လူတိုင်းလူတိုင်းမှာ ဒီအထူးစပယ်ရှယ်နေ့လေးအတွက် အိမ်မက်တွေ၊ စိတ်ကူးတွေ၊ ရည်မှန်းချက်တွေရှိပါတယ်။

မင်္ဂလာပွဲနေ့ဆိုတာ လူတစ်ယောက်ရဲ့ဘဝမှာ အရေးအပါဆုံးနေ့တစ်နေ့ဖြစ်ပြီး သတို့သားရော၊ သတို့သမီးပါ သူတို့နှစ်ယောက်ရဲ့ ဘဝမှာ အမှတ်ရစရာ အကောင်းဆုံး နေ့ရက်လေးတစ်ရက်ဖြစ်အောင် အစွမ်းကုန်အားထုတ်ကြိုးပမ်းကြပါတယ်။ လူတိုင်းလူတိုင်းမှာ ဒီအထူးစပယ်ရှယ်နေ့လေးအတွက် အိမ်မက်တွေ၊ စိတ်ကူးတွေ၊ ရည်မှန်းချက်တွေရှိပါတယ်။

 

ဒါပေမယ့် တချို့လူတွေရဲ့စိတ်ကူးတွေ၊ အိမ်မက်တွေကတော့ ထူးဆန်းလွန်းတော့ သူတို့ရဲ့မင်္ဂလာပွဲနေ့တွေဟာလည်း ကမ္ဘာပေါ်မှာ ဘယ်သူနဲ့မှ မတူတဲ့ မင်္ဂလာပွဲတွေဖြစ်လာပါတယ်။ အဲဒါတွေကတော့...

၁။ သင်္ချိုင်းကုန်းက မင်္ဂလာပွဲ

1-14.jpg 

ဒီအမျိုးသမီးနာမည်ကတော့ Michelle Thomas ဖြစ်ပါတယ်။ သူမရဲ့ခင်ပွန်းလောင်းက အသတ်ခံလိုက်ရတာပါ။ ဒါပေမယ့် အဲဒါက သူမကို သူနဲ့တူတူရှိနေဖို့ အိမ်မက်ကနေ ဖယ်ရှားမပစ်နိုင်ပါဘူး။ သူမရဲ့ခင်ပွန်းလောင်းသေဆုံးပြီးနောက်မှာ သူမဟာ သူ့ကိုမြှုပ်ထားတဲ့သင်္ချိုင်းကို လိုက်သွားခဲ့ပြီး သူလဲလျောင်းရာ အုတ်ဂူနဲ့လက်ထပ်ခဲ့ပါတယ်။ အဲဒါကိုလည်း သူမက တရားဝင်လက်ထပ်တယ်လို့ ယူဆခဲ့ပြီး ကမ္ဘာပေါ်က ဘယ်အရာထက်မဆို သူမရဲ့ခင်ပွန်းလောင်းကိုချစ်တယ်လို့ ဆိုလာခဲ့ပါတယ်။ အချစ်စစ်ရဲ့ပန်းတိုင်ပါပဲ။ ဟုတ်တယ်ဟုတ်။

၂။ ဇနီးအတွက် နှင်းဆီနီ (၉၉၉၉၉) ပွင့်

2-13.jpg 

တရုပ်နိုင်ငံက Xiao Wang (ရှောင်ဝမ်) ဆိုတဲ့လူတစ်ယောက်ဟာ သူတစ်နှစ်လောက်စုဆောင်းထားတဲ့ လစာကိုသုံးပြီးတော့ အသစ်စက်စက်လက်ထပ်ထားတဲ့ဇနီးလေးအတွက် နှင်းဆီပန်းအနီရောင် အပွင့်ပေါင်း (၉၉၉၉၉) ပွင့်ကို ဝယ်ယူခဲ့ပါတယ်။ အကြောင်းပြချက်ကတော့ သူမမျက်နှာပေါ်က အပြုံးလေးတစ်ပွင့်ကို မြင်ချင်လို့ပါတဲ့။ ချိုမြိန်တဲ့အချစ်ပါပဲ။ သဘောတူပါသလား ;)

