လူချစ်လူခင်ပေါများတယ်ဆိုတာ လက်တွေ့ဘဝကြီးထဲမှာ အလွန်အသုံုးဝင်တဲ့ အရည်အချင်းတစ်မျိုးပါပဲ။

ရုံးတွင်းဘဝဆိုတာ ကျွန်တော်တို့အားလုံး ကင်းကွာလို့ရတဲ့ကိစ္စ တစ်ခုမဟုတ်ပါဘူး။ ရုံးက လုပ်ဖော်ကိုင်ဖက်တွေဆိုတာ ချစ်သူရည်းစားထက်၊ ငယ်သူငယ်ချင်းတွေထက်၊ မိဘဆွေမျိုးတွေထက် အချိန်ပိုများများ တွေ့ဆုံနေရသူတွေဆိုတော့ သူတို့နဲ့ဆက်ဆံရေးကောင်းမွန်ဖို့၊ ရုံးမှာ လူချစ်လူခင်ပေါဖို့က အရေးကြီးတဲ့ကိစ္စတစ်ခုပါပဲ။ လူချစ်လူခင်ပေါဖို့ဆိုတာ လွယ်တော့ မလွယ်သလို အချက်သိရင်တော့ ခက်ခဲလှတဲ့ ကိစ္စတစ်ခုတော့လည်း မဟုတ်ပါဘူး။

 

အောက်မှာဖော်ပြထားတာကတော့ ရုံုးမှာ လူချစ်လူခင်ပေါတဲ့လူတစ်ယောက်ဖြစ်ဖို့ ဘယ်လိုလုပ်မလဲ ဆိုတာပါပဲ။

၁။ နားထောင်သူကောင်းတစ်ယောက်ဖြစ်ဖို့ ကြိုးစားပါ

o-OFFICE-ROMANCE-facebook.jpg 

Dale Carnegie က သူ့ရဲ့အောင်မြင်တဲ့စာအုပ်တစ်အုပ်ဖြစ်တဲ့ "How to Win Friends and Influence People" ဆိုတဲ့စာအုပ်ထဲမှာ ဖော်ပြထားတာကတော့ "တခြားသူတွေအပေါ် မိမိရဲ့စိတ်ဝင်စားမှုကို ဖော်ပြတတ်ခြင်းက တခြားသူတွေ မိမိအပေါ် စိတ်ဝင်စားလာအောင် ကြိုးစားတာထက် လူချစ်လူခင်ပိုများပါလိမ့်မယ်" လို့ဆိုထားပါတယ်။

ဒီစာသားကို သူဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၈၀) ကတည်းက ရေးသားခဲ့ပေမယ့် ခုချိန်ထိတော့ မှန်နေတုံးပါပဲ။ လူချစ်လူခင် ပေါတဲ့သူဆိုတာ လူတကာက စိတ်ဝင်စားအောင်ချောမောသူ၊ သန့်ပြန့်သူ၊ အချေဒီဇိုင်းပုံပေါက်နေသူမဟုတ်ပါဘူး။ လူအများရဲ့ အရေးကိစ္စတွေကို စိတ်ဝင်တစားရှိပြီး နှစ်နှစ်လိုလို ပါဝင်ကူညီချင်တဲ့သူ၊ နားထောင်ပေးချင်တဲ့သူတစ်ဦးဖြစ်ပါတယ်။ ဒါကြောင့် လူချစ်လူခင်ပေါများချင်ရင် လူများများနဲ့စကားပြောပါ။ သူတို့အကြောင်းတွေ မိမိကိုပြောချင်လာအောင် ကြိုးစားပါ။

၂။ အပြုအမူ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးနဲ့ အပြောအဆိုကို ဂရုစိုက်ပါ

photodune-202599-smart-business-man-with-a-laptop-and-colleagues-at-the-back-m.jpg 

