။

၁၂။ Aquarius (ကုမ်) နဲ့ Gemini (မေထုန်)

1491855207-43898e465d3bcc326f7fcd311616f0ac.jpg 

မေထုန်ရာသီဖွားတွေကတော့ စိတ်ကူးသစ်တွေကို နှစ်သက်မြတ်နိုးပြီး ကုမ်ရာသီဖွားတွေကတော့ စိတ်ကူးတီထွင်ဉာဏ် ကောင်းမွန်ပါတယ်။ ဒီနှစ်ယောက်အတွဲကတော့ လောကဓံရဲ့အနိမ့်အမြင့်တွေကို ကောင်းကောင်းရင်ဆိုင်နိုင်စွမ်းရှိပါတယ်။။

အထက်မှာဖော်ပြထားတာတွေကတော့ အကောင်းဆုံး၊ လိုက်ဖက်အညီဆုံးစုံတွဲတွေ ဖြစ်လာစေမယ့် ရာသီခွင်ဖွားစုံတွဲတွေပဲ ဖြစ်ပါတယ်။ တကယ်လို့ ခင်ဗျားနဲ့ ခင်ဗျားချစ်သူက အထက်ဖော်ပြပါ ရာသီခွင်အတွဲ တွေနဲ့ ကိုက်ညီနေမယ်ဆိုရင် အကောင်းဆုံးတွဲဖက်တွေဖြစ်လာမှာပါ။

Source: youngisthan

Share

Loading Next Article...
က္က