ပထမဆုံးလုပ်မှာကတော့ ဖုန်းထုတ်ပြီး ဆယ်ဖီဆွဲကြတာပဲ....

သူငယ်ချင်းတွေ စုပြီးဆုံကြမယ်ဆို အပြင်ထွက်လည်ရင်လည်၊ မလည်ရင် တစ်နေရာရာချိန်းပြီး အာလူးဖုတ်ကြပါပဲ။ မိန်းကလေးတွေဆိုတော့ စကားကလည်း များတယ်။ အကြောင်းအရာကလည်း အစုံပဲ။ ဒါပေမဲ့ အဓိကအားဖြင့်တော့ ဒါတွေကို ပြောကြတာ များပါတယ်။

 

၁။ သူ့အကြောင်း၊ ကိုယ့်အကြောင်း

ပထမဆုံးကတော့ နင်ဘာလုပ်နေလဲ၊ ငါဘာလုပ်နေတယ် ဆိုတာတွေကနေ စတာပါပဲ။ အလုပ်အဆင်ပြေရဲ့လား၊ အချစ်ရေးအခြေအနေ စသဖြင့် ကိုယ့်အကြောင်း၊ သူ့အကြောင်း အပြန်အလှန် ပြောကြပါတယ်။

၂။ Trending

ခုတလော ခေတ်စားနေတဲ့အရာမှန်သမျှ ပြောကြပါပြီ။ အစားလေးတွေစားရင်းနဲ့ အင်တာနက်ပေါ်က ရေပန်းစားနေတဲ့ အကြောင်းအရာတွေကို ပြောကြပြီလေ။ အစုံပါပဲ...။ အလှအပရေးရာ ဖက်ရှင်တွေလည်း ပါသေးတယ်။

၃။ အတင်းသတင်း

63579505908920156753154931_sexandcity.imgopt1000x70.jpg 

ကိုယ်နဲ့နီးစပ်တဲ့ အသိုင်းအဝိုင်း၊ သူငယ်ချင်းတွေထဲမှာ ဘယ်သူတွေ ဘာဖြစ်နေသလဲဆိုတာကို ပြောကြပါတော့တယ်။ သတင်းတွေလည်းပါတယ်။ အတင်းတွေလည်းပါမယ်။

၄။ ခံစားချက်တွေ

ဒီလိုကနေ ဆက်ပြောသွားလိုက်တာ နောက်ဆုံးတော့ ရင်ဖွင့်တဲ့ကဏ္ဍကို ရောက်လာပါပြီ။ ကိုယ့်မှာကြုံနေရတဲ့ အဆင်မပြေစရာတွေကို ရင်ဖွင့်ကြတယ်လေ။ သူငယ်ချင်းတွေဆိုတာ ဒီလိုပါပဲ တိုင်ပင်ရင်ဖွင့်ကြရတာကိုး။ ကူနိုင်သူတွေက ကူညီကြတယ်၊ အကြံပေးကြပါတယ်။ အပျိုဆိုလည်းအပျိုအလျှောက်၊ အိမ်ထောင်သည်ဆိုလည်း အိမ်မှုကိစ္စတွေ တိုင်ပင်အကြံပေးကြတာပါ။

၅။ ကောင်လေးတွေအကြောင်း

o-GIRLS-TALKING-facebook.jpg 

ကိုရီးယားဒရာမာတွေရဲ့အရှိန်က တော်ရုံမိန်းကလေးတွေ မလွန်ဆန်နိုင်ပါဘူး။ အဆိုတော်တွေ၊ မင်းသားတွေအကြောင်း ပြောကြပြန်ရော။ ခုဆိုရင်တော့ အဝင်းမှအဝင်း ဖြစ်နေကြတာ။ မိုရီဆာကီဝင်းဆိုတဲ့ မင်းသားသစ်လေးအကြောင်းပြောနေကြပြန်ရော။ ဒါမှမဟုတ် အခန်းထဲကကောင်လေးတွေအကြောင်း ပေါက်ပေါက်ဖောက်ကြတယ်လေ။

Share

Loading Next Article...
က္က