ပိုက်ဆံအိတ်၊ လက်ကိုင်အိတ်တို့ ပေးတတ်တဲ့ ချစ်သူမျိုးကို ပိုင်ဆိုင်ထားတာလား။

လက်ဆောင်ပေးတာကတော့ အကြောင်းအမျိုးမျိုးနဲ့ လက်ဆောင်ပေးလေ့ရှိကြတယ်။ ခင်မင်သူတွေ၊ ဆွေမျိုးသားချင်းတွေ၊ ချစ်သူတွေကြားမှာ လက်ဆောင်ပေးတဲ့ အလေ့အထလေးရှိကြတယ်။ ကိုယ့်ချစ်သူက ကိုယ့်ကိုပေးတဲ့လက်ဆောင်ကိုကြည့်ပြီး သူ့စိတ်နေသဘောထားကို ခန့်မှန်းကြည့်ရအောင်။ သူ့အနေနဲ့ ကိုယ့်ကိုဘယ်လိုသဘောထားသလဲဆိုတာ သူပေးတဲ့လက်ဆောင်ကိုကြည့်ရင် အထိုက်အလျောက်တော့ သိပါလိမ့်မယ်။

၁။ အရုပ်

 

ချစ်စရာကောင်းတဲ့ကောင်မလေးမို့လို့ အရုပ်လက်ဆောင်ပေးတာပါ။ ချစ်သူနှစ်ဦးကြားမှာ ဟာသဆန်တဲ့ အမှတ်တရဖြစ်ရပ်လေးတွေလည်း ရှိဖူးပါလိမ့်မယ်။ သူ့ကိုလည်း အားကိုးချစ်ခင်စေချင်တယ်။ ချစ်သူလေးက ကလေးလေးလိုပဲ အပြစ်ကင်းပြီး ချစ်စရာကောင်းတယ်လို့ မြင်မိတဲ့အခါ အရုပ်လက်ဆောင်ပေးကြပါတယ်။

၂။ အဝတ်အထည်

 

ကိုယ့်ကို အဝတ်အထည်လက်ဆောင်ပေးတယ်ဆိုတာ သူ့အမြင်မှာကိုယ်က စမတ်ကျပုံပေါ်လို့ပါတဲ့။ ခေတ်မီတယ်၊ ဖက်ရှင်ကျတယ်လို့လည်း မြင်နေလို့ပါ။ ဘယ်သူဘာပြောပြော ကိုယ့်မျက်စိထဲမှာ ကိုယ့်ချစ်သူကအလှဆုံး၊ အဲ့ဒီအလှလေးကိုပဲ သဘောကျနှစ်သက်နေတဲ့လူဖြစ်ပါတယ်။ နှစ်ယောက်လုံး ဖက်ရှင်ကျကျ၊ လှလှပပနေချင်တဲ့စိတ်လည်း ရှိပါတယ်။ အဝတ်အစားလက်ဆောင်ပေးတတ်သူတွေဟာ ကိုယ်တိုင်ကလည်း ဘဝတက်လမ်းကို ကြိုးစားနေသလို ကိုယ့်လိုပဲကြိုးစားစေချင်တဲ့စိတ်မျိုး ရှိကြပါတယ်။ အရမ်းကြီးယုယမနေတတ်ပေမဲ့ သူ့နည်းသူ့ဟန်နဲ့လည်း ဂရုစိုက်တတ်ပါတယ်။

၃။ အလှကုန်ပစ္စည်း

 

မိတ်ကပ်၊ နှုတ်ခမ်းနီ၊ ရေမွှေးတို့လို အလှကုန်ပစ္စည်းတွေ ဝယ်ပေးတယ်ဆိုတာက တစ်ကမ္ဘာလုံးမှာ ကိုယ့်ချစ်သူက အချောဆုံးလို့ တင်စားချင်လို့ပါ။ ပြီးတော့ ကိုယ့်ချစ်သူကိုလည်း ကိုယ့်အနားမှာ အမြဲရှိနေစေချင်ပါတယ်။ ဒါပေမဲ့ ချုပ်ခြယ်တတ်တဲ့အကျင့်လေးရှိတတ်ကြတာမို့ တစ်ခါတစ်ခါတော့ သူ့ကြောင့်စိတ်ရှုပ်ရလိမ့်မယ်။ အရမ်းချစ်လွန်းတော့လည်း အူတိုတတ်၊ ချုပ်ခြယ်တတ်ကြတာပါ။

