ကိုယ်ကသာ ချစ်တဲ့စိတ်နဲ့ ကြိတ်မှိတ်သည်းခံနေတာ သူကတော့ ကိုယ့်ကိုမငဲ့ပါဘူး။

ချစ်မိရင် အပြစ်ရှိတယ်လို့ကို မထင်တော့ဘူးနော်။ ကိုယ်ကချစ်နေမိတော့ သူဆိုးသမျှ၊ အနိုင်ကျင့်သမျှတွေကိုလည်း သည်းခံပေးတယ်။ သူနဲ့ချစ်သူဖြစ်ပြီးနောက်မှာ ကိုယ့်အတွက်ကောင်းတာ ဘာမှရှိမလာဘူးဆိုရင်တော့ ကိုယ်က အသုံးချခံဘဝများ ရောက်နေပြီလားဆိုတာ ပြန်သုံးသပ်ဖို့ကောင်းတယ်။

 

၁။ သူ့အပြစ်တွေကိုဖုံးဖိပေးနေရတယ်

သူငယ်ချင်းတွေကက အမြဲတမ်းကိုယ့်ကိုပြောတယ် "နင့်ချစ်သူက အဲ့လိုပဲ နင့်အပေါ်ဆိုးသလား"တဲ့။ တကယ်တမ်းတော့ သူက ဆိုးတာမဟုတ်ကြောင်း၊ ပင်ပန်းနေလို့၊ စိတ်ဖိစီးနေလို့ စတဲ့ ဆင်ခြေတွေပေးပြီး ကိုယ်က ဖုံးဖိနေရတယ်ဆိုတာ လုံးဝမဖြစ်သင့်ဘူးနော်။ ကိုယ့်ကိုမလေးစားဘူး၊ ကောင်းကောင်းမွန်မွန်မဆက်ဆံဘူးလို့ ခံစားရတယ်ဆိုရင် ဒီလူတွေက ကိုယ့်ကိုတွဲဟာ အသုံးချဖို့သက်သက်ပဲလို့ သိလိုက်ဖို့ကောင်းတယ်။

 

၂။ သိမ်ငယ်စေတယ်

သူနဲ့တွေ့တိုင်း ကိုယ်က တက်ကြွပျော်ရွှင်ရမယ့်အစား သိမ်ငယ်မှုကို ခံစားရတယ်။ သူတို့လိုချင်တာ၊ ဖြစ်ချင်တာအတွက်ပဲ ဦးစားပေးကြသလို အဲ့ဒီအပေါ်မှာလည်း ကျေနပ်နေတယ်လေ။ ကိုယ်ဘာဖြစ်နေလဲဆိုတာ မကြည့်ပေးတော့ ကိုယ့်မှာ သိမ်ငယ်ရတယ်။

သင်အကြိုက်တွေ့နိုင်မယ့်ဆောင်းပါး ---> Crush တယ်ဆိုတာနဲ့ ခပ်ဆင်ဆင်တူတဲ့ ဗန်းစကားအသစ်တစ်မျိုး

 

၃။ သူငယ်ချင်းအရင်းတွေနဲ့ မိသားစုဝင်တွေစိတ်ပူကြတယ်

ကိုယ့်အကြောင်းကို ကောင်းကောင်းကြီးသိနေပြီးသားဖြစ်တဲ့ မိသားစုဝင်တွေ၊ ဘော်ဒါရင်းတွေက သူနဲ့တွဲတာကို စိတ်ပူကြပါတယ်။ ကိုယ့်ကို ဘယ်လိုတွေအသုံးချနေသလဲဆိုတာကို သိနေကြတော့ သူနဲ့တွဲတာကို ကန့်ကွက်ကြတယ်။

 

၄။ ကိုယ်လိုအပ်တာတွေမရဘူး

ကိုယ်ကသာ အမြဲတမ်း အဖြည့်ခံ။ သူလိုတာမှန်သမျှ၊ ဖြစ်ချင်တာမှန်သမျှ လိုက်လျောပေးခဲ့ရတယ်။ ကိုယ့်အတွက်ကျတော့ ဘာတစ်ခုမှ ပြန်မရဘူးဆိုရင် အသုံးချခံနေရတာမဟုတ်လို့ ဘာဖြစ်ဦးမှာလဲနော်။ ကိုယ့်မှာလည်း တောင်းဆိုပိုင်ခွင့် ရပိုင်ခွင့်ရှိပါတယ်။ သူမလုပ်ပေးဘူးဆိုလည်း ကိုယ့်ဘာသာရယူနိုင်ခွင့်ရှိတယ်။ သူ့ကိုလည်း လိုက်ဖြည့်ဆည်းပေးနေစရာမလိုဘူးနော်။

Share

Loading Next Article...
က္က