မိမိချစ်သူဟာ မိမိကိုချစ်ခင်လေးစားပြီး ယုံကြည်အားကိုးတာကို လိုချင်ကြမှာပါပဲ။

ချစ်သူရည်းစားရှိတဲ့ယောကျ်ားလေးတစ်ယောက်အတွက်တော့ မိမိချစ်သူဟာ မိမိကိုချစ်ခင်လေးစားပြီး ယုံကြည်အားကိုးတာကို လိုချင်ကြမှာပါပဲ။ ကိုယ်လိုုလူမျိုးကို ချစ်သူတော်ထားရလို့ ကိုယ့်ချစ်သူ မိန်းကလေးဟာ ကံကောင်းတယ်လို့တွေးပြီး အနားကမခွဲမခွာရှိလိုတာကိုလည်း လိုလားတောင့်တကြမှာပါ။

 

Reddit ပေါ်က ပုရိသအပေါင်းဟာ ဒီပြဿနာနဲ့ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးခဲ့ကြပြီး နောက်ဆုံးမှာ မိမိချစ်သူကောင်မလေးဟာ မိမိကို ကမ္ဘာပေါ်မှာအကောင်းဆုံးရည်းစားလို့ မြင်လာစေဖု့ိ လုပ်ဆောင်နိုင်တဲ့ အချက်လေးတွေကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

၁။ အသေးအဖွဲအရာလေးတွေဆိုပြီး မမေ့လျော့ပါစေနဲ့

Playing-Guitar-Wallpaper-HD.jpg 

ကျွန်တော်တို့တွေ ချစ်သူအတွက်လုပ်ပေးနေကျ အသေးအဖွဲအရာလေးတွေရှိပါတယ်။ ရုံးဆင်းချိန်သွားကြိုပေးတာ၊ ထမင်းချိုင့်ကူကိုင်ပေးတာ၊ အိမ်ထဲမဝင်ခင် နဖူးလေးကိုနမ်းပြီး နှုတ်ဆက်တာ၊ ညတိုင်း ဖုန်းထဲမှာသီချင်းဆိုသိပ်ပေးတာ၊ အင်တာနက်သုံးတိုင်း အချစ်သီချင်းကောင်းလေးတွေတွေ့ရင် သူ့အတွက် down ထားပေးတာ စသဖြင့်ပေါ့။

တစ်ခါတလေမှာ ယောကျ်ားလေးတွေဘက်က အသေးအဖွဲလေးပါ လို့ယူဆပြီး လုပ်နေကျအရာလေးတွေကိုလုပ်ဖို့ မေ့လျော့သွားတာက မိန်းကလေးတွေအတွက်တော့ ဒါဟာ ခင်ဗျားပြောင်းလဲနေတဲ့သင်္ကေတတစ်ခုလို့ မှတ်ယူလိုက်ကြမှာပါ။ ဒါကြောင့် အသေးအဖွဲအရာလေး တွေကိုတောင် မပြောင်းမလဲဘဲ ဂရုတစိုက်ရှိပေးပါ။

၂။ အမြဲအသင့်ရှိပါစေ

andrew-welch-229150.jpg 

အလုပ်ထဲမှာ စိတ်ဖိစီးစရာတွေများလို့ ရည်းစားလာရစ်တဲ့ဒဏ်ကို မခံနိုင်ဘဲပြန်အော်ဖိတဲ့အခါ ရန်ဖြစ်ကြတဲ့အချိန်တွေ ရှိခဲ့ကြဖူးမှာပေါ့။ ဒါဟာ သမီးရည်းစားတိုင်းဖြစ်တတ်တဲ့ ထုံးစံပါပဲ။ ဒါပေမယ့် သွားပေါ့လို့တော့ မရပါဘူး။ အဲဒီလိုရန်ဖြစ်တာလေးတွေများလာရင်း၊ များလာရင်း ခင်ဗျားချစ်သူက ခင်ဗျားအပေါ်ခံစားချက်တွေလျော့လာနိုင်ပါတယ်။

ဒါကြောင့် အကောင်းဆုံးရည်းစားဖြစ်ချင်တယ်ဆိုရင်တော့ အလုပ်ဘယ်လောက်ပဲ ပင်ပန်းနေပါစေ။ အရစ်ခံနိုင်ဖို့သာပြင်ထားလိုက်ပါ။ စိတ်ဖိစီးမှုများလွန်းလို့ သူမကိုအော်မိမှာစိုးရင် အလုပ်ပင်ပန်းနေကြောင်း ပွင့်ပွင့်လင်းလင်းထုတ်ပြောပြီးသာ အိပ်နေလိုက်ပါ။ အဲဒါက ပိုကောင်းပါတယ်။

