စိတ်မမှန်သူတွေမှာ အဲဒီလိုအမူအကျင့်တွေရှိတတ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာနဲ့ အပြုအမူပိုင်းဆိုင်ရာမှာ ပြဿနာလေးတွေ ရှိနေနိုင်တဲ့လူကို စိတ်မူမမှန်သူလို့ ခေါ်ပါတယ်။ အဲဒီလို စိတ်မူမမှန် သူတွေဟာ လူမှုဆက်ဆံရေးပိုင်းမှာလည်း အဆင်ပြေချောမွေ့မှုမရှိဘဲ ကြမ်းတမ်းစွာဆက်ဆံတတ်ပါတယ်။ ဘဝမှာတချို့လူတွေကို ကြုံဖူးမှာပေါ့။ ဘာကိုမှ ဂရုမစိုက်တတ်ဘဲ ကိုယ်လုပ်ချင်ရာပဲ လုပ်တတ်တဲ့သူတွေ၊ တခြားသူတွေအပေါ် ကြင်နာသနားကရုဏာစိတ် မထားဘဲ ရက်စက်ကြမ်းကြုတ်သူတွေ စသဖြင့်ပေါ့။

 

အဲဒီလိုလူတွေဟာ ပုံမှန်လူတွေနဲ့ ဆက်ဆံနေပေမယ့် အဆင်မပြေသူတွေလည်း ဖြစ်ပါတယ်။ သူတို့ကိုယ်သူတို့ ဘာမှားနေတယ် ဆိုတာကိုလည်း ပြန်မစမ်းစစ်မိတတ်ကြဘဲ လုပ်ချင်ရာလုပ်နေတတ်သူတွေလည်း ဖြစ်ပါတယ်။

အောက်မှာဖော်ပြထားတဲ့အချက်တွေကတော့ စိတ်မူမမှန်သူတွေ၊ အတ္တသမားတွေမှာ မြင်တွေ့ရတတ်တဲ့ အမူအကျင့် (၅) မျိုးဖြစ်ပါတယ်။

၁။ အပြစ်ရှိသလို / နောင်တရသလို မခံစားတတ်ဘူး

7c4b896fed1c88380481ea731fdbf191.jpg 

လူတိုင်းလူတိုင်း ဘဝမှာအပြစ်တစ်ခုခု လုပ်ဖူးကြမှာပါ။ ကြီးတာနဲ့သေးတာပဲကွာမယ်။ အပြစ်တစ်ခုခုတော့ ရှိဖူးကြတာပါပဲ။ အဲဒီလိုအပြစ်လုပ်မိတဲ့အခါ အပြစ်ရှိသလို ခံစားရတဲ့သူနဲ့ အပြစ်မရှိသလို ခံစားရတဲ့သူ ကွာပါလိမ့်မယ်။ လူသားဆန်ရင် အပြစ်လုပ်မိလို့ အပြစ်ရှိသလိုခံစားရတာဟာ ထုံးစံပါပဲ။ စိတ်မမှန်သူတွေ၊ အတ္တသမားတွေကတော့ ကိုယ်မှန်တယ်ဆိုတာကို မိမိကိုယ်ကိုယ်သက်သေပြဖို့ တခြားသူတွေ ဘာထင်လဲဆိုတာကို ဂရုမစိုက်ဘဲ မိမိကိုယ်ကိုယ်ပဲ ဆင်ခြေပေးတတ်ကြပါတယ်။ ဘာကိုုမှအပြစ်ရှိသလိုလည်း မခံစားရပါဘူး။

၂။ ကရုဏာမထားတတ်ပါဘူး

လူ့လောကကြီးမှာ နေနေသရွေ့လူတိုင်းလူတိုင်း နိမ့်မြင့်တက်ကြုံလောကဓံနဲ့ ကြုံတွေ့ရမှာပါ။ ကပ်ကြီး (၃) ပါး၊ ရန်သူမျိုး (၅) ပါး ဒဏ်တို့ကြောင့် ထိခိုက်ဆုံးရှုံးရသူတွေရှိရင် ကိုယ်ထိလက်ရောက် မကူညီနိုင်ရင်တောင် သနားကရုဏာဖော်ပြကြတာဟာ လူသားဆန်ခြင်းပါပဲ။ စိတ်မမှန်သူတွေ၊ အတ္တသမားတွေကတော့ သူများဘာဖြစ်ဖြစ် ဂရုမစိုက်တတ်ကြပါဘူး။ ကိုယ့်အတွက်ကိုယ်ပဲကြည့်ပြီး သူများ ဒုက္ခရောက်တာတွေကိုလည်း မဆိုင်သလိုပဲ နေကြပါတယ်။

၃။ မိမိအပြုအမူတွေကို မထိန်းချုပ်နိုင်ဘူး

Suicide-Squad-1.jpg 

ဒေါသ၊ အချစ်၊ အမုန်း။ စိတ်ခံစားချက်တွေ၊ စိတ်လှုပ်ရှားမှုတွေကြောင့်ဖြစ်လာတဲ့ မိမိရဲ့အပြုအမူတွေကို မထိန်းချုပ်နိုင်တာဟာ စိတ်မမှန်ခြင်းရဲ့သင်္ကေတတစ်ခုပါပဲ။ မိမိရဲ့တုံ့ပြန်မှုတွေကိုု ကိုယ်တိုင်လည်း နားမလည်သလို အဲဒီတုံ့ပြန်မှုတွေနဲ့ပတ်သက်ပြီး ဂရုလည်းမစိုက်ကြပါဘူး။

၄။ လိင်ပိုင်းဆိုင်ရာအပြုအမူ

1-PERVERT.jpg 

လူတစ်ယောက်နဲ့တစ်ယောက် စိတ်ဝင်စားကြတာ လူမှုဆက်ဆံရေးပတ်ဝန်းကျင်မှာ ဖြစ်လေ့ဖြစ်ထရှိတာပါပဲ။ ဒါပေမယ့် စိတ်မမှန်သူတွေကတော့ လူတွေကို သူတို့ရဲ့ရုပ်ဆင်းသဏ္ဍာန်တွေပေါ် အခြေခံပြီး ဆုံးဖြတ်လေ့ရှိကြပြီး သူတို့ကြိုက်ပြီဆိုရင်လည်း အသဲအသန်ပါပဲ။ ဒါကြောင့် နှာဘူးတစ်ယောက်လို ဖြစ်တတ်ပါတယ်။

၅။ အနာဂတ်ပန်းတိုင်တွေမရှိဘူး

စိတ်မမှန်သူတွေအတွက်တော့ အနာဂတ်အကြောင်း စဉ်းစားရတာဟာ မလွယ်ကူပါဘူး။ အနာဂတ်အကြောင်း ကြိုမတွေးတတ်သလို မိသားစုတို့၊ အသက်မွေးဝမ်းကြောင်းအလုပ်တို့ရဲ့ ရှေ့လျှောက်ပလန်တွေ ကိုလည်း ဂရုမစိုက်တတ်ကြပါဘူး။ ပစ္စုပ္ပန်အချိန်မှာပဲနေတတ်ပြီး လက်ရှိကိုယ်ဘာလုပ်ချင်တာလဲကိုပဲ အာရုံထားတတ်ကြပါတယ်။

Source: youngisthan

Share

Loading Next Article...
က္က