အစားစားဖို့ဆိုရင် ကောက်ခနဲထနိုင်ပေမယ့် Gym ဆော့ရမယ်ဆိုရင် အီလေးဆွဲနေမိတတ်တာပါ။

Gym ဆော့တယ်၊ လေ့ကျင့်ခန်းလုပ်တယ်ဆိုတာ တကယ်တော့ ကိုယ့်ကိုယ်ကိုယ် တော်တော်လေးစည်းရုံးယူရတာပါ။ အစားစားဖို့ဆိုရင် ကောက်ခနဲထနိုင်ပေမယ့် Gym ဆော့ရမယ်ဆိုရင် အီလေးဆွဲနေမိတတ်တာပါ။ ဒီလိုမဖြစ်ရအောင် သူငယ်ချင်းတို့၊ ချစ်သူတို့နဲ့ တူတူဆော့ပြီး movation ရအောင် လုပ်ယူလို့ရပါတယ်။ တကယ်လို့ Gym သွားစရာမလိုဘဲ အိမ်မှာပဲ မိမိချစ်သူနဲ့အတူ လုပ်နိုင်တဲ့ လေ့ကျင့်ခန်းတွေ ရှိတယ်ဆိုရင် စိတ်ဝင်စားမိမလား။

 

ပျော်စရာကောင်းသလို ကျန်းမာရေးအတွက်လည်း ကောင်းတယ်လေ။ ဒါကြောင့် အားလပ်ချိန်မှာ လေ့ကျင့်ခန်းလုပ်လိုရင် မိမိချစ်သူ၊ မိမိကြင်ဖော်နဲ့အတူတူ အိမ်မှာတူတူလုပ်လို့ရတဲ့ ကာယလေ့ကျင့်ခန်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ဘောလုံးလက်ဆင့်ကမ်းကစားနည်း

fitathlon.jpg 

လွယ်ကူရိုးရှင်းပြီး ပျော်ဖို့လည်းကောင်းတဲ့ ကစားနည်းလေးပါ။ ပြုလုပ်ရမှာက တစ်ယောက်နဲ့တစ်ယောက် ကျောချင်းကပ်ပြီး မိမိရဲ့ဒူး (၂) ဖက်ကို ကိုယ်စီကွေးထားပါ။ ခြေဖဝါးတွေကိုတော့ ကြမ်းပြင်နဲ့ ထိကပ်ထားပါ။ ဘောလုံးတစ်လုံးကိုလည်း လက်ထဲမှာ ကိုင်ထားပါ။ ပြီးရင် ခင်ဗျားက ဘောလုံးကိုင်ထားတဲ့သူဆိုရင် ခင်ဗျားရဲ့ဘယ်ဘက်ကနေ ခင်ဗျားရဲ့ချစ်သူ (သို့) လက်တွဲဖော်ဆီကို ဘောလုံးကမ်းပေးလိုက်ပါ။ သူက ခင်ဗျားဆီက ဘောလုံးကို လက်ဆင့်ကမ်းယူပြီး သူ့ရဲ့ဘယ်ဘက်ကနေ ခင်ဗျားကို ဘောလုံးပြန်ကမ်းပေးရပါမယ်။ ဒီနည်းလမ်းလေးအတိုင်း တောက်လျှောက်လုပ်ပေးပါ။ အခါ (၃၀) လောက်လုပ်ပြီးရင် ဘယ်ကနေ ညာ ပြောင်းလိုက်ပါ။ ဒီနည်းလမ်းလေးကတော့ ဝမ်းဗိုက်ကြွက်သားလေ့ကျင့်ခန်းတစ်မျိုးပါပဲ။

၂။ Chair Squats ကစားနည်း

29370_m.jpg 

ဒီနည်းလမ်းကတော့ squat ထိုင်တဲ့နည်းလမ်းလေးပါပဲ။ မတူကွဲပြားတာကတော့ မိမိရဲ့လက်တွဲဖော်နဲ့တူတူ လုပ်နိုင်တာပါ။ ပြုလုပ်နည်းကတော့ တစ်ယောက်နဲ့တစ်ယောက် ကျောချင်းကပ်ရပ်ပြီး လက် (၂) ဖက်ကိုလည်း ချိတ်ဆက်ထားလိုက်ပါ။ ပြီးရင် ထိုင်/ထ လုပ်ဖို့အတွက် နေရာရအောင် ခြေထောက်တွေကိုတော့ ခွဲထားလိုက်ပါ။ ပြီးရင် ပုံပါအတိုင်း ထိုင်လိုက်ထလိုက်လုပ်ပေးရုံပါပဲ။ ဒါကတော့ ခြေသလုံး ကြွက်သားလေ့ကျင့်ခန်းလေး တစ်မျိုးဖြစ်ပါတယ်။

