သမီးရည်းစားတွေသာမက သူငယ်ချင်းအချင်းချင်းလည်း အတူတူကစားလို့ရပါတယ်။

ဖုန်းပြောရုံ၊ Facebook Messenger ပေါ်မှာ ချက်တင်ထိုင်ရုံလောက်နဲ့ ဆက်သွယ်မှုတစ်ခုကို တည်ဆောက်ဖို့ဆိုတာ အမြဲတမ်းအတွက် မလုံလောက်ပါဘူး။ သမီးရည်းစားဆက်ဆံရေးလေးတစ်ခုကို အဓွန့်ရှည်နေစေဖို့အတွက် စိတ်ဝင်စားစရာကောင်းပြီး ပျော်စရာကောင်းတာလေးတွေလည်း ဖန်တီးပေးဖို့လိုအပ်ပါတယ်။

 

ဖုန်းပြောမယ်ဆိုရင် "နေကောင်းလား" တို့၊ "ဒီနေ့ ဘာတွေလုပ်လဲ" တို့ မေးမယ်။ ချက်တင်ထိုင်မယ်ဆိုရင်လည်း သမီးရည်းစားတို့ဘာသာဘာဝ အညှီအဟောက်လေးစွက်နေတဲ့ စကားလေးတွေနဲ့ ကလူကျီစယ်ကြမယ်။ ဒါတွေက ကြာလာရင် ညည်းငွေ့လာနိုင်စရာရှိပါတယ်။

တစ်ယောက်ကိုယ်တစ်ယောက် ပိုမိုနားလည်လာစေဖို့၊ တစ်ယောက်အကြောင်းတစ်ယောက် ပိုသိလာစေဖို့ အတူတူဆော့လို့ရတဲ့ ဂိမ်းလေးတွေရှိပါတယ်။ ဒီဂိမ်းလေးတွေကို တူတူကစားပေးခြင်းဖြင့် နှစ်ယောက်ကြားက ပျော်စရာအချိန်လေးတွေကို ပိုမိုဖန်တီးပေးနိုင်လာသလို သံယောဇဉ်တွေကိုလည်း ပိုမိုခိုင်မာလာစေမှာပါ။

၁။ လျှို့ဝှက်ချက်ပြောတမ်းကစားနည်း

Games-1-601x400.jpg 

ဒီဂိမ်းလေးကတော့ နှစ်ယောက်ကြားမှာ သံယောဇဉ်တွေပိုမိုခိုင်မာစေဖို့နဲ့ တစ်ယောက်အကြောင်းတစ်ယောက် ပိုသိလာစေနိုင်တဲ့ ကစားနည်းလေးပါ။ ကစားနည်းအစမှာ မိမိရဲ့ရည်းစားကို ပြောမပြရသေးတဲ့ လျှို့ဝှက်ချက်တစ်ခုကို ပြောပြလိုက်ပါ။ အဲဒီလျှို့ဝှက်ချက်အကြောင်းကို ပွင့်ပွင့်လင်းလင်းသာ ပြောပြလိုက်ပါ။ ပြောပြီးသွားရင် သူ့ကိုလည်း သူ့ရဲ့လျှို့ဝှက်ချက်တစ်ခုကို ပြန်ဝေမျှဖို့ တောင်းဆိုပါ။

ဂိမ်းမစခင်ကတည်းက စည်းမျဉ်းတွေကို သေချာရှင်းပြထားဖို့လိုသလို စည်းမျဉ်းဖောက်ဖျက်သူ လုပ်ဆောင်ရမယ့် ပြစ်ဒဏ်ကိုလည်း သတ်မှတ်ပေးထားပါ။ ဒီလိုနဲ့ တစ်ယောက်အကြောင်းတစ်ယောက် ပိုသိလာနိုင်သလို ပျော်စရာအချိန်လေးတွေကို ဖန်တီးလာနိုင်မှာပါ။

၂။ အမှန် (၂) ခု အမှား (၁) ခု ကစားနည်း

Games-2-660x373.jpg 

ဒီတစ်ခုကတော့ တီထွင်ဖန်တီးဉာဏ်နည်းနည်း ထည့်သုံးရပါမယ်။ ဒါပေမယ့် ရိုးရိုးရှင်းရှင်းလေးပါပဲ။ ဒီကစားနည်းကိုကစားရင် ခင်ဗျားကော၊ ခင်ဗျားချစ်သူပါ ပျော်ရွှင်ရမယ်ဆိုတာကိုတော့ ကျိန်းသေပြောရဲပါတယ်။ ဒီကစားနည်းရဲ့အကောင်းဆုံးအပိုုင်းကတော့ အဖြေမှန်ကိုခန့်မှန်းနိုင်ချိန်မှာ နှစ်ဦးစလုံး ရယ်မောရမှာပါပဲ။

ကစားနည်းရဲ့ စည်းမျဉ်းကတော့ အမှန် (၂) ခွန်းပြောပြီးတိုင်း အမှား (၁) ခွန်းညှပ်ပြောရမယ်။ ဥပမာ... သောကြာနေ့က ဘားတစ်ခုကိုသွားတယ်။ တက်ကီလာ (၁) ခွက်သောက်တယ်။ ပြီးတော့ ဘားလည်ခေါင်မှာ သားစစ်ရဲ့ "ရင်မှာ ဒီးယား" သီချင်းကို ထဆိုတယ်။ ဘယ်ဟာက အမှားတစ်ခွန်းလည်းရွေးပါ... ဆိုတာမျိုးပေါ့။ ကိုယ့်အလှည့်ပြီးရင် သူ့ကိုလည်း ကိုယ်လုပ်သလိုပဲ အမှန် (၂) ခွန်း၊ အမှား (၁) ခွန်း ပြောခိုင်းပါ။

