ဒါတွေလုပ်နေမိပြီဆို ကိုယ်သူ့ကို တကယ်မချစ်လို့ပဲ။

အချစ်ဆိုတာကြီးကလည်းလေ အဓိပ္ပာယ်တွေ မျိုးစုံအောင်ဖွင့်နေကြပေမဲ့ မရိုးနိုင်အောင်ပဲ ထူးဆန်းမှုတွေ၊ ပြောင်းလဲမှုတွေ ရှိနေတတ်တယ်မဟုတ်လား။ ရင်ထဲက လှိုက်လှိုက်လှဲလှဲနဲ့ မြတ်မြတ်နိုးနိုး ချစ်နေမိပြီဆိုရင်တော့ သူ့အပေါ် ဒါတွေလုပ်မိတော့မှာမဟုတ်ပါဘူး။ ကိုယ့်ချစ်သူ ဝမ်းနည်းထိခိုက်မှာကို မကြည့်ရက်တော့ဘူးလေ။ ကိုယ့်ကိုအရမ်းချစ်ပါတယ်ပြောတဲ့လူကလည်း ဒါတွေလုပ်နေပြီဆိုရင် တကယ့်ရင်ထဲကနေ ချစ်တာမဟုတ်လို့နေမှာပါ။

 

၁။ အသားနာအောင်လုပ်ခြင်း

ဘယ်သူကမှ ကိုယ့်အသားနာအောင်လုပ်တာကို မကြိုက်ကြဘူးနော်။ ကိုယ်လည်းမကြိုက်ဘူးဆို သူများတွေလည်း မကြိုက်ပါဘူး။ ဒေါသအလျောက် စိတ်လိုက်မာန်ပါ လုပ်လိုက်မိတဲ့အခါ ကိုယ်ပဲနောင်တရမိပါလိမ့်မယ်။ ကိုယ်ချစ်မြတ်နိုးသူကို နာကျင်အောင်လုပ်ပြီးမှ ကိုယ်တိုင်ဝမ်းနည်းမဆုံးဖြစ်နေရတာမျိုး အဖြစ်မခံပါနဲ့။

၂။ စိတ်ခံစားချက်ပိုင်းဆိုင်ရာ ဖိနှိပ်စော်ကားမှု

ဘယ်သူနဲ့တွေ့နေတာလဲ၊ ဘာလုပ်နေတာလဲ၊ ဘယ်ရောက်နေတာလဲ၊ သူနဲ့ဘာလို့ဓာတ်ပုံတွဲရိုက်တာလဲ ... အမလေးး မေးခွန်းတွေများလွန်းလို့ မွန်းကြပ်လိုက်တာ။ ဟဘယ်သူကမှ တကယ်ချစ်တဲ့လူအပေါ် သစ္စာဖောက်မှာမဟုတ်ဘူး။ သူငယ်ချင်းမို့လို့၊ အလုပ်ကိစ္စမို့လို့ တွေ့နေရတာပါ။ ဒီလိုမျိုး မေးခွန်းတွေ တရစပ်မေးပြီး ဟိုဟာမလုပ်ရ၊ ဒီဟာမလုပ်ရ တားမြစ်တာတွေ၊ စွပ်စွဲတာတွေက ဂရုစိုက်တာမဟုတ်ဘူးနော်။ ချုပ်ခြယ်တာဖြစ်နေပြီ။

 

၃။ ဆဲရေးတိုင်းထွာခြင်း

နှစ်ဦးသဘောတူ အပြန်အလှန် ကလော်တုတ်နေကြတယ်ဆိုရင်တော့ ပြဿနာမရှိဘူး။ သူဖြဲကိုယ်ဖြဲ၊ သူကလော်တုတ် ကိုယ်ပြန်တုတ်ပေါ့။ ဒီလိုမှမဟုတ်ဘူးဆိုရင်တော့လည်း ဆဲရေးတဲ့အသုံးနှုန်းတွေ မသုံးတာကောင်းပါတယ်။ လူကြားထဲ ဆဲမိရင် သူရောကိုယ်ပါ သိက္ခာကျတယ်။

၄။ လိမ်ခြင်း

အစပိုင်းကတော့ သေးသေးလေးတွေကစပြီး လိမ်လိုက်တာပဲ။ နောက်တော့ အကုန်လုံးကို ဝန်မခံချင်တော့ဘူး။ အားလုံးလိမ်ပြောတယ်။ နောက်ကွယ်မှာ လုပ်ချင်တာလုပ်တာတွေလည်း ပိုများလာသလို ကိုယ်ကိုယ်တိုင်ကလည်း ဖြောင့်မတ်သူအဖြစ်ကနေ သွေဖယ်သွားနိုင်ပါတယ်။

promo251671778.jpg 

၅။ ဖောက်ပြန်ခြင်း

မချစ်ရင်လည်း မချစ်ဘူးလို့ ဒဲ့သာပြောပြီး လမ်းခွဲလိုက်ပါ။ နောက်ကွယ်မှာ ခြေရှုပ်နေတာမျိုးတော့ မလုပ်ပါနဲ့။ ကိုယ်လည်း လှည့်ပတ်လိမ်ညာနေရတာ ပင်ပန်းတယ်။ ချစ်တဲ့သူရော၊ နောက်ထပ် တွဲနေသူတွေကိုရော ငဲ့ညှာသင့်တယ်။ နှစ်ဘက်လုံးက လိမ်ညာလှည့်စားနေတာက တော်တော်ဆိုးတဲ့လုပ်ရပ်ကြီးပါ။ ဒီလိုတွေလုပ်နေပြီဆိုတည်းက ကိုယ့်ချစ်သူကို မချစ်တော့လို့လုပ်နေမိတာလည်း ဖြစ်နိုင်ပါတယ်။ တကယ်မြတ်နိုးတယ်ဆို ဖောက်ပြန်စရာကိုမလိုတာ။

Share

Loading Next Article...
က္က