လက်တွေ့ဘဝထဲမှာ Relationship နဲ့ပတ်သက်တဲ့ ကိစ္စတွေက ထင်ထားသလောက်မရိုးရှင်းပါဘူး။

မြန်မာကားဇာတ်ဝင်ခန်းတွေထဲကလို မိန်းကလေးတွေဟာ အရမ်းဖြောင့်၊ အရမ်းသန့်၊ အရမ်းချမ်းသာတဲ့ ဘဲတစ်ဘွေကို မြင်မြင်ချင်းကြွေသွားတယ်ဆိုုတာမျိုး အပြင်မှာရှိပါသလား။ လက်တွေ့ဘဝထဲမှာ Relationship နဲ့ပတ်သက်တဲ့ ကိစ္စတွေက ထင်ထားသလောက်မရိုးရှင်းပါဘူး။

 

လေ့လာတွေ့ရှိချက်တွေအရတော့ မြင်မြင်ချင်းအချစ်ဆိုတာ (၄၈) ရာခိုင်နှုန်းပဲရှိပါသတဲ့။ ဒါကြောင့် အချစ်ဆိုတာဖြစ်လာအောင် ဖြည်းဖြည်းချင်းကြိုးစားယူလို့လည်းရပါတယ်။ ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းနာကိုလည်း သိရှိထားမယ်ဆိုရင်ပေါ့။ အရမ်းကြီးလည်း serious ဖြစ်ပြစရာမလိုဘဲ အထာကျကျနဲ့ ကောင်မလေးတစ်ယောက် ကိုယ့်ကိုကျလာအောင် လုပ်လို့ရပါတယ်။

၁။ ကော်ဖီတူတူသောက်ဖို့ ခေါ်မယ်

coupletalking.jpg 

မိန်းကလေးတစ်ယောက်ကို ဒိတ်လုပ်ဖို့ ဘယ်ကစချိန်းရမလဲမသိဘူးဆိုရင် ကော်ဖီဆိုင်တူတူလိုက်ထိုင်မလား မေးလိုက်တာဟာ ရှေးရိုးစွဲနည်းလမ်းတစ်ခုပါပဲ။ မိန်းကလေးဘက်က ငြင်းပယ်လိုရင် အသာတကြည် ရုပ်မပျက်ဘဲ ငြင်းပယ်နိုင်သလို ယောကျ်ားလေးဘက်ကလည်း ရုပ်မပျက်ဘဲ အသာတကြည်နောက်ဆုတ် (သို့) ဗျူဟာသစ်ကို စဉ်းစားနိုင်ပါတယ်။

ကော်ဖီတူတူသောက်ဖို့ခေါ်တိုင်း မိမိကို ကြိုက်နေနိုင်တယ်လို့ မိန်းကလေးဘက်ကတွေးလို့မရပေမယ့် ညနေရုံးဆင်းချိန် နှစ်ယောက်တည်း ကော်ဖီတူတူသောက်ဖို့ခေါ်တယ်ဆိုတာကတော့ နှစ်ယောက်တည်း အေးဆေးစကားပြောချင်တယ်ဆိုတဲ့ အဓိပ္ပာယ်အလိုလိုသက်ရောက်နေတဲ့အတွက် မိန်းကလေးတွေဘက်က စဉ်းစားကြမှာပါပဲ။

တကယ်လို့လက်ခံလိုက်ပြီဆိုရင်တော့ မိမိနည်း၊ မိမိဟန်နဲ့ တော်ကီခြွေလို့ရပါပြီ။ ကော်ဖီနံ့သင်းပျံ့နေတဲ့ပတ်ဝန်းကျင်မှာ၊ မီးရောင်ကလည်း မှိန်မှိန်လေးနဲ့ အလိုလို ရိုမန်းတစ်ဆန်နေတဲ့အတွက် ယောကျ်ားလေးတွေအတွက်တော့ မိန်းကလေးရဲ့နှလုံးသားကို ဝင်ရောက်နိုင်ဖို့ ကျွမ်းကျင်လိမ္မာစွာ ကိုင်တွယ်တတ်ဖို့ပဲ လိုပါတော့တယ်။

၂။ အကြည့်ချင်းဆုံ ရင်တွေခုန်

1.jpg

မျက်လုံးဆိုတာ စိတ်ရဲ့တံခါးပေါက်တွေပါပဲ။ မျက်လုံးအကြည့်ချင်းဆုံမိတယ်ဆိုတာ မိမိရဲ့စိတ်ခံစားချက်ကိုသူမြင်အောင်၊ သူ့ရဲ့စိတ်ခံစားချက်ကို ကိုယ်မြင်အောင် အပြန်အလှန်ဆက်သွယ်လိုက်တာပါပဲ။ စက္ကန့် အနည်းငယ်ကြာအောင် အကြည့်ချင်းဖလှယ်မိပြီဆိုရင်တော့ ဒါဟာ ခင်ဗျားအတွက် မီးစိမ်းပြတာပါပဲ။ အကြည့်ချင်းဆုံ ရင်တွေခုန် ဆိုတဲ့အတိုင်း မျက်ဝန်းချင်းဖလှယ်ကြရာကနေ ရင်ခုန်ခြင်းတွေပါ မွေးဖွားလာနိုင်ပါတယ်။