၃။ စံချိန်တင်မီတာ (၂၀၀) ရှည်တဲ့ဝတ်စုံ

3-13.jpg 

တရုပ်နိုင်ငံက ဒီသတို့သမီးကတော့ မီတာ (၂၀၀) ရှည်တဲ့ သတို့သမီးဝတ်စုံကို ဝတ်ဆင်ပြီး မှတ်တမ်းတင်ခဲ့ပါတယ်။ သူမဝတ်ဆက်တဲ့ဝတ်စုံကို ကိုင်ပေးဖို့ လူပေါင်း (၅၀) ကျော်လိုအပ်ခဲ့ပါတယ်။ သူတို့ ဇနီးမောင်နှံက အခုလိုကမ္ဘာ့အရှည်ဆုံးဝတ်စံုံကို သူတို့ရဲ့မင်္ဂလာပွဲမှာ ဝတ်ဆင်နိုင်ခြင်းဖြင့် နာမည်ကျော်ကြားလိုခဲ့ကြပါတယ်။ သူတို့ရည်မှန်းချက်ပြည့်မီခဲ့ပါတယ်။

၄။ အမြင့်ခုန် မင်္ဂလာပွဲ

4-13.jpg 

Bungee-jumping ဆိုတာ မျှော့ကြိုးတစ်ချောင်းကို ခန္ဓာကိုယ်မှာချိတ်ပြီး အမြင့်တနေရာကခုန်ချရတဲ့ကစားနည်းဖြစ်ပါတယ်။ အန္တရာယ်များသလို စွန့်စားရတာကိုနှစ်သက်တဲ့လူတွေ ဆော့တဲ့ ကစားနည်းတစ်မျိုးပါ။ များသောအားဖြင့် အမျိုးသမီးတွေဟာ ဒီလိုအမြင့်ခုန်ကစားနည်းမျိုးကို ကစားရမှာကြောက်ရွံ့တတ်ကြပါတယ်။ ဒါပေမယ့် ဒီမောင်နှံကတော့ အဲဒီလိုအမြင့်ခုန်တဲ့ ပလက်ဖောင်းပေါ်မှာပဲ မင်္ဂလာဆောင်ခဲ့ကြပါတယ်။ ပြီးတာနဲ့ နှစ်ယောက်လုံး ခါးမှာမျှော့ကြိုးချည်ပြီး ခုန်ချခဲ့သလို ပွဲလာပရိသတ်ကလည်း လက်ခုပ်လက်ဝါးတီး အားပေးခဲ့ကြပါသတဲ့။ စိတ်လှုပ်ရှားဖို့ အကောင်းဆုံးမင်္ဂလာပွဲတစ်ခုပါပဲ။

၅။ ကိုယ်လုံးတီးမင်္ဂလာဆောင်

5-13.jpg 

Ellie Barton နဲ့ Phil Hendicott ကတော့ မွေးရာပါကိုယ်လုံးတီးပုံုစံနဲ့ပဲ မင်္ဂလာဆောင်ဖို့ ဆုံုးဖြတ်ခဲ့ကြပါတယ်။ သူတို့ဟာ သူတို့ရဲ့မင်္ဂလာပွဲမှာ စေ့စပ်လက်စွပ်ကလွဲလို့ ဘာမှဝတ်မထားကြပါဘူး။ (သတို့သမီးကတော့ ခေါင်းပေါ်မှာ ဇာပုဝါလေးတစ်ထည် ခြုံထားတာပေါ့။) သူတို့ရဲ့မင်္ဂလာပွဲကို ဧည့်ပရိသတ် အယောက် (၂၅၀) တက်ရောက်ခဲ့ကြပြီး သူတို့ဟာ မင်္ဂလာပွဲအခမ်းအနားကို သက်တောင့်သက်တာ၊ ယုံကြည်မှုအပြည့်နဲ့ ကျင်းပခဲ့ကြပါတယ်။ ထူးထူးဆန်းဆန်းဇနီးမောင်နှံပါပဲ။

Source: youngisthan

Share

Loading Next Article...
က္က