၃။ လက်တွေကိုချိတ်ဆက်ထားတဲ့ pistol squat ကစားနည်း

20160629-1.1 (1).jpg 

ဒီနည်းလမ်းလေးကလည်း လွယ်ကူပါတယ်။ ပြုလုပ်ဖို့လိုတာကတော့ မိမိရဲ့လက်တွဲဖော်ကို မျက်နှာချင်းဆိုင်ပြီး တစ်ယောက်ရဲ့လက်ကောက်ဝတ် (သို့) လက်ဖျံကို တစ်ယောက်က ဆုပ်ကိုင်ထားဖို့ပါပဲ။ ဒီလိုလုပ်ခြင်းဖြင့် လက်မောင်းတွေဟာ ခင်ဗျားတို့နှစ်ယောက်ကို ဆက်သွယ်ထားပေးပါလိမ့်မယ်။ ပြီးတာနဲ့ ဘယ်ဘက်ခြေထောက်ကိုမြှောက်ပြီး ညာဘက်ဒူးကိုကွေးညွှတ်ပြီး ဖြေးဖြေးချင်းထိုင်ချလိုက်ပါ။ ဒီနေရာမှာအရေးကြီးတာက တစ်ယောက်ရဲ့မျှခြေကို တစ်ယောက်က ထိန်းသိမ်းထားနိုင်ဖို့ပါပဲ။ တစ်ဖက်ဖက်က အရမ်းအားယူလိုက်ရင် နှစ်ယောက်လုံး လဲကျသွားနိုင်ပါတယ်။ စစချင်းမှာတော့ အဲဒီလို လဲကျတာလေးတွေကိုက ပျော်စရာကောင်းနေပါလိမ့်မယ်။ နောက်ပိုင်းမှာ ဟန်ချက်ညီသွားရင် အဆင်ပြေသွားပါလိမ့်မယ်။

၄။ စက်ဘီးစီးသလို ကစားနည်း

0df3975a82062595f95eeecd99c03e05---seconds--minutes.jpg 

ကြမ်းပြင်ပေါ်မှာ ကျောခင်းလိုက်ပါ။ လက်တွေကိုတော့ ဦးခေါင်းအနောက်ဖက်မှာ ထားလိုက်ပါ။ တစ်ဖက်မှာတော့ မိမိရဲ့ပါတနာဖြစ်သူကိုလည်း မိမိအတိုင်းလုပ်ခိုင်းပါ။ ပြီးရင် မိမိရဲ့ခြေဖဝါးကို မိမိပါတနာရဲ့ခြေဖဝါးနဲ့ ထိကပ်ထားလိုက်ပါ။ Position မှန်ပြီဆိုရင် စက်ဘီးစီးသလိုပုံစံ စလုပ်နိုင်ပါပြီ။ ဥပမာ... မိမိက ဘယ်ခြေကိုအားထည့်လိုက်ရင် ပါတနာလုပ်သူက သူ့ရဲ့ညာခြေကို အားလျှော့ပြီး သူ့ရဲ့ ဘယ်ခြေမှာအားထည့်ပါလိမ့်မယ်။ အဲဒီအခါမှာ ခင်ဗျားက ညာခြေကို အားလျှော့ပေးလိုက်ပါ။ ဒီပုံစံအတိုင်း စက်ဘီးစီးသလို လုပ်ပေးရမှာပါ။

၅။ ခြေထောက် စက်ဝိုင်းလှည့်နည်း

img_5493.jpg 

ယောဂကစားရာမှာသုံးတဲ့ ဖျာတစ်ချပ်ခင်းလိုက်ပါ။ ဖျာပေါ်မှာ မျက်နှာချင်းဆိုင် ထိုင်လိုက်ပါ။ လက်ဖဝါးတွေကိုတော့ ခါးအနားက ဖျာပေါ်မှာထိကပ်ထားလိုက်ပါ။ ပြီးရင် ခါးကို နောက်ဖက် နည်းနည်းကော့ ပေးလိုက်ပါ။ နောက်ပြီးရင် ခြေထောက်တွေကို ဆန့်တန်းပြီး ပုံပါအတိုင်း စက်ဝိုင်းလို လှည့်ပတ်ပေးနိုင်ပါပြီ။ ပါတနာဖြစ်သူရဲ့ခြေထောက်ကို မထိမိအောင်ရှောင်ရှားပြီး စက်ဝိုင်းဝိုင်းသလို ပြုလုပ်ပေးရမှာပါ။

၆။ အိပ်ထမတင် ကစားနည်း

couple-pompe-abdo.jpg 

ရိုးရိုး အိပ်ထမတင် ကစားနည်းတော့ ဘယ်ဟုတ်မလဲ။ ဆုလဒ်အဖြစ် အနမ်းလေးပါ ပါတယ်လေ။ အရင်ဆုံး ပါတနာဖြစ်သူကို ကြမ်းပေါ်မှာကျောဆန့်ပြီး လဲလျောင်းခိုင်းပါ။ မိမိကတော့ သူ့ရဲ့ခြေထောက်ပေါ်ကို လက်တင်ပြီး ကုန်းကုန်းလေးနေလိုက်ပါ။ ပြီးရင် ပါတနာဖြစ်သူကို အိပ်ထမတင်လုပ်ခိုင်းပြီး မိမိက သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ ကိုင်းညွှတ်နေပေးလိုက်ပါ။ မိမိရှိရာကိုုရောက်အောင် အိပ်ထမတင် ပြုလုပ်နိုင်ရင် နမ်းခွင့်ရမယ်ဆိုတဲ့ သဘောပေါ့။ ဒီပုံစံလေးကို လူပြောင်းပြီး တစ်လှည့်စီလုပ်လို့ရပါတယ်။ ပျော်စရာကောင်းမှာပါ။

၇။ ဒိုက်ထိုး/လက်ဝါးရိုက် ကစားနည်း

C-7-660x371.jpg 

ဒီတစ်ခုကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ နှစ်ယောက်စလုံးက ဒိုက်ထိုးနေတဲ့ပုံစံလုပ်ထားရမှာဖြစ်ပြီး ခန္ဓာကိုယ်ပြန်ဆန့်လိုက်တဲ့အချိန်မှာ လက်တစ်ဖက်စီကိုမြှောက်ပြီး ပါတနာဖြစ်သူရဲ့ လက်ဝါးကို သွားရိုက်ရမှာဖြစ်ပါတယ်။ တစ်ခါရိုက်ပြီးတိုင်း "A" "B" "C" ဆိုပြီးအော်ပြီး "A-Z" ဆော့ရင် ပိုကောင်းပါတယ်။

Source: Youngisthan

Share

Loading Next Article...
က္က