ဒါဟာ ရုံုးတွင်းဘဝအတွက်သာမဟုတ်ပါဘူး။ ပြင်ပဘဝအတွက်လည်း အရေးပါတဲ့ အကြံပြုချက်တွေပဲဖြစ်ပါတယ်။ ခင်ဗျားရဲ့ အပြုအမူတွေ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးနဲ့ ပြောဆိုဆက်ဆံပုံတွေကလည်း အရေးပါ ပါတယ်။ ရုံးတွင်းမှာနေတဲ့ထိုင်တဲ့ မိမိရဲ့အမူအရာတွေဟာ တခြားသူတွေ မိမိအပေါ်အကဲဖြတ်စေနိုင်တဲ့အရာတွေဖြစ်သလို တစ်ရုံးတည်းအတူအလုပ်လုပ်ရရင် ခင်ဗျားရဲ့တစ်ကိုယ်ရည်သန့်ရှင်းရေးကလည်း သူတို့ကို အနည်းနဲ့အများတော့ အကျိုးသက်ရောက်စေမှာပါ။

နောက်ပြီး အချိန်တိုုင်း ဟန်ဆောင်ယဉ်ကျေးနေဖို့မလိုပေမယ့် ဘယ်သူမဆို အခြေအနေနဲ့အချိန်အခါကိုသိပြီး လိုက်လျောညီထွေ ဆက်ဆံတတ်သူကို နှစ်သက်ကြမှာပါ။ ရပ်ကွက်သုံးစကားတွေက ရပ်ကွက်ထဲမှာအလုပ်ဖြစ်ချင်ဖြစ်ပေမယ့် ရုံးထဲမှာတော့ ပရော်ဖက်ရှင်နယ်ဆန်ဆန် စကားပြောကျွမ်းကျင်သူကို ပိုမို လိုလားကြမှာပါ။

၃။ ကိုယ်နေဟန်ထားကောင်းမွန်ပါစေ

အသံမထွက်တဲ့ ဆက်သွယ်ရေးနည်းလမ်းတွေ (ကိုယ်နေဟန်ထား) ကလည်း ခင်ဗျားအကြောင်းတွေကို အများကြီး ဖော်ပြနေပါတယ်။ မိမိရဲ့အပြုံးတွေ၊ မျက်လုံးအကြည့်တွေနဲ့ ခန္ဓာကိုယ် အနေအထားတွေအားလုံးက ပတ်ဝန်းကျင်က လူတွေအားလုံးကို မိမိဟာ ပေါင်းလို့သင်းလို့ကောင်းတဲ့၊ ဆက်ဆံရလွယ်ကူတဲ့၊ ခင်မင်ဖို့ကောင်းတဲ့ လူတစ်ယောက်ဟုတ်မဟုတ် ဖော်ထုတ်ပြသနေပါတယ်။ ဥပမာ... ရုံးထဲမှာ လက်ကြီးပိုက်ပြီး ဘယ်နှခါနေဖူးပါသလဲ။ လုပ်ဖူးတယ်ဆိုရင် အဲဒီအကျင့်ကို ခုချက်ချင်းရပ်တန့်လိုက်ပါ။ ဒါဟာ မကောင်းတဲ့ ကိုယ်နေဟန်ထားတစ်မျိုးဖြစ်ပါတယ်။

၄။ ဆိုရှယ်ကျတဲ့နေရာမှာလည်း ဟန်ချက်ညီအောင်ထိန်းသိမ်းပါ

satisfied_employees.jpg 

ဒီနေရာမှာဆိုရှယ်ကျတယ်ဆိုတာကို မကောင်းတဲ့သဘောနဲ့ပြောတာမဟုတ်ပါဘူး။ အပေါင်းအသင်းများခြင်း၊ ဝင်ဆံ့ခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ အလုပ်မှာ အဲဒီလိုဆိုရှယ်အရမ်းကျခြင်းနဲ့ လုံးဝအဆက်အဆံ မလုပ်ခြင်းကြားက မျှခြေကိုလည်း မိမိဖာသာထိန်းသိမ်းနိုင်ဖို့ လိုပါတယ်။ ဒါပေမယ့် သေချာတာတစ်ခုကတော့ လူချစ်လူခင်ပေါတဲ့သူဆိုတာ နေ့လည်စာစားချိန်မှာ တစ်ယောက်တည်း ငူငူကြီး ထိုင်စားမယ့်လူမျိုး မဟုတ်ပါဘူး။

