လွယ်တော့မလွယ်ဘူး .... စွန့်စားကြည့်ရတာပေါ့။

ခင်မင်ရင်းနှီးတဲ့အဆင့်ကနေ နောက်ထပ် ခြေတစ်လှမ်းတိုးပြီး ချစ်သူအဖြစ်နဲ့ လက်တွဲဖို့ဆို နှစ်ဖက်လုံးက အလေးအနက် စဉ်းစားဖို့ လိုပါတယ်။ ခံစားချက်တွေကလည်း ရိုးရိုးသားသား မဟုတ်တော့ဘူး။ သူ့ဘက်ကစပြီး ပြောင်းလဲလာပြီ၊ ကိုယ်ကလည်း ရင်တွေခုန်လာမိတယ်ဆိုရင်တော့ စဉ်းစားရတော့မှာပေါ့လေ။ ဘာတွေစဉ်းစားဖို့လိုသလဲ?

 

၁။ ကွဲသွားရင်ဘာဖြစ်မလဲ

ချစ်တောင်မချစ်ရသေးဘူး၊ ကွဲဖို့အရင်စဉ်းစားခိုင်းတာ ရက်စက်လိုက်တာလို့ မတွေးနဲ့နော်။ ဒါက မဖြစ်မနေတွေးရမယ့်ကိစ္စပါ။ သူငယ်ချင်းကနေ ချစ်သူဖြစ်ပြီးပေမဲ့ ချစ်သူအဖြစ်နဲ့ကွဲသွားရင် သူငယ်ချင်းဘဝကို ပြန်မရနိုင်ဘူး။

၂။ ဘယ်လောက်ထိသေချာလဲ

နှစ်ဖက်လုံးနော်။ နှစ်ယောက်လုံးက တကယ်ကို အဆင့်တက်ချင်တာ သေချာပြီလား။ တစ်ဖက်တည်းဆိုရင်တော့ ရှေ့ဆက်လို့မရဘဲ အမုန်းတွေဖြစ်သွားမယ်။ သူရောကိုယ်ပါ ချစ်သူတွေအဖြစ် အဆင့်တက်ချင်စိတ် ထက်သန်နေမှ ဖြစ်မှာပါနော်။

၃။ နောင်တရမလား

ချစ်သူတွေဖြစ်သွားပြီဆိုရင် အပြုအမူ အပြောအဆိုတွေလည်း ပြောင်းသွားမယ်။ အရင်လို လက်ချင်းချိတ်ပြီး ဓာတ်ပုံရိုက်တာကနေ ခါးလေးဖက်ပြီး ဓာတ်ပုံရိုက်တဲ့အဆင့်တွေဘာတွေ တက်လာမှာ။ အဲ့လိုအဆင့်တက်ပြီးရင် ရှက်လို့၊ စိတ်မဝင်စားတော့လို့ ပြန်နောက်ဆုတ်လိုက်တာမျိုး ဖြစ်မှာလား။

 

၄။ အရင်လူ

သူငယ်ချင်းတွေဆိုတော့ အရင်တုန်းက ရည်းစားတွေထားခဲ့၊ ပြတ်ခဲ့တာတွေလည်း အပြန်အလှန် သိနေကြပြီးသား။ အဲ့တာတွေက ဆူးညှောင့်ခလုတ်တွေ ဖြစ်နေလေမလား။ အတိတ်ကို လုံးဝဂရုမစိုက်ကြမှ ဆက်ချစ်လို့ရမှာ။ အကြောင်းသိတွေဆိုတော့ လိမ်ထားလို့လည်း မရဘူးလေ။

၅။ သူငယ်ချင်းတွေကြားမှာ ရင်ဆိုင်နိုင်မလား

လာတော့မှာ...လာတော့မှာ။ အဖွဲ့ထဲက တခြား ကျန်တဲ့သူငယ်ချင်းတွေက ဝိုင်းပြောတဲ့ဒဏ်ကို ခံရတော့မှာ။ အဲ့တာတွေရော ရင်ဆိုင်နိုင်ကြရဲ့လား။ အပြောအဆိုမခံနိုင်ရင် မချစ်နဲ့။

 

၆။ ရှေ့နည်းနည်းတိုးပြီးပြီလား

ဒါကတော့ အရေးကြီးဆုံးပဲ။ သူ့ဘက်ကရော ကိုယ့်ဘက်ကပါ သူငယ်ချင်းထက် ပိုနေပြီဆိုတာကို မသိမသာလေး ဖွင့်ဟပြခဲ့ပြီးပြီလား။ ကိုယ့်ဘက်ကအရင်စလို့ သူက ဘာမှမတုံ့ပြန်ဘူးဆိုရင် အခြေအနေကောင်းတယ်လို့ မမှတ်လိုက်ပါနဲ့။ သူငယ်ချင်းဘဝလေးကို မပျက်စီးချင်လို့သာ သူက ငြိမ်နေတာ ဖြစ်ပါလိမ့်မယ်။

Share

Loading Next Article...
က္က