၃။ အဖြေမြန်မြန်ပြောရတဲ့ ကစားနည်း

Games-3-660x347.jpg 

အိုခေ။ ဒီတစ်ခုကလည်း စိတ်ဝင်စားဖို့အရမ်းကောင်းပြီး အကောင်းဆုံးကစားနည်းတစ်ခုပါပဲ။ ဒီကစားနည်းကစားနေချိန်မှာ သေချာတာတစ်ခုကတော့ ရယ်ရလွန်းလို့ ဗိုက်အောင့်မှာပါပဲ။ ကစားနည်းလေးကလည်း လွယ်ကူရိုးရှင်းပါတယ်။

စည်းမျဉ်းလေးကတော့ တစ်ယောက်ယောက်က စကားတစ်လုံးစပြောရပါမယ်။ ဥပမာ... "ကောင်းကင်" လို့ခင်ဗျားက စပြောလိုက်တယ်ဆိုပါတော့။ ခင်ဗျားရဲ့ကစားဖော်က အဲဒီစကားလုံးနဲ့ ဆက်စပ်နေတဲ့ သူတို့ခေါင်းထဲမှာပေါ်လာတဲ့ တခြားစကားလုံး တစ်လုံးကို ချက်ချင်းပြောရပါမယ်။ အချိန်သတ်မှတ်ချက်ကိုလည်း (၂) စက္ကန့်လောက်ပဲထားပါ။ (၂) စက္ကန့်အတွင်း မဖြေနိုင်ရင် ရှုံးပါတယ်။ ရိုမန်းတစ်ပိုဆန်ချင်ရင်တော့ ကိုယ်ပိုင်စကားလုံးတွေကို တီထွင်လို့လည်းရပါတယ်။

၄။ Never have I ever (ငါ ဘယ်တုန်းကမှ မလုပ်ဖူးဘူး) ကစားနည်း

Games-4-601x400.jpg 

ဒီနေ့ခေတ်လူငယ်တွေကြားမှာတော့ ဒီကစားနည်းလေးက အရမ်းခေတ်စားပါတယ်။ ပါတီပွဲတွေမှာ တူတူစုသောက်ကြရင်း ပျင်းလာရင် ဒီကစားနည်းလေးကို ကစားကြပါတယ်။ ဒီကစားနည်းလေးကိုတော့ သူငယ်ချင်းတွေနဲ့ကစားလေ့ရှိပေမယ့် မိမိရည်းစားနဲ့တူတူကစားရင်လည်း ပျော်ဖို့ကောင်းပါတယ်။

ကစားနည်းရဲ့စည်းမျဉ်းကတော့ "ငါဘယ်တုံးကမှ မလုပ်ဖူးဘူး" ဆိုတဲ့ စကားနဲ့ ဆက်နွယ်တဲ့ စကားတစ်ခွန်းကို ပြောရမှာပါ။ ဥပမာ... ခင်ဗျားက " ငါဘယ်တုံးကမှ ရေကူးကန်ထဲမှာ အီးခိုးမပေါက်ဖူးဘူး" လို့ပြောလိုက်တယ်ဆိုပါစို့။ ခင်ဗျားရဲ့ရည်းစားက တကယ်လို့ ရေကန်ထဲမှာ အီးခိုးပေါက်ဖူးတယ်ဆိုရင် ပြစ်ဒဏ်အနေနဲ့ ဘီယာတစ်ခွက်သောက်ရပါမယ်။

ဂိမ်းရဲ့ရည်ရွယ်ချက်ကတော့ တစ်ဖက်လူ လုပ်ဖူးနိုင်လောက်တဲ့အရာတွေကို ခန့်မှန်းပြောရတာပါ။ သူလုပ်ဖူးလောက်တဲ့ အရာတွေကို ကိုယ်က ခန့်မှန်းနိုင်ရင် ကိုယ်နိုင်ပါပြီ။ တစ်ခုတော့ရှိပါတယ်။ ဒီကစားနည်းကစားမယ်ဆိုရင် တစ်ဖက်နဲ့တစ်ဖက် ရိုးသားမှုရှိဖို့တော့ လိုအပ်ပါလိမ့်မယ်။ သမီးရည်းစားနှစ်ယောက်ဆော့မယ်ဆိုရင် ဘီယာသောက်ရတဲ့ ပြစ်ဒဏ်အစား အာဘွားပေးရမယ် တို့ ဘာတို့ အစားထိုးလို့လည်းရပါတယ်။

၅။ အနှစ်သက်ဆုံးအရာတစ်ခု ပြောတမ်းကစားနည်း

Games-5-600x600.jpg 

ဒီကစားနည်းလေးကလည်း ရိုးရှင်းပြီး စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ကစားနည်းလေးပါပဲ။ ကိုယ့်ရည်းစားဘာကြိုက်လဲ/ ဘာမကြိုက်လဲ ဆိုတာကို မသိသေးတဲ့အတွဲတွေ ဒီကစားနည်းလေးကို ကစားလို့ရပါတယ်။ အထူးသဖြင့် တွဲခါစ သမီးရည်းစားပူပူနွေးနွေးတွေပေါ့။ သူတို့ဆီက ကိုယ်သိချင်တဲ့အကြောင်းအရာတွေကို မေးမြန်းလို့ရပါတယ်။ ဥပမာ... အကြိုက်ဆုံးအစားအစာကဘာလဲတို့၊ အနှစ်သက်ဆုံး အရောင်က ဘာလဲတို့ပေါ့။

Source: youngisthan

Share

Loading Next Article...
က္က