အလုပ်ချိန်မှာ ဟိုစားပွဲသွားအာထုလိုက်၊ ဒီစားပွဲသွား အာချောင်လိုက် လုပ်နေဖို့မလိုပေမယ့် ကော်ဖီသောက်နားချိန်တို့၊ နေ့လည်စာစားချိန်တို့မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားပြောပါ။ အနည်းဆုံးတော့ ရုံးကလူတိုင်းနီးပါးကို စကားပြောဖြစ်အောင် ပြောကြည့်ပါ။ ဒါပေမယ့် အရိပ်အခြည်ကိုလည်း ကြည့်ဦးပေါ့။ လုပ်ဖော်ကိုင်ဖက်တွေက မိမိတို့ရဲ့ ပါစင်နယ်တွေထိပါ အရမ်းစပ်စုတတ်တဲ့ လူမျိုးတွေကိုလည်း မနှစ်သက်ကြပါဘူး။

၅။ အတင်းပြောတာတွေကိုရှောင်ပါ

ရုံးတွင်းဘဝမှာ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးမှုရရှိဖို့အမြန်ဆုံးနည်းလမ်းက အတင်းပြောခြင်းပဲလို့ ယူဆတဲ့သူရှိချင်ရှိမယ်။ ဒါပေမယ့် တကယ်တမ်းတော့ မဟုတ်ပါဘူး။ တစ်ခါတလေမှာ ရှောင်လွှဲလို့မရလို့ နားထောင်လိုက်ရရင်တောင် မိမိပါးစပ်ကတော့ သူများမကောင်းကြောင်း မပြောမိအောင် အတတ်နိုင်ဆုံးရှောင်ကြဉ်ပါ။ ဒါတွေဟာ နောင်တချိန်မှာ ကိုယ့်ကိုုပြန်ပတ်လာနိုင်သလို အတင်းပြောလွန်းတဲ့သူကို ဘယ်သူမှ မနှစ်သက်လို့ပါပဲ။

၆။ စကားနိုင်လုတာမျိုးကိုရှောင်ပါ

team-huddle.jpg 

တခြားလူတစ်ယောက်နဲ့ စကားပြောပြီဆိုရင် (ရိုးရိုးနှုတ်ခွန်းဆက်စကားပဲဖြစ်ဖြစ်၊ လုပ်ငန်းပိုင်းဆိုင်ရာ ဆွေးနွေးတာပဲဖြစ်ဖြစ်) စကားရည်လုပွဲရောက်နေသလို စကားနိုင်လုတာမျိုးကိုရှောင်ပါ။ စကားများများ ပြောနိုင်လို့ အမှတ်ပိုမရသလို စကားပြောရာမှာနိုင်သွားလို့လည်း ဘယ်သူမှ ဆုလာမချပါဘူး။ တစ်ဖက်လူကို စကားအသာရဖို့ထက် အသာလေးရေလိုက်ငါးလိုက်ပဲ နေပေးလိုက်ပါ။ များများနားထောင်တတ်တဲ့ သူက များများသိပြီး ချက်ကောင်းကမှ ထပြောတတ်တာပါ။

၇။ ဖုန်းခဏခဏထုတ်မကြည့်ပါနဲ့

ယနေ့ခေတ်ကြီးထဲမှာ စမတ်ဖုန်းက ရည်းစားမျက်နှာထက် ပိုကြည့်လို့ကောင်းပါတယ်။ ကျွန်တော်တို့တွေအားလုံး စမတ်ဖုန်းနဲ့ ဘယ်သူမှမကင်းကွာနိုင်ကြပါဘူး။ ဒါပေမယ့် စမတ်ဖုန်းစခရင်နောက်ကွယ်မှာ မိမိမျက်နှာကိုဝှက်ထားလိုက်တယ်ဆိုတာက မိမိရဲ့ စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုကို ဖော်ပြနေတာလည်း ဖြစ်နိုင်ပါတယ်။ တနည်းအားဖြင့် မိမိနဲ့စကားပြောနေသူနဲ့ စကားပြောနေရတာကို မနှစ်သက်ကြောင်း အသံတိတ်ဖော်ပြလိုက်တာနဲ့လည်း တူပါတယ်။ နောက်ပြီး ဒါဟာ ရိုင်းပြတဲ့အမူအရာတစ်ခုလည်းဖြစ်လို့ မလုပ်သင့်ပါဘူး။

Source: careeraddict

Share

Loading Next Article...
က္က