မိမိနဲ့ ချိန်းတွေ့နေသူက black coffee (ကော်ဖီခါး) ကို ရွေးချယ်တယ်ဆိုရင်တော့ သူတို့နားမှာ သတိထားနေပါ။
 

ကော်ဖီအမျိုးအစားအများကြီးရှိပါတယ်။ Cappuccino ၊ Mocha ၊ Espresso စသဖြင့် ကော်ဖီဖျော်စပ်ပုံအလိုက် ရွေးချယ်စရာကော်ဖီ menu တွေရှိပါတယ်။ ဒါပေမယ့် မိမိနဲ့ ချိန်းတွေ့နေသူက black coffee (ကော်ဖီခါး) ကို ရွေးချယ်တယ်ဆိုရင်တော့ သူတို့နားမှာ သတိထားနေပါ။ ခင်ဗျားနဲ့ကော်ဖီတူတူသောက်နေသူက စိတ်ပုံမှန်မရှိသူ ဖြစ်နေနိုင်ပါတယ်။

ကော်ဖီခါးခါးကြိုက်သူတွေ ဒေါသတော့ထွက်မသွားပါနဲ့ဦး။ ဒီအချက်အလက်ဟာ သြတြေးလျနိုင်ငံ Innsbruck တက္ကသိုလ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနရဲ့ရလဒ်ဖြစ်ပြီး ကော်ဖီဆိုရင် ခါးခါးမှကြိုက်သူတွေဟာ စိတ်ပိုင်းဆိုင်ရာမူမမှန်သူ (သို့) ရက်စက်ကြမ်းကြုတ်တဲ့ အပြုအမူတွေမှာ သာယာသူဖြစ်နေနိုင်ပါတယ်တဲ့။

သုတေသန

01-If-You-Drink-Your-Coffee-Black-Youre-Probably-a-Psychopath-SHUTTERSTOCK-1024x683.jpg 

အဲဒီသုတေသနစာတမ်းကို Appetite ဂျာနယ်မှာထည့်သွင်းပြသခဲ့ပြီး အရွယ်ရောက်ပြီးလူပေါင်း (၁၀၀၀) ကျော်ကို သူတို့ရဲ့ အရသာနဲ့ပတ်သက်လာရင် နှစ်သက်မှုတွေကို မေးမြန်းစစ်တမ်းကောက်ခဲ့တာ ဖြစ်ပါတယ်။ နောက်ပြီး သူတို့ဟာ မတူညီတဲ့ ပုဂ္ဂိုလ်ရေးအရည်အချင်းစစ်မေးခွန်းတွေကိုလည်း မေးမြန်းခဲ့ပြီး machiavellian trait လို့ခေါ်တဲ့ အတ္တလွန်မင်းစွာကြီးခြင်း (narcissism) တွေ၊ အကြမ်းပတမ်း လုပ်ရတာဝါသနာကြီးခြင်း (psychopathy) တွေ၊ ညှင်းပန်းနှိပ်စက်ရတာ ဝါသနာထုံခြင်း (sadism) နဲ့ ဒေါသကြီးခြင်းစတဲ့အချက်တွေ ပါဝင်ပါတယ်။

သုတေသီတွေက ကော်ဖီခါး (ဘလက်ခ်ကော်ဖီ) နှစ်သက်ခြင်း (ဒါမှမဟုတ် တခြားအခါးဓာတ်တွေကို နှစ်သက်ခြင်း) နဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အပြုအမူတွေကြားမှာ ဆက်နွယ်မှုတွေ ရှိနေကြောင်း ဖော်ထုတ်ပြသခဲ့ပါတယ်။

ကော်ဖီကို နို့ထည့်သောက်တဲ့သူတွေ

 

နောက်တစ်ခုကတော့ နို့များတဲ့၊ အချိုများတဲ့ ကော်ဖီတွေကို နှစ်သက်သူတွေကတော့ ကရုဏာကြီးခြင်း၊ အများနဲ့ ပူးပေါင်းဆောင်ရွက်တတ်ခြင်း၊ အကြင်နာကြီးခြင်းစတဲ့ ပုဂ္ဂိုလ်ရေးအရည်အသွေးတွေ ရှိနေနိုင်ပါတယ်တဲ့။ သုတေသနမှာတွေ့ရှိခဲ့တဲ့ အချက်တစ်ချက်အရ ခါးတဲ့အရသာရှိတဲ့အစားအသောက်တွေကို နှစ်သက်သူတွေနဲ့ တခြားလူတွေအပေါ်နာကျင်အောင်လုပ်ရတာကို နှစ်သက်မှုကြားမှာ နီးကပ်စွာ ဆက်နွယ်နေပါတယ်။

ဒါတင်မကသေးပါဘူး။ သုတေသီတွေကအကြံပြုထားတာကတော့ ခါးတဲ့အရသာရှိတဲ့အစားအသောက်တွေနဲ့ စိတ်ပိုင်းဆိုင်ရာ မူမမှန်မှုတွေဟာ နာတာရှည်ဖြစ်နိုင်ပြီး အချိန်ကြာလာတာနဲ့အမျှ ပိုဆိုးလာနိုင်ပါတယ်။

ဒါပေမယ့် တစ်ခုရှိတာကတော့ ဘလက်ခ်ကော်ဖီသောက်သူတွေဟာ ကျန်းမာရေးနဲ့ပတ်သက်ပြီး ဂရုစိုက်တတ်သူတွေလည်း ဖြစ်နေနိုင်ပါတယ်။ ကော်ဖီခါးခါးမှာက ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီးပါရှိနေချိန်မှာ နို့မှုန့်တွေ၊ သကြားတွေအများကြီးထည့်ထားတဲ့ ကော်ဖီတွေကတော့ ကျန်းမာရေးအတွက် ထင်သလောက်မကောင်းပါဘူး။

ဒါကြောင့် မိမိနဲ့ချိန်းတွေ့မယ့်သူ ဘယ်လိုကော်ဖီရွေးချယ်လဲဆိုတာကို ကြည့်ပြီး သူ့ရဲ့စိတ်နေစိတ်ထားကို ခန့်မှန်းကြည့်လို့ရပါတယ်။ ဒေါသကြီးတတ်သူ၊ အကြမ်းပတမ်းလုပ်ရတာ ဝါသနာထုံသူတွေကို မနှစ်သက်ဘူးဆိုရင်တော့ ကော်ဖီခါးခါးသောက်တတ်သူကို ဝေါင်ဝေါင်ကရှေးလိုက်ပါ။

Sourcce: Reader's Digest


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က