၃။ လက်ဆောင်လေးတွေဝယ်ပေးပါ

ဘယ်လောက်ပဲ ငွေမမက်ပါဘူးဆိုတဲ့ မိန်းမပဲဖြစ်ပါစေ။ ကိုယ့်ချစ်သူဆီက လက်ဆောင်လေးတွေကိုတော့ မက်ပါတယ်။ နောက်တစ်ခုက မိန်းမဆိုတဲ့အမျိုးက အလှကြိုက်တဲ့အတွက် ပန်းပွင့်လေးတွေ၊ ချစ်စရာကောင်းတဲ့အရုပ်လေးတွေကို များသောအားဖြင့် နှစ်သက်ကြပါတယ်။ အကြောင်းပြချက်ထူးထူးခြားခြားမရှိလည်း ချစ်သူအတွက် ပန်းစည်းလေးတွေ ဝယ်ပို့ပေးပါ။

အလုပ်မတူရင် ဆိုင်ကိုဖုန်းဆက်ပြီး သူမအလုပ်ဆီကို ပန်းစည်းပို့ခိုင်းပါ။ မိန်းကလေးတွေက သူမတို့ရဲ့လုပ်ဖော်ကိုင်ဖက်တွေရှေ့မှာ ချစ်သူကပန်းစည်းပို့တဲ့အကြောင်း ကြွားရတာကိုလည်း နှစ်သက်ကြပါတယ်။ နောက်ပြီး သူမကို ဘယ်လောက်သတိရကြောင်း text လေးတွေ၊ စာတိုလေးတွေ ပို့တာဟာလည်း အကြံကောင်းတစ်ခုပါပဲ။

၄။ နားထောင်သူကောင်းတစ်ယောက်ဖြစ်ပါစေ

anastasiya-kvitko-gajtesia-235315.2.jpg 

ခင်ဗျားရဲ့ချစ်သူဟာ အရမ်းမျိုသိပ်တတ်တဲ့ type မျိုးမဟုတ်ဘူးဆိုရင် ခင်ဗျားကိုပြောပြစရာ၊ ရင်ဖွင့်စရာတွေအများကြီး ရှိနေပါလိမ့်မယ်။ သူမအလုပ်အကြောင်းတွေ၊ လုပ်ဖော်ကိုင်ဖက်အကြောင်းတွေ၊ client တွေရဲ့အကြောင်းတွေ စသဖြင့် စုံလင်အောင်ပြောပြပါလိမ့်မယ်။ အဲဒီလိုပြောပြနိုင်ကြောင်း သူမကိုပွင့်ပွင့်လင်းလင်း ပြောထားပါ။

အကြံဉာဏ်လိုအပ်နေတဲ့အခါမှာလည်း ပေးလိုက်ပါ။ ဉာဏ်ပညာကြီးတဲ့ ယောကျ်ားတွေကိုလည်း မိန်းကလေးတွေ နှစ်သက်ကြပါတယ်။

၅။ ရယ်မောအောင်လုပ်ပါ

happy-couple-in-bed-1024x987.jpg

မိန်းကလေးတစ်ယောက်ဟာ သူမကို ရယ်မောအောင်လုပ်ပေးနိုင်တဲ့ ယောကျ်ားတစ်ယောက်နားမှာ နေပျော်ကြပါတယ်။ အဲဒီလူဟာ သူမချစ်ရတဲ့သူဖြစ်နေရင် အတိုင်းထက်အလွန်ပဲပေါ့။ အိန္ဒိယကဗျာဆရာကြီး ရာဘင်ဒြာ နတ်တဂိုးရဲ့ကဗျာတစ်ပုဒ်လိုပဲပေါ့။ "မင်းရယ်တာလေးကို ငါချစ်တယ်။ မင်း ငါ့ကို ရယ်မောအောင်လုပ်ပေးတာလေးကိုလည်း ငါချစ်တယ်"

၆။ ရိုးသားမှုရှိပါစေ

နေရာတိုင်းမှာ ရိုးသားမှုက အရေးကြီးပါတယ်။ အနည်းဆုံးတော့ ရိုးသားခြင်းဖြင့် တစ်ချိန်ချိန်မှာ ကိုယ့်လိပ်ပြာကိုယ်လုံရပါတယ်။ ဒီတော့ သူမကို အရိုးသားဆုံး၊ အပွင့်လင်းဆုံး ဆက်ဆံပါ။ အမြဲရှိရင်လည်း အမြဲတမ်း ထုတ်ဖော်ဝန်ခံပါ။ သူမကိုယ်တိုင်လည်း ခင်ဗျားအပေါ်ပြန်လည်ရိုးသားလာပါလိမ့်မယ်။

Source: youngisthan

Share

Loading Next Article...
က္က