အစ်မလည်းဟုတ်၊ တိုးတိုးဖော်လည်းဟုတ်တယ်။

ညီအစ်မတွေဆိုတာ အချင်းချင်းသာ တကျက်ကျက် ရန်ဖြစ်ရင်ဖြစ်မယ်၊ အရေးကြုံလာရင် သိပ်ကိုစည်းလုံးကြတာ။ ကိုယ့်မှာရှိတဲ့အစ်မနဲ့ အဆင်မပြေဘူး၊ ခဏခဏ စကားများနေရတယ်။ ဒါပေမဲ့ စကားများရန်ဖြစ်တာရဲ့နောက်မှာ ပျော်စရာတွေလည်း ရှိနေပြန်တယ်။ အစ်မကြီးဆိုတာ အငယ်တွေကိုငဲ့ညှာတယ်၊ ဆုံးမပေးတတ်တယ်။ သူ့ကိုကြည့်ပြီးတော့လည်း ညီမတစ်ဦးအနေနဲ့ သင်ခန်းစာယူလို့ရနိုင်တယ်။

 

၁။ အချစ်ရေးနဲ့ပတ်သက်သမျှ

ရည်းစားစာပေးခံရရင် ဘယ်လိုလုပ်မလဲ၊ ရည်းစားစထားပြီဆိုရင် ဘယ်လိုအကဲခတ်မလဲ၊ ဘယ်တွေကို မသွားသင့်ဘူးလဲ၊ အချစ်ဟောင်းက ပြန်ဆက်သွယ်လာရင် ဘာလုပ်ရမလဲ။ ဒီမေးခွန်းတွေအားလုံးကို အစ်မဖြစ်သူနဲ့တိုင်ပင်လို့ရပါလိမ့်မယ်။ တိုးတိုးဖော်ပေါ့။

၂။ အလှအပရေးရာ အတိုင်ပင်ခံပုဂ္ဂိုလ်

အယ်လယ်..... ခေါင်းစဉ်လေးကမိုက်တယ်နော်။ ဆံပင် ကောက်/ဖြောင့်/အရောင်ချွတ်တာတွေ၊ ပေါင်းတင်တာတွေ စတဲ့ အလှအပရေးရာတွေဆိုလည်း သူက ကိုယ့်ထက်အရင် အတွေ့အကြုံရှိပြီးသားကိုး။ ဘယ်ဆိုင်ကောင်းလဲဆိုတာလည်း သူ့ပဲမေးရမှာ။ ဆံပင်ကို ချွတ်ဆေးသုံးရင် ဘာဖြစ်မလဲ၊ ဗောက်ပျောက်မယ့်နည်းတွေ၊ ဆံပင်ပျော့ဆေးကောင်းတဲ့တံဆိပ်တွေကိုလည်း မမကြီးကိုပဲ မေးကြည့်ပါ။

 

၃။ ကျောင်းကိစ္စ

ကျောင်းမှာ အတန်းဖော်အချင်းချင်း ပြဿနာတက်ပြီဆို ကိုယ်မှားတာလည်း ရှိချင်ရှိမယ်၊ သူကတိုက်ခိုက်တာလည်း ဖြစ်ချင်ဖြစ်မယ်။ စိတ်ဆင်းရဲတာပဲ... ဘာပြန်လုပ်ရမှန်းမသိဘူး။ ဒါကိုလည်း မမကြီးနဲ့ပဲ တိုင်ပင်လိုက်ပါဦး။ သူ့တုန်းကလည်း ဒီကိစ္စတွေ ကြုံခဲ့တော့ သင်ခန်းစာယူပေါ့။ တက္ကသိုလ်တက်မယ်ဆိုလည်း မမကြီးကိုပဲ ကျောင်းကိစ္စတွေမေးရဦးမှာ။

 

၄။ မိဘတွေနဲ့ အဆင်မပြေရင်

ညီအစ်မချင်းသာ မတည့်တာနော်၊ အမေနဲ့စကားများရင် ... အဖေဆူရင် မမဆီပဲ ရင်ဖွင့်ရတာ။ သူက မိဘတွေအချစ်တော် ဖြစ်နေတယ်ဆိုဦးတော့ အစ်မကြီးပီပီ ကိုယ်ရင်ဖွင့်သမျှ နားထောင်နှစ်သိမ့်ပေးမှာပါပဲ။

Share

Loading Next Article...
က္က