တချို့လူတွေ အပေါင်းအသင်းမရှိဘူး၊ ဘယ်သူကမှ မပတ်သက်ချင်ဘူးဆိုတာ သူတို့ကိုယ်သူတို့ ဘာဖြစ်နေမှန်း ပြန်မဆန်းစစ်လို့ဖြစ်မယ်။ ငြီးငွေ့ စိတ်ပျက်စရာကောင်းသူတွေနဲ့တော့ ဘယ်လိုလုပ် ကြာကြာပေါင်းသင်းနိုင်မလဲနော်။ သူတို့ကိုကြည့်လိုက်ရင် ဒီအကျင့်တွေ ရှိနေတတ်ကြတယ်။
၁။ စကားပြောလို့မကောင်းဘူး
ပြောလိုက်၊ နားထောင်လိုက်၊ ဆွေးနွေးလိုက် လုပ်ရမယ့်အစား သူတို့ကပဲ ပြောချင်တာတွေပြောတယ်။ ဒါမှမဟုတ် ပြန်ဆွေးနွေး အကြံပေးတာမလုပ်ဘဲ ထိုင်နားထောင်နေတာမျိုး။
၂။ ရယ်စရာမကောင်း
ကိုယ်တိုင်ကလည်း မရယ်တတ်ဘူး၊ သူများ ရယ်လာအောင်လည်း မလုပ်နိုင်ဘူး။ တကယ်ကို ပျင်းစရာကြီးတွေ။ ဟာသလေးတွေပြောကြမှ ပျော်စရာကောင်းတဲ့ဥစ္စာကို။
၃။ ပြောစရာစကားမရှိ
တစ်ခုခုပြောဆို ဘာမှမပြောဘူး။ စကားဝိုင်းထဲမှာ ထိုင်သာထိုင်နေရတယ် စိတ်မပါသလိုပုံစံနဲ့ဆို တကယ့်ကိုငြီးငွေ့ရမှာပါ။
၄။ အမြဲတမ်း တစ်ပုံစံတည်းပဲ
တစ်ခါလာလည်း ဒါ၊ နောက်တစ်ခါလာလည်း ဒါ.... ပျင်းစရာကောင်းလိုက်တာ။ ဥပမာပြောရရင် အမြဲတမ်း စားသောက်ဆိုင်တစ်ဆိုင်တည်းမှာပဲ ပုံသေထိုင်ပြီး အစားအစာတစ်မျိုးကိုပဲ ရိုးရာမပျက် စားနေသူတွေလိုပေါ့။ ရင်ခုန်စိတ်လှုပ်ရှားစရာမကောင်းဘူးလေ။
၅။ ကိုယ်ပိုင်အမြင်
ကိုယ်ပိုင် ထင်မြင်ယူဆချက်တွေ တစ်ခုမှမရှိဘူး။ မေးလိုက်ရင်လည်း အူကြောင်ကြောင်နဲ့။
၆။ သူများအမြင်
အဆိုးဆုံးအချက်ကတော့ တစ်ဖက်သားရဲ့အမြင်ကို လက်မခံနိုင်ကြတာပါ။ သူတို့လက်ဆုပ်လက်ကိုင်ထားတဲ့အရာ၊ သူတို့ထင်တဲ့အရာကလွဲရင် တခြားလူရဲ့ ကိုယ်ပိုင်အမြင်ကို လက်မခံတတ်ကြဘူး။ နားလည်းမထောင်ပေးဘူး။ အဆိုးမြင်ဝါဒီတွေ ဖြစ်ဖို့များပါတယ်။