၄။ ဖိနပ်

 

အချစ်ကို ပေးဆပ်ခြင်းလို့ ခံယူတတ်သူပါ။ ချစ်သူအပေါ် ရိုးရိုးသားသားချစ်တယ်။ အလျှော့ပေးလိုက်လျောတတ်တယ်။ ချစ်သူသည်သာဘဝ၊ ချစ်သူသည်သာ အရာရာလို့ ထင်မြင်တတ်သူဖြစ်ပါတယ်။ သင်ရှိနေရင် သူ့ဘဝကြီးက ပြည့်စုံနေပြီလို့လည်း ခံယူထားတယ်။ သင့်အနားမှာ အမြဲတမ်းရှိနေပေးတတ်ပေမဲ့ စိတ်နာသွားပြီဆိုရင်တော့ တစ်ချက်မှကိုပြန်လှည့်မကြည့်တတ်တဲ့စိတ်ထားမျိုး ရှိပါတယ်။

၅။ အိတ်

 

ပိုက်ဆံအိတ်၊ လက်ကိုင်အိတ်တို့ ပေးတတ်တဲ့ ချစ်သူမျိုးကို ပိုင်ဆိုင်ထားတာလား။ ဒီလိုလူမျိုးက နှလုံးသားနဲ့ဦးနှောက်ကို အကန့်ခွဲထားတတ်သူတွေလေ။ အချစ်နဲ့ပတ်သက်လာရင်လည်း အတ္တကြီးတယ်။ သူ့ရဲ့အလုပ်၊ ဂုဏ်သိက္ခာတွေကိုလည်း တန်ဖိုးထားတယ်။ သူချစ်သလောက် သူ့ကိုပြန်ချစ်မှကျေနပ်တတ်သူတွေပါ။

၆။ လက်ဝတ်ရတနာ

 

ချစ်သူကို အဖိုးတန်ရတနာလေးတစ်ခုလို ချစ်တတ်သူတွေက လက်ဝတ်ရတနာ လက်ဆောင်ပေးကြတယ်။ ခပ်တည်တည်နေတတ်ပေမဲ့ စိတ်ထဲကတော့ မြတ်နိုးတွယ်တာတတ်ပါတယ်။ စိတ်ဆိုးစိတ်ကောက်ခဲတယ်။ သစ္စာရှိတယ်။ သူ့အပေါ် သစ္စာမရှိဘူးလို့ ခံစားရတာနဲ့ ချစ်သူကိုလည်း အဖက်မလုပ်တော့ဘူး။ အစွဲအလမ်းကြီးတယ်။

၇။ အီလက်ထရောနစ်ပစ္စည်း

 

ဖုန်း သို့မဟုတ် အီလက်ထရောနစ်ပစ္စည်းလေးတွေ ပေးတတ်သူတွေကတော့ ချစ်သူကို တစ်မျိုးတစ်ဖုံ တွယ်တာချင်သူတွေပါ။ သူ့ကိုလည်း အဆက်အသွယ်မလုပ်ဘဲ မနေပါနဲ့တဲ့။ သင့်အသံလေးကိုလည်း နေ့တိုင်းကြားချင်တယ်။ သူငယ်ချင်းလိုလည်း တိုင်ပင်လို့ရနိုင်နဲ့ ရင်ဖွင့်ဖော်ချစ်သူမျိုးပါ။ သင်မရှိဘဲနဲ့ သူက မနေတတ်သလို၊ သူမရှိဘူးဆိုရင် သင်လည်းနေတတ်မှာမဟုတ်ပါဘူး။

Share

Loading Next Article...
က္က