ချစ်လှပါချည်ရဲ့ဆိုပြီး လက်တွဲထားကြပြီးမှ လမ်းခွဲလိုက်ရတဲ့ အဖြစ်မျိုးကိုလည်း ဘယ်သူမှ ရောက်ချင်ကြမှာ မဟုတ်ပါဘူး။

သမီးရည်းစားပြဿနာ၊ အိမ်ထောင်ရေးပြဿနာတွေနဲ့ပတ်သက်ပြီး အွန်လိုင်းပေါ်က အကြံပေးချက်တော်တော်များများကို ဖတ်ဖူးကြမှာပါ။ ချစ်လှပါချည်ရဲ့ဆိုပြီး လက်တွဲထားကြပြီးမှ လမ်းခွဲလိုက်ရတဲ့ အဖြစ်မျိုးကိုလည်း ဘယ်သူမှ ရောက်ချင်ကြမှာ မဟုတ်ပါဘူး။

 

အိမ်ထောင်ကွဲအမှုတွေကို ကိုင်ရတဲ့ရှေ့နေတစ်ဦးက သမီးရည်းစားတွေ၊ အိမ်ထောင်သည်တွေမှာ ဖြစ်တတ်တဲ့ ပြဿနာတွေကို New York post သတင်းစာကို ပြောပြထားတာဖြစ်ပါတယ်။

၁။ နားတွေကိုစွင့်ထားပါ

Arguing-couple.jpg 

ကိုယ်ဘယ်လောက်ခံစားရတယ်/ ကိုယ်ဘယ်လောက်ပေးဆပ်ရတယ်ဆိုပြီး ဆက်တိုက်ပြောနေတာတွေကို ခဏရပ်ထားလိုက်ပါ။ ကိုယ့်လက်တွဲဖော် ဘယ်လိုခံစားနေရတယ်ဆိုတာကို နားထောင်ပေးဖို့ ကြိုးစားပါ။ သမီးရည်းစားပြဿနာ (သို့) အိမ်ထောင်ရေး ပြဿနာတွေ ညှိမရအောင်ဖြစ်သွားခြင်းရဲ့ (၉၀) ရာခိုင်နှုန်းလောက်က ကိုယ်ပြောဖို့ချည်းပဲ စဉ်းစားနေပြီး တစ်ဖက်သားကို နားထောင်ပေးဖို့ ပျက်ကွက်တတ်ကြလို့ပါပဲ။

တစ်ခါတလေမှာ ချစ်ရက်နဲ့ မိမိစကားတွေ တိုးမပေါက်တော့ဘူး။ ဥပေက္ခာပြုခံနေရတယ်လို့ ခံစားရတာကြောင့် လမ်းခွဲလိုက်ရတဲ့ ချစ်သူတွေလည်း အများကြီးပါပဲ။ ဒါကြောင့် တစ်ဖက်သားပြောမယ့်စကားတွေကို နားထောင်ပေးဖို့ ကြိုးစားကြည့့်ပါ။

၂။ ငွေရေးကြေးရေးကိစ္စ အရှုပ်အရှင်းကင်းပါစေ

workable_solutions_for_couples_when_fighting_about_money.jpg 

သမီးရည်းစားတွေ/ လင်မယားတွေ အဆင်မပြေဖြစ်ရတဲ့ နောက်ထပ်အကြောင်းရင်းတစ်ခုကတော့ ငွေရေးကြေးရေးကိစ္စပါပဲ။ Anniversary (နှစ်ပတ်လည်) တို့၊ မွေးနေ့တို့မှာ အရမ်းတန်ဖိုးကြီးတဲ့ လက်ဆောင်ပစ္စည်းတွေ ပေးတာ/ ရတာကို အကျင့်မလုပ်ထားပါနဲ့။ လူဆိုတာ အမြဲတမ်းအဆင်ပြေနိုင်မှာမဟုတ်တဲ့အတွက် တန်ဖိုးကြီးလက်ဆောင်တွေ မပေးနိုင်တော့တဲ့အခါ ဒါဟာ အချင်းချင်းကြားမှာ ပြဿနာတစ်ခု ဖြစ်လာပါလိမ့်မယ်။ နောက်တစ်ခုက တစ်ယောက်က ပိုက်ဆံဒိုင်ခံရှာပြီး နောက်တစ်ယောက်က ထိုင်ဖြုန်းတာမျိုးလည်း မဖြစ်ပါစေနဲ့။

၃။ သစ္စာမဖောက်ပါနဲ့

06-cheating-signs-phone.jpg 

ဒါကတော့ရှင်းပါတယ်။ အိမ်ထောင်ရေး (သို့) သမီးရည်းစားဆက်ဆံရေးတစ်ခုမှာ စိတ်အလိုကိုလိုက်ပြီး အပျော်ရှာမိမယ်ဆိုရင် တစ်ဖက်လူက ရိပ်မိသွားတဲ့အချိန်မှာ ပြဿနာတက်ကြမှာပါပဲ။ အကောင်းဆုံးကတော့ တစ်ယောက်ကိုယ်တစ်ယောက် သစ္စာရှိကြဖို့ပါပဲ။ သစ္စာဖောက်ပြီးမှ ပြဿနာတက်ရတာတွေက ဆက်ဆံရေးကို အဆိုးဝါးဆုံးထိခိုက်စေတဲ့အပြင် မိမိရဲ့လက်တွဲဖော်ကို အသည်းကွဲစေတဲ့ အပြုအမူတွေပဲဖြစ်ပါတယ်။ မိမိချစ်ခဲ့ဖူးတဲ့လူတစ်ယောက်ကို အဲဒီလောက်ထိ ထိခိုက်နာကျင်အောင် လုပ်လိုမှာမဟုတ်ပါဘူး။

၄။ ခန္ဓာကိုယ်အပြောင်းအလဲတွေကို လက်ခံပေးလိုက်ပါ

couple-weight-loss.jpg 

လူဆိုတာကတော့ အမြဲပြောင်းလဲနေတတ်တဲ့ သတ္တဝါပါ။ စိတ်နေစိတ်ထားလေး မပြောင်းမလဲရှိနေရင်ပဲ ကျေးဇူးတင်နေရမှာပါ။ အိမ်ထောင်ကျပြီးတာတောင် ခန္ဓာကိုယ်အချိုးအစားမပျက်ဘဲ ထိန်းထားနိုင်တဲ့ သူဆိုတာလည်း ရှားပါးပါလိမ့်မယ်။ ဒီတော့ မိမိလက်တွဲဖော်မှာ ခန္ဓာကိုယ်အချိုးအစားပြောင်းလဲလာပြီဆိုရင်လည်း ပြောင်းလဲလာချင်အောင် စည်းရုံးယူကြည့်ပါ။ မဖြစ်နိုင်ဘူးဆိုရင်လည်း အရမ်းကြီး push မလုပ်မိပါစေနဲ့။

Source: nypost

Share

Loading Next Article...
က္က