သိပ္ပံနည်းကျပြောရရင်တော့ မျက်လုံးအကြည့်ချင်းဆုံခြင်းဟာ phenethylamine ဆိုတဲ့ ဟော်မုန်းတစ်မျိုးထွက်လာစေနိုင်ပြီး အဲဒီဟော်မုန်းဟာ အချစ်စိတ်ပေါက်ဖွားလာစေဖို့အတွက်လည်း နှိုးဆော်ပေးနိုင်ပါတယ်တဲ့။ အဲဒီမှာသတိပြုရမှာတစ်ချက်က သူမဘက်က အကြည့်ချင်းပြန်တုံ့ပြန်မလာဘဲနဲ့တော့ မိမိဘက်ကချည်းပဲ အတင်းစိုက်ကြည့်နေတာမျိုးကြီး မလုပ်မိပါစေနဲ့။ ဒါမျိုးဟာ အငမ်းလွန်တယ် လို့အထင်ခံရနိုင်ပြီး မရသေးတဲ့အမှတ်တွေ လျော့သွားနိုင်ပါတယ်။

၃။ အချိန်တော်တော်များများမှာ အတူရှိနေနိုင်ဖို့ကြိုးစားပါ

o-DATING-30S-facebook.jpg 

ရင်းနှီးကျွမ်းဝင်ခြင်းဆိုတဲ့အရာကလည်း အချစ်ဆိုတဲ့ခံစားချက်ဖြစ်လာဖို့ အရေးပါပါတယ်။ တကယ်လို့ ခင်ဗျားဟာ မိန်းကလေးတိုင်းမြင်မြင်ချင်း ကြွေရလောက်အောင် ချောလှသူမဟုတ်ရင်၊ ဘယ်သူမှ မငြင်းဆန်နိုင်လောက်တဲ့ ဥစ္စာဓနကို ပိုင်ဆိုင်မထားရင် သူမရဲ့အချစ်ကို ပိုင်ဆိုင်ဖို့အတွက် ဖြည်းဖြည်းချင်း ကြိုးစားရမှာပါပဲ။

မိန်းကလေးတွေဟာလည်း တကယ်လို့ မဖြစ်မနေ ဖူးစာဖက်ရွေးချယ်ရတော့မယ် ဆိုရင် သူတို့မမြင်ဖူး၊ မတွေ့ဖူးသူထက် ရင်းနှီးကျွမ်းဝင်ပြီးသားလူကိုပဲ စဉ်းစားမှာပါပဲ။ အဲဒီမှာတစ်ခုသတိပြုရမှာက ရင်းနှီးကျွမ်းကျင်ဖို့ကြိုးစားနေရင်း Friend Zone (သူငယ်ချင်းလိုပဲဆက်၍ခေါ်မည် ဆိုတဲ့ဇုန်)၊ Brother Zone (အစ်ကိုတစ်ယောက်လိုပဲ သဘောထားတယ် ဆိုတဲ့ဇုန်) တွေထဲမရောက်အောင်တော့ ကြိုးစားရမှာပါ။

၄။ စွန်ကြိုးလိုပဲ အလျှော့အတင်းလုပ်ပါ

maxresdefault.jpg 

ဆိုကြပါစို့။ ဈေးဆိုင်တစ်ဆိုင်မှာ ကုန်ပစ္စည်းတစ်ခုကို limited edition (အထူးထုတ်) ဆိုပြီး အချိန်အတိုင်းအတာတစ်ခုသတ်မှတ်ပြီး ရောင်းတာနဲ့ အဲဒီကုန်ပစ္စည်းကိုပဲ အချိန်မရွေး၊ ကြိုက်တဲ့အချိန်မှာ ကြိုက်သလို ဝယ်နိုင်တယ်ဆိုပြီး ရောင်းတာ ဘယ်ဟာက ပိုရောင်းထွက်မယ်ထင်ပါသလဲ။ ဟုတ်ပါတယ်။ အထူးထုတ်ဆိုပြီး အချိန်အတိုင်းအတာနဲ့ရောင်းတာကို လူပိုစိတ်ဝင်စားပါလိမ့်မယ်။ ဒါကို မားကက်တင်း သဘောတရားအရ သုံးစွဲလေ့ရှိပါတယ်။ ဒီနည်းလမ်းကို ချစ်ရေးချစ်ရာမှာလည်း အသုံးပြုလို့ရပါတယ်။

