FA တွေက ဒါကို နားမလည်ကြဘူး။ :P

တစ်ယောက်ယောက်ကို ချစ်ဖူးလား? တကယ်ကို နှစ်နှစ်ကာကာ ချစ်ဖူးတာလား? ဒါဆိုရင်တော့ ဒီအပြောင်းအလဲ၊ ခံစားချက်တွေကို ခံစားဖူးကြပါလိမ့်မယ်နော်။ လူတစ်ယောက်ဟာ အချစ်နဲ့ထိတွေ့ပြီးနောက်မှာ ဒီလိုလေးတွေ ပြောင်းသွားရော။

 

၁။ အရာအားလုံးက လှပနေတယ်။ မြင်တွေ့နေကျ၊ ပုံမှန်လုပ်နေကျအလုပ်တွေလည်း အဆင်ပြေချောမွေ့နေတာပဲ။ စိတ်ထဲမှာ ပျော်နေတာလေ။ အချစ်ကြောင့် ပျော်ရွှင်စေတဲ့ဟော်မုန်းတွေ ပိုမိုထွက်ရှိလာလို့ပါပဲ။

၂။ အရင်က ကြိုက်တာတွေ မကြိုက်တော့တာမျိုး၊ အရင်က မကြိုက်တာတွေ ခုမှကြိုက်လာမိတာမျိုးလို အပြောင်းအလဲတွေလည်း ဖြစ်လာတယ်။ အရင်ကဆို နှုတ်ခမ်းနီမဆိုးဘူး။ ခုမှ လှချင်လာမိတာ။

 

၃။ သူငယ်ချင်းတွေက ကိုယ့်ကိုခေါ်ကြပြီ "ပလစ်စိန်"...။ သူငယ်ချင်းတွေချိန်းတဲ့ဆီ မသွားနိုင်တော့ဘူး။ မေးလိုက်တိုင်း အလုပ်များတယ်ပဲပြောနေတာ။ စိတ်တွေက ချစ်သူဆီမှာ။

 

၄။ နောက်တစ်ခုကတော့ ပိုက်ဆံကုန်တာပါပဲ ဘဒိုတို့၊ စစ်တို့ရေ။ အပြင်သွားမယ်၊ ချိန်းတွေ့မယ်ဆိုတော့ ပိုက်ဆံက ကုန်တယ်။ ကိုယ့်ကိုယ်ကိုယ် ပြင်ရဆင်ရသေးတော့လည်း ကုန်တယ်။ လက်ဆောင်လေးကလည်း ဝယ်ပေးလိုက်ချင်သေးတယ်။

၅။ ဘေးလူတွေကတောင် ကိုယ့်ကို သတိထားမိလာတယ်။ အရင်တုန်းက ကိုယ့်ကို ဝေဖန်မှတ်ချက်ပေးတာတွေ မလုပ်ခဲ့ကြသူတွေကတောင် ခုဆို ကိုယ့်ကိုကြည့်ပြီး မှတ်ချက်တွေပေးလာကြတယ်။ ကိုယ်ပြောင်းလဲလာပြီလေ။ အချစ်ကြောင့် ပြောင်းလဲခဲ့သူပါ။

Share

Loading Next Article...
က္က