ဟုတ်ပြီ။ နံပါတ် (၃) အတိုင်း ပုံမှန်လုပ်ပြီးလို့ မိန်းကလေးကလည်း ခင်ဗျားကိုရင်းနှီးကျွမ်းဝင်သွားပြီ။ သူမဘဝရဲ့အချိန်တွေကို ခင်ဗျားနဲ့ဖြတ်သန်းရတာကိုလည်း ကျင့်သားရနေပြီ။ အဲဒီလိုအချိန်မျိုးမှာ ခဏလောက် စတေးရှောင်နေလိုက်ပါ။ မိမိကိုယ်ကိုယ် အချိန်မရွေးဝယ်လို့ရတဲ့ ကုန်ပစ္စည်းဘဝအရောက်မခံဘဲ ရှားပါးထုတ်ကုန်တစ်ခုအဖြစ် မြင်လာအောင် ပူးလိုက်၊ ခွာလိုက်လုပ်ပေးပါ။ အဲဒီလို လုပ်ပေးခြင်းဖြင့် သူမဟာခင်ဗျားကို အတိုင်းအတာတစ်ခုထိ သတိရနေပါလိမ့်မယ်။

ခင်ဗျားအပေါ်ထားတဲ့ သူမရဲ့ခံစားချက်ကိုလည်း ပြန်မေးခွန်းထုတ်လာရပါလိမ့်မယ်။ အချိန်အနည်းငယ်ကြာလို့ ပြန်ဆုံချိန်မှာ သူမရဲ့တုံ့ပြန်ပုံတွေကို ပြန်လည်အကဲခတ်ကြည့်ပါ။ ခင်ဗျားကိုတွေ့ရလို့ အရင်ကထက် သိသိသာသာပျော်နေတယ်ဆိုရင်တော့ အခြေအနေကောင်းနေပါပြီ။ သိပ်မထူးခြားသေးဘူးဆိုရင်တော့ စွန်လွှတ်သလိုပဲ။ စွန်ကြိုးကို အလျှော့၊အတင်း နည်းနည်းလုပ်ပေးလိုက်ပါ။

၅။ ယုံကြည်ခြင်းဆိုတာ မဟာအင်အားပါ

talking-to-woman-with-confidence.jpg 

မိမိကိုယ်ကိုယ်ယုံကြည်မှု အပြည့်အဝရှိတဲ့ယောကျ်ားတွေကို မိန်းမတွေက ဆွဲဆောင်မှုရှိတယ်လို့ မြင်တတ်ကြပါတယ်။ အရမ်းကြီး အိုဗာဖြစ်လွန်းမနေတဲ့ မိမိကိုယ်ကိုယ်ယုံကြည်မှု ဆိုရင်ပေါ့။ သုတေသန ပြုလုပ်ချက်တွေအရလည်း အမျိုးသမီးတွေဟာ ယောကျ်ားတွေရဲ့ဘယ်လိုအရာမျိုးတွေကို ဆက်ဆီကျတယ်၊ ဆွဲဆောင်မှုရှိတယ်လို့ မြင်သလဲလို့ မေးမြန်းခဲ့ရာမှာ မိမိကိုယ်ကိုယ်ယုံကြည်မှုအပြည့်ရှိတဲ့ ယောကျ်ားတွေကို ဆွဲဆောင်မှုရှိတယ်လို့မြင်ကြကြောင်း ဖြေကြားခဲ့ကြပါတယ်။

သူမနဲ့စကားပြောတဲ့အခါ မရွံ့မရဲဖြစ်သလို၊ ရှက်သလိုရွံ့သလိုဖြစ်နေတာထက် မိမိကိုယ်ကိုယ်ယုံကြည်မှုအပြည့်နဲ့ သူမစိတ်ဝင်စားမယ့်အကြောင်းအရာလေးတွေ၊ ဟာသလေးတွေကို ပြောပြခြင်းဟာ ခင်ဗျားအတွက် အမှတ်ရစေမယ့် အပြုအမူတွေပါ။ ယုံကြည်မှုရှိတယ်ဆိုတာ ပြောပုံဆိုပုံတစ်ခုတည်းမဟုတ်ဘဲ ဝတ်ပုံစားပုံ၊ စကားပြောဟန်၊ လက်ဟန်ခြေဟန်အားလုံးမှာ မိမိကိုယ်ကိုယ်ယုံကြည်မှုရှိဟန် ပေါက်နေရပါမယ်။

Source: Get-a-wingman

Share

Loading Next Article...
က္က